#5 စီးပွားရေးသမားတစ်ယောက်အနေဖြင့်အလုပ်လုပ်ကိုင်ရန်ချဉ်းကပ်မှု
21 January 2021
ဒီစီးရီးမှာပါတဲ့အကြောင်းအရာတွေဟာ စီးပွားရေးသမားတစ်ဦးအနေနဲ့လုပ်ကိုင်ရန်တိကျသောချဉ်းကပ်မှုကိုမိတ်ဆက်ပေးပါတယ်။ ချဉ်းကပ်မှုတိုင်းသည်အလွန်ရိုးရှင်းပြီးအခြေခံကျတဲ့အတွက်ဒီနေ့ကစပြီး သင်လက်တွေ့ကျင့်သုံးနိုင်ပါတယ်။
သင်အလုပ်လုပ်တာမြန်လေလေ သင်ရရှိရန်အခွင့်အလမ်းများလေလေဖြစ်ပါတယ်။ သင်ဟာ အခြားလူငယ်စီးပွားရေးသမားများနဲ့ နှိုင်းယှဉ်လျှင် များစွာဖွံ့ဖြိုးတိုးတက်လာပြီး သင်ကိုယ်တိုင်အတွက်အောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်။
ဒါဆိုရင်အောက်မှာပါတဲ့အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်နော်…

[သင်နဲ့တခြားသူကြားမှာရှိတဲ့ဆက်ဆံရေးကိုလွဲမှာမဆုံးဖြတ်ပါနဲ့]
တခြားသူတွေကိုဆက်ဆံတဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံမှုက ကျွန်ုပ်တို့ရဲ့ First Impression ကိုလွှမ်းမိုးပါတယ်။ အထူးသဖြင့် လူငယ်တွေဟာတခြားသူတွေနဲ့နီးကပ်အောင်ကြိုးစားခြင်းဖြစ်နိုင်ပေမယ့်အဲ့ဒါဟာ သူတို့ရဲ့ ဂုဏ်သတင်းကိုကျစေပါတယ်။ ကျွန်ုပ်တို့ဟာ တစ်စုံတစ်ဦးနဲ့အဆင်ပြေနီးစပ်သွားပြီဆိုရင်တောင် ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကိုအနှောက်အယှက်မဖြစ်စေရန် အကွာအဝေးတစ်ခုတော့ထားသင့်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ့်ထက်ကြီးသူတွေကို လေးလေးစားစားဆက်ဆံသင့်ပါတယ်။

[သင့်ရဲ့အထက်လူကြီးတွေကိုလေးစားပါ]
ခုဏကပြောသွားခဲ့တဲ့ခေါင်းစဉ်လိုပဲ သင့်ရဲ့အထက်လူကြီးတွေကိုလေးလေးစားစားဆက်ဆံသင့်ပါတယ်။ သူတို့ဟာ သင့်ထက်အတွေ့အကြုံအများကြီးရှိတဲ့အတွက် သူတို့ဆီကနေပြန်ပြီးသင်ယူလို့ရနိုင်ပါတယ်။ သင်သူတို့ဆီက သင်ယူလေ့လာဖို့မကြိုးစာကြည့်ရသေးရင်တော့ သင့်စိတ်ကိုပြောင်းလဲပြီးတော့ သင့်အထက်လူကြီးတွေကိုလေးလေးစားစားဆက်ဆံပြီး သူတို့ဆီက သင်ယူလေ့လာဖို့တစ်ခုခုကိုရှာဖွေကြည့်ပါ။

[သင့်ခံစားချက်တွေကိုထုတ်ဖော်ပြောဆိုရန်ဝန်မလေးပါနဲ့]
ကျွန်ုပ်တို့ဟာဘယ်လောက်ပဲအသက်ကြီးလာပါစေ၊ တခြားသူတွေဆီက ချီးမွမ်းခံချင်ကြပါတယ်။ ဒီအရာဟာ သင့်အထက်လူကြီးတွေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ သင်သူတို့ဆီက တစ်ခုခုကိုသင်ယူလိုက်ရတယ်ဆိုရင် သူတို့ကိုပြောပြသင့်ပါတယ်။ သင့်သူတို့ကို အသိအမှတ်ပြုတဲ့သင့်ရဲ့တိကျတဲ့စကားလုံးတွေက သူတို့ကိုပျော်ရွှင်စေပါလိမ့်မယ်။ ဒါကြောင့် သင်သူတို့ကိုလေးစားတယ်၊ ကျေးဇူးတင်တယ်ဆိုတာတွေကို ဖုံးကွယ်မထားပဲပြောပြသင့်ပါတယ်။

[သင်ရဲ့အထက်လူကြီးများအားလှိုက်လှိုက်လှဲလှဲတုံ့ပြန်ပါ]
သင်ရဲ့အထက်လူကြီးကို Feedback ဒါမှမဟုတ် အကြံဥာဏ်တစ်ခုခုပေးဖူးပါသလား? ဒါဟာ သင့်အတွက်ကြောက်စရာကောင်းပုံရပေမယ့်လည်း သူတို့အတွက်တော့ အဖိုးတန်ပါတယ်။ သူတို့ရာထူးတိုးသွားတာနဲ့အမျှ တဖြားသူတွေဆီက Feedback ရတာနည်းလာပါတယ်။ သူတို့ကိုယ်တိုင်ဟာလည်းပြီးပြည့်စုံနေတာမဟုတ်တဲ့အတွက် သင့်ရဲ့ Feedback ဒါမှမဟုတ် အကြံပေးချက်လေးတစ်ခုက သူတို့ကိုပိုပြီးတိုးတက်စေပါတယ်။ “Great boss is made by great subordinate” (ကောင်းမွန်တဲ့သူဌေးကို လက်အောက်ကယ်သားများကဖန်တီးသည်) ဆိုတဲ့စကားကိုစွဲမြဲစွာမှတ်သားထားပါ။
Reference: 『入社1年目の教科書』(Textbook for freshman)
(Japanese Edition Practical Book, Amazon Link: https://www.amazon.co.jp/o/ASIN/4478015422/diamondinc-22/ )