COVID-19 အခြေအနေအတွင်း အောင်မြင်တဲ့ Career ရရှိအောင်ဘယ်လိုလုပ်မလဲ? #1 ပုံမှန်လုပ်နေကြမဟုတ်တဲ့ရွေးချယ်မှုတွေကိုပါတိုးမြှင့်ပါ

1 February 2021


COVD-19 အခြေအနေကြောင့် ကျွန်ုပ်တို့ရဲ့အနာဂတ်ဟာခန့်မှန်းလို့မရနိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမြင်ကျဉ်းတဲ့လူတွေဟာ လက်ရှိတည်နေထိုင်နေရတဲ့နည်းလမ်းတွေကို မကောင်းတဲ့ဘက်ကနေတွေးမြင်တတ်ကြပါတယ်။ သို့သော်လည်း ဒီလိုအခြေအနေမှာသင့်လျော်စွာစီမံနိုင်ရင်တော့ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရန် အခွင့်အလမ်းများကိုရရှိနိုင်မှာဖြစ်ပါတယ်။ ယခုတစ်ပါတ်မှာတော့ မသေချာမရေရာတဲ့အခြေအနေမှာ အသက်မွေးဝမ်းကျောင်းမှုမဟာဗျူဟာဖန်တီးခြင်းအကြောင်းပြောပြမှာဖြစ်ပါတယ်။ အရာအားလုံးကိုထိန်းချုပ်ခြင်းနှင့်ကြိုတင်ခန့်မှန်းခြင်းတို့သည်မဖြစ်နိုင်သဖြင့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့လက်ရှိအခြေအနေပေါ်မူတည်ပြီး ဘာလုပ်နိုင်သလဲဆိုတာကိုစဉ်းစားရန်လိုအပ်ပါတယ်။

မသေချာမရေရာတဲ့အခြေအနေမှာဖြစ်သောပြဿနာ #1 နဂိုရှိပြီးသားထုံးစံအပေါ်တွင်မကောင်းမြင်ခြင်း

Solution #1 ပုံမှန်လုပ်နေကြမဟုတ်တဲ့ရွေးချယ်မှုတွေကိုပါတိုးမြှင့်ပါ

မသေချာမရေရာသောပြဿနာများအတွက်စိတ်ကူးများကိုကြိုတင်တွေးတောထားသူများဟာ စဉ်းစားရန် ရှောင်ကြဉ်သူများထက် သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုမှာပိုပြီးအောင်မြင်လေ့ရှိပါတယ်။ ဥပမာ – မသေချာမရေရာတဲ့အခြေအနေမျိုးမှာအလုပ်ရှာတဲ့အခါ အလုပ်လက်မဲ့ကာလကိုခန့်မှန်းတွက်ချက်မှုထက် ၂ လပိုတိုးနိုင်တဲ့အခြေအနေအတွက်အစီအစဉ်ဆွဲပါ။ အဆိုးဆုံးကိုမျှော်လင့်ထားခြင်းဟာသင့်အတွက်ခက်ခဲနိုင်ပေမယ့်လည်း ရှင်းလင်းတဲ့ဖြေရှင်းချက်ကိုသတ်မှတ်ခြင်းဟာ ပိုမိုဆိုးရွားလာခြင်းကိုရပ်တန့်ရန်ထိရောက်စေပါတယ်။

ဒီလိုဆိုးရွားတဲ့ COVID-19 အခြေအနေမှာ သင့်ရဲ့ Career ကို ပိုမိုတိုးတက်အောင် သင်ဘာတွေလုပ်လေ့ရှိသလဲ?