အလုပ်ခွင်စိတ်ဖိစီးမှုများ

24 May 2023


အလုပ်တစ်ခုခု လုပ်ဖူးသူတိုင်းဟာ တစ်ချိန်ချိန်မှာ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေရဲ့ ဖိအားကို ခံစားဖူးကြမှာပါ။ အကယ်၍သင်ဟာ သင့်အလုပ်ကို နှစ်သက်တယ်ဆိုရင်တောင် စိတ်ဖိစီးမှုတွေ ရှိနိုင်ပါတယ်။ ဥပမာ- အချိန်တိုအတွင်း သင်သည် နောက်ဆုံးသတ်မှတ်ရက်ကို ပြည့်မီရန် သို့မဟုတ် စိန်ခေါ်မှုတစ်ရပ်ရပ်ကို ဖြည့်ဆည်းရန်လိုအပ်ပါက သင်သည်ဖိအားများကို ကြုံတွေ့ရနိုင်သည်။ ဒီလိုနဲ့အလုပ်က စိတ်ဖိစီးမှုတွေ နာတာရှည်ဖြစ်လာတဲ့အခါ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကံမကောင်းစွာဖြင့်၊ ထိုသို့သော ရေရှည်စိတ်ဖိစီးမှုသည် လူအများတွင် အဖြစ်များကြပါတယ်။ တကယ်တော့၊ အလုပ်မှာ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို အမြဲရှောင်လို့ မရပါဘူး။
အလုပ်ဖိစီးမှု၏အဖြစ်များသောအရင်းအမြစ်များ
အချို့သော လုပ်ငန်းခွင်တွင် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ဖိစီးမှုများ၏ အကြောင်းအရင်းများမှာ-
၁။ လစာနည်းပါးခြင်း
၂။ အလုပ်များလွန်ကဲခြင်း
၃။ တိုးတက်မှုအတွက် အခွင့်အလမ်းအနည်းပါးခြင်း
၄။ အလုပ်ခွင်အတွင်း မိမိအတွက် စိန်ခေါ်မှုမရှိခြင်း
၅။ လူမှုရေး ပံ့ပိုးကူညီမှု မရှိခြင်း
၆။ အလုပ်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်များအပေါ် မိမိအနေနှင့် သက်ရောက်မှုမရှိခြင်း
၇။ တောင်းဆိုချက်များအား လိုက်လျောမှု မရှိခြင်း
၈။ မိမိအားထုတ်မှုများအား အသိအမှတ်ပြုပေးမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။
သို့သော် အလုပ်နှင့်ပတ်သက်သော စိတ်ဖိစီးမှုများကို စီမံခန့်ခွဲရန် အဆင့်များကို သင်လုပ်ဆောင်နိုင်သည်။

သင်၏ စိတ်ဖိစီးမှုများကို ခြေရာခံပါ။

ဘယ်အခြေအနေတွေက စိတ်ဖိစီးမှုအများဆုံးဖြစ်စေသလဲ ဆိုတာကို ဖော်ထုတ်ဖို့ ဂျာနယ်တစ်စောင်ကို တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကြာ သိမ်းထားပါ။ သင့်အတွေးများ၊ ခံစားချက်များနှင့် ပတ်သက်နေသော လူများနှင့် အခြေအနေများ၊ ရုပ်ပိုင်းဆိုင်ရာ အပြုအမှုများနှင့် သင်တုံ့ပြန်ပုံများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ထားပါ။ မှတ်စုများမှတ်သားခြင်းသည် သင်၏စိတ်ဖိစီးမှုများကြားတွင် ပုံစံများနှင့် ၎င်းတို့အပေါ် သင့်တုံ့ပြန်မှုများကို ရှာဖွေရန် ကူညီပေးနိုင်သည်။

