သင်ကိုယ်တိုင် အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတစ်ခု တည်ဆောက်ဖို့အတွက် အချက် ၇ ချက်

22 May 2023

1. သင့်ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် စတင်ပါ။

သင့်ဖြစ်တည်မှုအတွက် ရည်ရွယ်ချက်တစ်ခုရှိဖို့လိုပါတယ်။ ထိုရည်ရွယ်ချက်ကို ကျွန်ုပ်တို့ရှာဖွေပြီး မလိုက်မချင်း၊ ဘဝသည် အဆုံးမဲ့ရုန်းကန်မှုများနှင့် အောင်မြင်မှုမရှိမှုများ အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ သင့်ရည်ရွယ်ချက်ကိုရှာဖွေရာတွင် အောက်ပါမေးခွန်းများအတွက် အဖြေများကို သင်ရှာဖွေရပါမည်။ ဝါသနာ၊ ကျွမ်းကျင်မှုနဲ့ ပျော်ရွှင်မှု၊ ပြည့်စုံမှုတွေကနေ ကိုယ်ပိုင်ရည်ရွယ်ချက်တခုရှိမှသာလျှင် တကယ်အကျိုးရှိတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကို စတင်နိုင်မှာပါ။

2. အနာဂတ်အတွက် ရှင်းလင်းသောအမြင်ရှိပါ။

သင့်အနာဂတ်ကို ကြိုတင်ခန့်မှန်းရန် အကောင်းဆုံးနည်းလမ်းမှာ အနာဂတ်ကို ဖန်တီးရန်ဖြစ်သည်။ ၁၀နှစ်၊ ၁၅နှစ် နှစ်၂၀ အတွင်း အနာဂတ်ကို ပုံဖော်ထားရှိပါ။ သင့်အနာဂတ်ကို ရှင်းလင်းပြတ်သားစွာပုံဖော်ထားခြင်းက သင့်ဘဝကို ပိုမိုဦးတည်လာစေပြီး သင့်ရည်ရွယ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုတည်ဆောက်ခြင်းသို့ လျှောက်လှမ်းနိုင်ရန်ကူညီပေးနိုင်မည်ဖြစ်ပါသည်။

3. Career ပန်းတိုင်များ သတ်မှတ်ပါ။

ပန်းတိုင်များသည် သင်၏အမြင်ကို လက်တွေ့အဖြစ်သို့ ပြောင်းလဲပေးသော ယာဉ်ဖြစ်သည်ဟု မှတ်ယူထားပါ။ SMART ဖြစ်သော ပန်းတိုင်တွေကို သတ်မှတ်ပြီး အဲဒီအဆင့်တွေကို အကောင်အထည်ဖော်ဖို့ စဥ်းစားထားပါ။

4. ကျွမ်းကျင်မှု၊ အသိပညာ၊ အတွေးအမြင်နှင့် အရည်အချင်းကို မြှင့်တင်ပါ

လုပ်ငန်းခွင်အောင်မြင်မှု ၇ ချက်ဖြစ်သည့် စီမံကိန်း၊ စည်းရုံးခြင်း၊ ဝန်ထမ်းခန့်အပ်ခြင်း၊ လွှဲအပ်ခြင်း၊ ကြီးကြပ်ခြင်း၊ တိုင်းတာခြင်းနှင့် အစီရင်ခံခြင်း စသည်တို့တွင် အမြဲလေ့လာလျက် ထိုအရည်အချင်းများကို အမြဲမြှင့်တင်ပါ။ သင့်အသက်မွေးဝမ်းကြောင်း၏ ရွေးချယ်ထားသောနယ်ပယ်တွင် အောင်မြင်သူများကိုမေးမြန်းခြင်းဖြင့် ထိုသို့သော လေ့လာမှုများကို ဆောင်ရွက်နိုင်ပါသည်။ လေ့ကျင့်မှုသင်တန်းများ၊ စာဖတ်ခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်း၊ လမ်းညွှန်ပေးခြင်းစသည်တို့မှ ထိုအရည်အချင်းများကို သင်ယူနိုင်မည်ဖြစ်ပါသည်။

