အလုပ်မပြောင်းခင်မှာ သိသင့်ထားတဲ့အချက်လေးတွေမျှဝေပေးလိုက်ပါတယ်။
၂၀၂၁ ခုနှစ်၏ဖြစ်ရပ်များအတွင်း အလုပ်သမားများစွာသည် ၎င်းတို့၏အလုပ်မှထွက်ကာ အလုပ်သစ်ရရှိနိုင်ခြေရှိမည်ဟု ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ယူဆချက်တော့မဟုတ်ဘူးလို့ဆိုကြပါတယ်။ ၂၀၂၂ ဟာ အလုပ်သစ်၊ အသက်မွေးဝမ်းကြောင်းအသစ်စဖို့ သင့်လျော်တဲ့ကာလဖြစ်ပေမယ့်လို့ သေချာတဲ့အလုပ်တခုမရှိသေးသရွေ့ အရင်အလုပ်ကိုပဲဆက်လုပ်သွားသင့်တဲ့ ခုနှစ်တခုဖြစ်ပါတယ်တဲ့။ ပညာရှင်အများစုကတော့ ကိုဗစ်ကာလအလွန် မသေချာမှုတွေနဲ့ပြွမ်းနေတဲ့ကာလတွေမှာ အလုပ်သစ်မရှိပဲ အလုပ်ဟောင်းကိုစွန့်ခွာခြင်းမပြုကြဖို့ အကြံပေးကြပါတယ်။
ကိုဗစ်ကာလအလွန်ကာလတွေမှာ လုပ်သားပြတ်လပ်မှုရှိနေတဲ့ နယ်ပယ်တွေရှိပါတယ်။ အများအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေး၊ အပန်းဖြေမှုနဲ့ ဧည့်ဝန်ဆောင်မှု၊ လက်လီနဲ့ ကုန်ထုတ်နယ်ပယ်တွေမှာ လုပ်အားပြတ်လပ်မှုတွေ တွေ့စပြုလာရပါတယ်။ ဒါပေမယ့်လို့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ တခြားနယ်ပယ်တွေဖြစ်တဲ့ နည်းပညာ၊ အွန်လိုင်းစီးပွားရေး၊ ဖျော်ဖြေရေးနဲ့ ဂိမ်း နယ်ပယ်တွေဟာလည်း ပြန်လည်ဦးမော့စပြုလာမယ်လို့ သုံးသပ်ကြပါတယ်။ ဒီနယ်ပယ်တွေမှာလည်း ကျွမ်းကျင်မှုနဲ့ လုပ်သားလိုအပ်ချက်တွေဟာ အရှိန်အဟုန်နဲ့ရှိလာမယ်လို့ ဆိုကြတဲ့အတွက် နောက်ပိုင်း Information Workers လို့ခေါ်တဲ့ အလုပ်တွေဟာပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။
ပြောင်းလဲမှုများစွာနဲ့ ၂၀၂၂ မှာ သင့်အသက်မွေးဝမ်းကြောင်းပြောင်းဖို့၊ သို့မဟုတ် အလုပ်ပြောင်းလဲမှုလုပ်ဖို့ အချိန်ကောင်းဖြစ်ပါတယ်တဲ့။
သင်ဟာအခုလုပ်နေတာတွေမှာ ပျော်ရွှင်မှုမရှိတော့တာ သို့မဟုတ် စိတ်ကျေနပ်မှုမရှိတော့တာဆိုရင် ဒီနှစ်အတွင်းမှာပဲ သင့်အလုပ် ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းကို ပြောင်းလဲဖို့အချိန်ကောင်းတခုဖြစ်ပြီး ပြောင်းလဲဖို့ပြင်ဆင်ထားသင့်တယ်လို့ ပညာရှင်တွေဆိုကြပါတယ်။ အလုပ်မှာ ပျော်ရွှင်မှုဆိုတာလိုအပ်တာမို့ လက်ရှိအနေအထားဟာ သင့်ကို စိတ်ကျေနပ်မှုမပေးနိုင်ဘူးဆိုရင် သင်လိုချင်တဲ့ဘဝ၊ သင်လျှောက်ချင်တဲ့လမ်းကို ဒီနှစ်မှာပဲ ပြောင်းလဲပစ်လိုက်ပါတဲ့။