အသက်မွေးဝမ်းကြောင်:မြင့်မားစေဖို့ ကျွမ်းကျင်တတ်မြောက်မှု (Skills)ကို ဘယ်လို မြှင့်တင်မလဲ

8 May 2023

ကျွမ်းကျင်မှုဘာသာရပ်အသစ်များ သင်ယူလေ့လာမှုချဲ့ထွင်ခြင်းမှာ သင့်အသက်မွေးဝမ်းကြောင်းကို ယခင်လက်ရှိ အနေအထားများမှ ပိုမိုမြင့်မားလာစေပြီး အခွင့်အလမ်းသစ်များ ရရှိစေရန်ကိုလည်း ကူညီပေးနိုင်ပါလိမ့်မည်။

▶️Data analysis and statistics

စာရင်းဇယားများနှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကိုခြုံငုံသုံးသပ်နိုင်ခြင်းသည် အဓိက အသေးစိတ် အချက် အလက်များကို စုဆောင်းပြီး ကောက်ချက်ချနိုင်ရန်နှင့် ထိုအချက်အလက်များမှတဆင့် ဖော်ပြထားသော လုပ်ငန်းဆိုင်ရာ ရှေ့အလားအလာ၊ စိန်ခေါ်ချက်များကိုပါ နားလည်သိရှိစေနိုင်ပါသည်။ လုပ်ငန်းရှင်များသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ သီးခြားစျေးကွက်အခြေနေများကို ဖော်ထုန်ပြရန်အတွက် စာရင်းဇယားများနှင့် အချက် အလက်များ ခြုံငုံးသုံးသပ်လေ့လာနိုင်သူကို ခေါ်ယူအသုံးပြုကြသည်။ အချက်လက်များခွဲခြမ်းစိတ်ဖြာခြင်းနှင့် စာရင်း ဇယားများကျွမ်းကျင်စွာ တတ်မြောက်ထားခြင်းဖြင့် သင့်အား ကျိုးကြောင်းဆီလျော်သော ကောက်ချက် များကို ရရှိစေပြီး ထိုကျွမ်းကျင်မှုများက အခြားသူများနှင့်လည်းဆက်သွယ်ပေးနိုင်သည်။ ဖော်ပြခဲ့ပြီးသော အချက်အလက်နှင့် စာရင်းဇယားများကို ကျွမ်းကျင်ပိုင်နိုင်သော အရည်အချင်းများကို အသုံးပြုနိုင်ခြင်းသည် ရှုပ်ထွေးသောပြဿနာများကို ဖြေရှင်းနိုင်စေပြီး သင့်နယ်ပယ်တွင် ယုံကြည်စိတ်ချရသော ကျွမ်းကျင်သူ တစ်ဦးအဖြစ် သည့်အတွက် သင့်ဂုဏ်သတင်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။

▶️Foreign language

စီးပွားရေးလုပ်ငန်းများသည် နည်းပညာများ၏ ပေါင်းစပ်တီထွင်နိုင်မှုအင်အားကြောင့် ဂလိုဘယ် လိုက်ဇေးရှင်း ကမ္ဘာနှင့်အဝှမ်းပေါင်းစပ်ကျယ်ပြန့်လာနိုင်ပြီး ဘာသာစကားမျိုးစုံကို ကျွမ်းကျင်ခြင်းမှာလည်း စီးပွားရေး လုပ်ငန်း တိုင်းတွင် လိုအပ်ချက်တစ်ခုဖြစ်လာနေသည်။ နိုင်ငံတကာနှင့် ပြည်တွင်းဈေးကွက်ရှိ လုပ်ငန်းရှင်များသည် နိုင်ငံခြား ဘာသာစကားဖြင့် မိတ်ဖက်လုပ်ငန်းများမှ Client များကို ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုနိုင်သည့် သူများကို ရှာဖွေလေ့ရှိကြသည်။ ဘာသာစကားကျွမ်းကျင်ခြင်းသည် ဝင်ငွေအလားအလာနှင့် အလုံးစုံသော အသက်မွေး ဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုကို ရရှိနိုင်စေပါသည်။ ဥပမာအားဖြင့် အမေရိကန်ရှိ ကုမ္ပဏီ အများစုတွင် တရုတ်၊ စပိန်နှင့် ပြင်သစ်ဘာသာ စကားကျွမ်းကျင်သော ဝန်ထမ်းများမှာ လိုအပ်ချက် အများဆုံးဖြစ်သည်။

