သင့်လျော်သော အဖွဲ့အစည်း တည်ဆောက်မှုပုံစံအ‌ရေးပါမှု ! ! !

24 August 2022

ပိရမစ်ပုံစံ လုပ်ငန်းတာဝန်နှင့် ယှဥ်တွဲဖော်ပြသည့် ပုံစံဇယားဖြင့်ဖော်ထုတ်တင်ပြထားခြင်းမှာ အရေးကြီးပါ သည်။ သို့သော်လည်း ထိရောက်သည့်လုပ်ငန်းခွင်ဆက်ဆံရေး နည်းလမ်းများ အောင်မြင်စေရန် လွယ်ကူနေ သည်တော့ မဟုတ်ပါ၊ အဓိကသော့ချက်မှာ သင့်တော်သည့်အချိန် သင့်တော်သည့်ဝန်ထမ်းများကို သင့်လျော် သည့် ဖော်ပြချက်ပိရမစ်ဇယားအတိုင်း တာဝန်ပေးအပ်လုပ်ကိုင်ခိုင်းခြင်းဖြင့် ရှင်းလင်းတိကျသည့် ဆက်ဆံ မှုပုံစံ တင်ပြမှုပုံစံများကို အကောင်အထည်ဖော်ရန်တာဝန်ရှိပါသည်။

အဖွဲ့အစည်းတည်ဆောက်မှုပုံစံတွင် အခွင့်အာ ဏာလုပ်ပိုင်ခွင့် တာဝန်ဝတ္တရားများခွဲဝေသတ်မှတ်ထားရပါမည်။ ထို့သို့ဖော်ပြထားခြင်းမှာ အဖွဲ့ဝင်ဝန်ထမ်းများ ၏လုပ်ပိုင်ခွင့် ရာထူးဆက်စပ်ပုံတို့ကို သိသာစေခြင်းလည်းဖြစ်ပါသည်။

အဖွဲ့အစည်းဖွဲ့စည်းပုံဇယားတွင် မည်သူ ကမည်သည့် ကိစ္စဖြင့် မည်သူထံသို့မည်သည့်နည်းလမ်းဖြင့် တင်ပြအစီရင်ခံရမည် မည်ကဲ့သို့ ပူးပေါင်း လုပ်ဆောင်ပေးရမည်တို့ကို အဖွဲ့အစည်းဖွဲ့စည်းပုံဇယားအရ ပံ့ပိုးပေးရန်လည်းလိုအပ်ပါသည်။