ကျန်းမာသောတုံ့ပြန်မှုများကို မွေးမြူပါ။

အစားအလွန်စားခြင်း သို့မဟုတ် အရက်သောက်ခြင်းဖြင့် စိတ်ဖိစီးမှုကို တိုက်ဖျက်မည့်အစား တင်းမာမှုကို ခံစားရချိန်တွင် ကျန်းမာသောရွေးချယ်မှုများပြုလုပ်ရန် ရွေးချယ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ယောဂသည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်သော်လည်း မည်သည့်ကိုယ်လက်လှုပ်ရှားမှုမဆို သင့်အတွက်အကျိုးကျေးဇူးရရှိစေပါသည်။

နယ်နမိတ်များ ထူထောင်ပါ။

ယနေ့ခေတ် ဒစ်ဂျစ်တယ်လောကတွင်၊ တစ်နေ့လျှင် ၂၄ နာရီ ဖိအားများရရှိခံစားဖို့ လွယ်ပါသည်။ သင်ကိုယ်တိုင်အတွက် အလုပ်နှင့် ကိုယ်ပိုင်အချိန်များကြားတွင် နယ်နိမိတ်အချို့ချမှတ်ပါ။ ဆိုလိုသည်မှာ ညနေပိုင်းတွင် အိမ်မှ အီးမေးလ်မစစ်ဆေးရန် သို့မဟုတ် ညအချိန်တွင် အလုပ်များအားပစ်ထားပြီး မိမိကိုယ့်ကို အပြည့်အဝအနားယူရန် စည်းကမ်းချက်များချမှတ်ထားပါ။ လူတို့သည် ၎င်းတို့၏ အလုပ်နှင့် အိမ်ဘဝ ရောစပ်လိုက်သောအခါတွင် ကွဲပြားသော ဦးစားပေးမှုများ ရှိသော်လည်း ဤနယ်ပယ်များကြားတွင် ရှင်းလင်းသော နယ်နိမိတ်အချို့ကို ဖန်တီးခြင်းဖြင့် အလုပ်နှင့်ဘဝ ပဋိပက္ခများနှင့် ၎င်းနှင့်ဆက်စပ်နေသော ဖိစီးမှုများကို လျှော့ချနိုင်ပါသည်။

အားပြန်သွင်းဖို့ အချိန်ယူပါ။

နာတာရှည်စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှု၏ဆိုးကျိုးများကို ရှောင်ရှားရန်၊ ကျွန်ုပ်တို့အနေနဲ့ တခြားအလုပ်တစ်ခုအစခင် ပြန်လည်အားဖြည့်ရန် အချိန်လိုအပ်ပါသည်။ ဤပြန်လည်အားဖြည့်ခြင်းလုပ်ငန်းစဉ်တွင် အလုပ်နှင့်ပတ်သက်သည့်လုပ်ဆောင်မှုများတွင်မပါဝင်ဘဲ အချိန်အတိုင်းအတာတစ်ခုထိ အလုပ်များအား ပိတ်ထားရန် လိုအပ်ပါသည်။ သင့်ရဲ့ အားလပ်ရက်တွေကို အလဟသ မဖြစ်ပါစေနဲ့။ ဖြစ်နိုင်ရင် အနားယူ အပန်းဖြေဖို့ အချိန်ယူပါ၊ ဒါမှ သင်ဟာ ပြန်လည်သန်စွမ်းလာပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရမှ သင့်အလုပ်အားပြန်လည်စတင်ပါ။ သင် အားလပ်ချိန် မပေးနိုင်သည့်အခါ သင့်စမတ်ဖုန်းကို ပိတ်ကာ အလုပ်မဟုတ်သော လှုပ်ရှားမှုများကို ခဏတာ အာရုံစိုက်ခြင်းဖြင့် အရှိန်မြှင့်လိုက်ပါ။
သင့်အနေနှင့် အလုပ်ဖိစီးမှုဒဏ်ကို ဆက်လက်ခံစားရပါက စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များကို ပြောင်းလဲပေးနိုင်သော စိတ်ပညာရှင်တစ်ဦးနှင့် ဆွေးနွေးရန်လိုပေမည်။ သင်၏ကျန်မားရေးသည် သင့်အလုပ်များထက် များစွာအရေးကြီးပါတယ်။