▶️Project management

ပရောဂျက်စီမံခန့်ခွဲနိုင်မှုစွမ်းရည်များသည် ပရောဂျက်အားလုံးကို ချောမွေ့စေရန် လုပ်ငန်းစဉ်များနှင့် လမ်းညွှန် ချက်များကို ပေးနိုင်ပြီး စီမံခန့်ခွဲမှုကျွမ်းကျင်ခြင်းက ပရောဂျက်များအောင်မြင်ရေး ဖြစ်သည်။ ပရောဂျက်တစ်ခု၏ နယ်ပယ်အပြည့်အစုံကို နားလည်နိုင်ပြီး ၎င်းကို အစမှအဆုံးအထိ စီမံခန့်ခွဲနိုင် စေမည် ဖြစ်သည်။ ပရောဂျက်စီမံခန့်ခွဲမှု၊ အဖွဲ့အစည်းဆိုင်ရာနှင့် ပြဿနာဖြေရှင်းနိုင်မှု စွမ်းရည်တို့ကို ပေါင်းစပ် ခြင်းဖြင့်၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတိုးတက်မှုအတွက် ကြီးမားသော အားသာချက်များလည်းဖြစ်ပြီး ပရောဂျက်အောင်မြင် ပြီးမြောက်ရန် လိုအပ်သည့်အဆင့်များနှင့် နည်းနာများနှင့် ဦးစားပေးလုပ်ငန်းများကိုလည်း အလွယ်တကူ စီမံခန့်ခွဲ စေနိုင်ပါသည်။

▶️Public speaking

အများနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမှာ သင့်စိတ်ကူးများကို အုပ်စုတစ်ခု သို့ အဖွဲ့အစည်းတခုကို လုပ်ငန်းဆိုင်ရာ အချက်အလက်များ သို့ အခြားသော အရည်အချင်းများကို တင်ပြရာတွင် ရှင်းလင်းတိကျပြီး ဆွဲဆောင်မှုရှိသည့် ဆက်သွယ်ပြောဆိုခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဆန်သည့် အရည်အချင်းများ တိုးလာသည်နှင့်အမျှ တာဝန်ယူ ဉီးဆောင်ရသည့် လုပ်ငန်းများကို အခြားလုပ်ငန်းအဖွဲ့အစည်းများသို့ ရှင်းလင်းတင်ပြပေးရခြင်း သို့မဟုတ် လိုအပ် ပေမည်။ ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းဖြင့် သင့်ကိုယ်သင် တင်ပြရပါမည်။ လူအများနှင့် စကားပြောဆိုရာတွင် ပိုကောင်းအောင် သင်ယူခြင်းသည် မည်သည့်အသက်မွေးဝမ်းကျောင်းမှုမဆိုတွင် သင်၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

▶️Social media and digital marketing

အလုပ်အကိုင်ဈေးကွက်တွင် ယှဉ်ပြိုင်လိုပါက ဆိုရှယ်မီဒီယာနှင့် ဒစ်ဂျစ်တယ်မားကတ်တင်း စသည့် နည်းပညာ များကို စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိရှိအသုံးချတတ်ရန်လိုအပ်ပြီး၊ ဆိုရှယ်မီဒီယာကို အသုံးပြု၍ လုပ်ငန်းလုပ်ဆောင်နိုင်မှုသည် အထူးသဖြင့် ဒစ်ဂျစ်တယ်မားကတ်တင်းနှင့်ပတ်သက်၍ ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချနိုင်ခြင်းဖြစ်သည်။

▶️Speed reading

လူအများစုမှာ မှတ်တမ်းများအချက်အလက်များကို လျင်လျင်မြန်မြန်ဖြင့် စကားစုတစ်ခုစီကို ဖြည်းညှင်းစွာ စီစဥ်ရန် စကားလုံး တစ်လုံးချင်း ဆီသွားမည့်အစား ကြီးမားသောစာပိုဒ်များနှင့် အချက်အလက်များကို နားလည်နိုင်သည်။ ဤကျွမ်းကျင်မှုသည် သင့်အား ပိုမိုထိန်းသိမ်းထားခြင်းဖြင့် ပိုမိုမြန်ဆန်စွာ ဖတ်နိုင်စေပါသည်။ အရှိန်အဟုန်ဖြင့် စာဖတ်နိုင်ခြင်းကြောင့် သင်၏အချိန်ဇယားကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ပိုမိုအကျိုးရှိစေပါသည်။