သင်ဝင်ရောက်မည့် လုပ်ငန်းခွင်နှင့် ကိုက်ညီမှုရှိမရှိ ဘယ်လိုသိနိုင်မလဲ။

15 May 2023


သင်နှစ်သက်မယ့် အသက်မွေးဝမ်းကြောင်းတစ်ခုကို ရှာဖွေနေတဲ့အခါ သေချာဂရုစိုက်ဖို့ အဓိက အစိတ်အပိုင်းနှစ်ခုရှိပါတယ်။
အဲ့တာကတော့

သင်လုပ်ရမယ့် တကယ့်အလုပ်တာဝန်ရယ်

သင်နှင့်အလုပ်လုပ်သောအလုပ်ရှင်ရယ် ဖြစ်ပါတယ်။

တခါတရံမှာ တခုအဆင်ပြေပေမယ့်၊ တခြားတခုက အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်.
ဒါဆို အလုပ်တခုက သင်ဲ့တကယ်လိုက်ဖက်မှုရှိမရှိ ဘယ်လိုသိနိုင်မလဲ။ ဒါလေးတွေဖတ်ကြည့်ပါ။
အလုပ်ခွင်ကိုက်ညီမှုရှိစေရန် နည်းလမ်း ၅ ခု
လုပ်ငန်းခွင်တခုကို ပြောင်းတော့မယ်ဆို သင်နဲ့ကိုက်ညီမှုရှိမရှိ ဒီအချက်တွေကို အဓိကထားစဥ်းစားသင့်ပါတယ်။

၁။ သင်လုပ်ရမည့် အလုပ်ကို သိပါစေ။

၎င်းသည် သင်လျှောက်ထားသည့် အခန်းကဏ္ဍကို နားလည်ထားရန်လိုအပ်ပါသည်။ သင်၏ မျှော်လင့်ချက်များ၊ အလုပ်တာဝန်များနှင့် အလုပ်ရှင်ဘက်မှရှာဖွေနေသည့် အချက်များ အလုံးစုံကိုက်ညီပါက အကောင်းဆုံးဖြစ်ပါသည်။ ထိုအချက်သည် သင်လုပ်ရမည့် အလုပ်သည် သင်လျှောက်ထားသည့် အလုပ်ဖြစ်ရန်လိုအပ်ပြီး မည်သူမျှမလုပ်ချင်သည့် အလုပ်များသင့်ထံ‌ မရောက်လာစေရန်ဆိုလိုခြင်းဖြစ်ပါသည်။

၂။ ထွက်သွားသည့် ဝန်ထမ်းများ၏ အသံကို နားထောင်ပါ။

Online ပလပ်ဖောင်းများသည် ဝန်ထမ်းဟောင်းများအား မတူညီသော ကုမ္ပဏီများနှင့် ၎င်းတို့၏ ဌာနအသီးသီးအကြောင်း သုံးသပ်ချက်များအား အဆင့်သတ်မှတ်ပြီး ချန်ထားခဲ့နိုင်စေပါသည်။ ကုမ္ပဏီတစ်ခုအတွက် လက်တွေ့ဆန်တဲ့ review တွေကို ဒီလို ပလက်ဖောင်းတွေကနေရှာဖွေကြည့်ပါ။
ကုမ္ပဏီသည် သင်နှင့်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးသောအခါ၊ ဤသုံးသပ်ချက်များကို ထည့်သွင်းစဉ်းစားရန် အထောက်အကူဖြစ်နိုင်သည်။

၃။ ကုမ္ပဏီဘက်ကို မေးပါ။

ဝန်ထမ်းအသစ်တစ်ယောက်အနေနဲ့ စစချင်းမှာ သင်ယူမှုအခွင့်အလမ်းတွေကို ဘယ်လိုစီစဥ်ပေးထားလဲ သိဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ အင်တာဗျူးအချိန်တွင် ကုမ္ပဏီဘက်မှ စီစဥ်ထားသည့် သင်ယူမှုအခွင့်အလမ်းများ၊ သင်လုပ်ရမည့်ဌာန၏ အနေအထား၊ အတူလုပ်ရမည့်သူများ၏ တာဝန်များစသည်တို့ကို သေချာမေးမြန်းထားရန်လိုအပ်ပါသည်။

၄။ လျှောက်ထားခြင်းမှသည် အင်တာဗျူးအဆင့်အထိ စနစ်တကျရှိခြင်း

လျှောက်ထားခြင်းမှသည် အင်တာဗျူးအဆင့်အထိ စနစ်တကျရှိခြင်းကို ခံစားမိပါသလား။ သင့်လျော်သော အင်တာဗျူးအချိန်နှင့် ရက်စွဲကို သဘောတူခြင်းနှင့်ပတ်သက်၍ နားလည်မှုနှင့် လိုက်လျောညီထွေရှိမှုရှိပြီး ပြင်ဆင်ရန် အချိန်များစွာပေးထားပါသလား။ ကုမ္ပဏီနှင့် ဝန်ထမ်းများနှင့် အမျိုးမျိုးသော ဆက်ဆံရေးအားလုံးသည် ဖော်ရွေပြီး နွေးထွေးမှုရှိပါသလား စသည်တို့ကို ဂရုတစိုက်လေ့လာဖို့လိုအပ်ပါတယ်။

၅။ လုပ်ငန်းခွင်ပျော်ရွှင်မှု

တန်ဖိုးထားမှုနှင့် လေးစားမှုကို ခံစားမိပါသလား။ လျှောက်ထားခြင်းမှသည် အင်တာဗျူးအဆင့်အထိ တောက်လျှောက် သင်နှင့်ကိုက်ညီသော အလေးထားမှုကို ခံစားခဲ့ရပါသလား။ ထိုသို့သော လုပ်ငန်းခွင်မျိုးဖြစ်ပါက အခုတကြိမ် အလုပ်မရခဲ့ရင်တောင် နောက်တကြိမ် အခွင့်အလမ်းတွေပေါ်လာတိုင်း ဆက်ကြိုးစားသင့်ပါတယ်။