5. ကိုယ့်ရှေ့ရောက်နေသူများထံမှ သင်ယူပါ။

သင့်ရှေ့ရောက်နေသူများထံမှ သင်ယူနိုင်လျှင် သင့်အား အချိန်များစွာ သက်သာစေမည်ဖြစ်သည်။ သင့်အား ငွေကုန်ကြေးကျများသော အမှားများကို ကာကွယ်ရန် ထိုသူများသည် သင့်အား ကူညီပေးပြီး လျင်မြန်စွာတိုးတက်မှုရှိလာစေရန် ကူညီပေးပါသည်။ ထိုသူများ၏ အတွေ့အကြုံမှ သင်ယူခြင်းသည် သင့်အား ခွန်အားဖြစ်စေပြီး သင့်အား အချိန်နှင့် အရင်းအမြစ်များစွာကို သက်သာစေမည်ဖြစ်သည်။ သင့်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွင် သင့်အား ပံ့ပိုးပေးမည့် ထိုသို့သောပုဂ္ဂိုလ်များကို ရှာဖွေရန် ကြိုးစားပါ။ စိတ်ဝင်စားဖို့ကောင်းတာက အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်ဖူးတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အတွေ့အကြုံတွေကို နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းဖို့ အခွင့်အလမ်းတွေကို ရှာဖွေနေကြတာပါ။

6. Professional ဆက်ဆံရေးကွန်ရက်များ တည်ဆောက်ပါ။

မည်မျှပင် ဉာဏ်ရည်ထက်မြက်သည်ဖြစ်စေ ပံ့ပိုးကူညီမှုနှင့် အကူအညီမပါဘဲ သင့်အိက်မက်များကို ဘယ်တော့မှ အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ လုပ်ငန်းတူမိတ်ဆွေများနှင့် ချိတ်ဆက်ရန် ကြိုးစားခြင်းသည် သင်၏ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းအတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ သင့်အနာဂတ်ခရီးလမ်းများ အဆင်ပြေချောမွေ့စေရန် ကူညီပေးနိုင်သော ပံ့ပိုးမှု၊ အကူအညီ၊ အကြံဥာဏ်များ လိုအပ်ပါသည်။ ထိုကွန်ရက်ကို တည်ဆောက်ခြင်းနှင့် ကြီးထွားလာခြင်းသည် သင့်အား သင်ကိုယ်တိုင် မကြုံဖူးသည့် အခွင့်အလမ်းများစွာကို ဖွင့်ပေးမည်ဖြစ်သည်။

7. အသက်မွေးဝမ်းကြောင်း လမ်းကြောင်းနှင့် သက်ဆိုင်သည့် အရာတိုင်းကို စဥ်ဆက်မပြတ်လေ့လာပါ။

အသက်မွေးဝမ်းကြောင်းအလုပ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တိုင်းကို အမြဲရှာဖွေနေပါ။ ပြည်တွင်းပြည်ပရှိ သင့်လုပ်ငန်းနယ်ပယ်တွင် အအောင်မြင်ဆုံးပုဂ္ဂိုလ်များကို လေ့လာပါ။ ၎င်းတို့ကို အောင်မြင်စေသည့်အရာကို ရှာဖွေပြီး သင့်ဘဝအတွက် သင်ခန်းစာများကို အသုံးချပါ။ သင့်လုပ်ငန်း၏ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းများကို ရှာဖွေပါ။ သင့်နယ်ပယ်ရှိ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြောင်း အချက်အလက်များကို ရယူပါ။ သင့်နယ်ပယ်နှင့် ပတ်သက်၍ အသိပညာရှိခြင်းသည် ပြိုင်ဘက်များထက် ခေါင်းတလုံးသာစေပါလိမ့်မည်။