ဒီစီးရီးမှာပါတဲ့အကြောင်းအရာတွေဟာ စီးပွားရေးသမားတစ်ဦးအနေနဲ့လုပ်ကိုင်ရန်တိကျသောချဉ်းကပ်မှုကိုမိတ်ဆက်ပေးပါတယ်။ ချဉ်းကပ်မှုတိုင်းသည်အလွန်ရိုးရှင်းပြီးအခြေခံကျတဲ့အတွက်ဒီနေ့ကစပြီး သင်လက်တွေ့ကျင့်သုံးနိုင်ပါတယ်။
သင်အလုပ်လုပ်တာမြန်လေလေ သင်ရရှိရန်အခွင့်အလမ်းများလေလေဖြစ်ပါတယ်။ သင်ဟာ အခြားလူငယ်စီးပွားရေးသမားများနဲ့ နှိုင်းယှဉ်လျှင် များစွာဖွံ့ဖြိုးတိုးတက်လာပြီး သင်ကိုယ်တိုင်အတွက်အောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်။
ဒါဆိုရင်အောက်မှာပါတဲ့အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်နော်…
[သင့်ရဲ့အလုပ်နဲလုံးဝမပတ်သက်သောသူများနဲ့အတူနေ့လည်စာစားပါ]
သင်ဘယ်သူနဲ့အတူနေ့လည်စာစားလေ့ရှိသလဲ? ကျွန်တော်အပါအဝင် တခြားစီးပွားရေးသမားတော်တော်များများက ကိုယ့်ရဲ့ Team Members တွေနဲ့ပဲ နေ့လည်စာစားလေ့ရှိကြတယ်လို့ထင်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ဟာနေ့လည်စာစားချိန်မှာစိတ်အေးလက်အေးနားချင်ပေမယ့် ကိုယ့်ရဲ့ Career Development အတွက် သင်နဲ့အတူရှိနေကြမဟုတ်တဲ့ Members တွေနဲ့နေ့လည်စာစားခြင်းကသင့်ကိုစိတ်အားထက်သန်ဖို့လှုံ့ဆော်စေပါလိမ့်မယ်။ သူတို့ဘာတွေကြုံခဲ့ရသလဲဆိုတာကို နေ့လည်စာစားချိန်မှာစကားပြောဆိုပြီးသင်လေ့လာနိုင်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ Boss နဲ့ Supervisor တွေက သင်နဲ့နေ့လည်စာအတူတူစားဖို့ ဖိတ်ခေါ်ခြင်းကိုလိုချင်ကြပါတယ်။
[သင့်တော်တဲ့ဝတ်စုံကိုရွေးချယ်ပါ]
သင်ဝတ်စုံတွေနဲ့ပတ်သက်ပြီးဂရုစိုက်လေ့ရှိသလား? ဒါဆိုရင် သင်ဝတ်စုံဝယ်ဖို့ဘယ်လိုရွေးလေ့ရှိသလဲ?လူတစ်ယောက်နဲ့ Date ဖို့သွားတာမဟုတ်တဲ့အတွက် အလုပ်မှာအရမ်း Fashion ကျတဲ့အဝတ်အစားတွေဝတ်စရာမလိုပါဘူး။ ဒါပေမယ့်သင်နဲ့မလိုက်ဖက် မသင့်တော်တဲ့ဝတ်စုံကိုဝတ်ဆင်လာတာဟာ သင့်ရဲ့ First Impression ကို ကျစေပါတယ်။ နည်းနည်းဈေးကြီးပေးရရင်တောင် သင်နဲ့သင့်တော်တဲ့ဝတ်စုံကိုဝတ်ဆင်တာက သင့်ကိုပိုပြီးကြည့်ကောင်းစေမှာပါ။
[သင့်ရဲ့ထင်မြင်ချက်တွေကိုထုတ်ပြောဖို့ဝန်မလေးပါနဲ့]
“စိတ်မရှိပါနဲ့၊ ကျွန်တော်ပြောတာလေးတစ်ချက်နားထောင်ပေးလို့ရမလား?” ဆိုတာမျိုးပြောပြီ စသင့်ပါတယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ရဲ့ Supervisor တွေနဲ့ စီနီယာဝန်ထမ်းတွေနဲ့ဆွေးနွေးထားတဲ့အရာတွေကိုနားလည်မှုလွဲတတ်ပါတယ်။ ဒါကြောင့် Meeting တစ်ခုမှာ ကျွန်ုပ်တို့ရဲ့ထင်မြင်ချက်တွေကြိ ပြသရပါမယ်။ စစချင်းမှာပေးထားတဲ့ စကားပုံစံမျိုးနဲ့ကျွန်တော်တို့ရဲ့ထင်မြင်မှုကိုပြောဖို့အစပျိုးရပါမယ်။
သို့သော်လည်းသင့်ရဲ့ထင်မြင်ယူဆချက်တွေကိုပဲမှန်တယ်လို့တွေးမထားပါနဲ့။ သင့်ယူဆချက်တွေကမှားနေခဲ့ပြီး တခြားသူတွေကို သင့်ရဲ့ယူဆချက်အမှားတွေကိုထောက်ခံခိုင်းနေသလိုဖြစ်လာတဲ့အခါ သင့်ဂုဏ်သတင်း ဒါမှမဟုတ် တခြားသူတွေရဲ့ သင့်အပေါ်မှာရှိတဲ့အကဲဖြတ်မှုတွေ ဆိုးလာနိုင်ပါတယ်။ ငယ်ရွယ်မှုဟာအရမ်းအင်အားကြီးပါတယ် သို့သော်လည်း သင့်ကိုယ်သင် ယုံကြည်မှုလွန်ကဲနေလို့တော့မဖြစ်ပါဘူး။
Reference: 『入社1年目の教科書』(Textbook for freshman)
(Japanese Edition Practical Book, Amazon Link: https://www.amazon.co.jp/o/ASIN/4478015422/diamondinc-22/ )