#3 ဒီနေ့ဘယ်သူအလုပ်မလုပ်ချင်ကြတာလဲ?
20 January 2021

ကျွန်ုပ်တို့အားလုံးသည်တစ်ခါတစ်ရံ Partners များနဲ့ စကားများရန်ဖြစ်ခြင်း၊ မတော်တဆအပျက်သဘောဆောင်သောအရာကဲ့သို့ ပြဿနာများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုပြဿနာတွေရင်ဆိုင်ရတဲ့အခါ နောက်တစ်နေ့မှာအလုပ်မသွားချင်တာ၊ အလုပ်မလုပ်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီအရာမျိုးဟာ ကျွန်တော်တို့အားလုံးဘဝမှာ တစ်ခါတစ်ရံကြုံတွေ့ရတတ်တဲ့အရာမျိုးတွေဖြစ်ပါတယ်။ အဲ့လိုအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ပြီး အလုပ်ကိုလန်းလန်းဆန်းဆန်းဘယ်လိုပြန်လုပ်မလဲ? တနင်္လာနေ့ကနေဗုဒ္ဓဟူးနေ့ထိ သုံးရက်အတွင်းမှာ ဒီလိုပြဿနာတွေကိုဘယ်လိုကျော်ဖြတ်ရမယ်ဆိုတဲ့ အကြံပြုချက် ၅ ချက်ကိုကျွန်ုပ်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

(4) လုပ်ဖော်ကိုင်ဖက်များနှင့်ဆက်သွယ်ခြင်း
သီးသန့်နေထိုင်ခြင်းဟာပိုမိုမြင့်မားတဲ့စိတ်ဖိစီးမှုကိုဖြစ်စေပြီး လုပ်ငန်းစွမ်းဆောင်ရည်ကိုလျော့ကျစေပါတယ်။ ဒါကြောင့် ကျွန်ုပ်တိုြဟာ ကျွန်ုပ်တို့ရဲ့ Weak Points တွေကို ဖော်ထုတ်ပြဖို့ကိုမတွန့်ဆုတ်သင့်ပါဘူး။ သင်စိတ်လှုပ်ရှားနေတယ်ဆိုရင် သင့်ရဲ့ယုံကြည်ရတဲ့မိတ်ဆွေတွေ၊ co-workers တွေနဲ့ စကားပြောကြည့်ခြင်းက သင့်ကိုပိုပြီးစိတ်သက်သာစေပါတယ်။ သူတို့ဟာ သင့်ကိုစာနာထောက်ထားပြီး အားပေးကူညီနိုင်ပါလိမ့်မယ်။

(5) အဆိုးမြင်တတ်တဲ့ခံစားချက်တွေကိုမကြောက်ပါနဲ့
အပျက်သဘောခံစားချက်တွေဟာလည်းကျွန်ုပ်တို့အတွက်လည်းအရေးကြီးပါတယ်။ ဒါကြောင့်ကျွန်ုပ်တို့ရဲ့စိတ်လှုပ်ရှားရတဲ့ခံစားချက်တွေကြောင့် ကျွန်ုပ်တို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းသွားမှာကိုမစိုးရိမ်ပါနဲ့။ ပထမအနေနဲ့ အဆိုးမြင်တတ်တဲ့ခံစားချက်တွေအပါအဝင် ကျွန်ုပ်တို့ရဲ့ခံစားချက်အားလုံးကိုနားလည်အောင်လုပ်ကြည့်ပါ။ အပျက်သဘောဆောင်တဲ့ကိစ္စတွေကိုကြုံတွေ့ရတဲ့အခါ ဘယ်လိုကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေကို အတွေ့အကြုံတွေကနေတစ်ဆင့်သင်ယူသွားနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ကျွန်ုပ်တို့ဘဝမှာအခက်အခဲတွေကိုကြုံတွေ့လာရတဲ့အခါဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းတွေကို ပြောပြပြီးသွားပြီဖြစ်ပါတယ်။ ဒီအချက်တွေထဲကမှ သင်ဘယ်အချက်တွေကိုပြုလုပ်လေ့ရှိတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရခဲ့တယ်ဆိုတာတွေကို မျှဝေပေးသွားပါဦးနော်…