စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းအစီရင်ခံတင်ပြခြင်းပုံစံ၏ အရေးပါမှု ! ! !

30 August 2022

စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းအစီရင်ခံတင်ပြခြင်းပုံစံ၏ အရေးပါမှု ! ! !

စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံတင်ပြခြင်းမှာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အရေး ပါသည့် အခန်းကဏ္ဏတွင် ရှိနေသည်။ တင်ပြအစီရင်ခံသည့်ပုံစံမှာလည်း ရှင်းလင်းထိရောက်ပြီး လူတိုင်းနားလည် လွယ်ရန်လိုအပ်ပါသည်။ လုပ်ငန်းများဆောင်ရွက်ခြင်း တိုးတက်မှု တင်ပြခြင်းအစီရင်ခံများ ပြုစုရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဥ်းစားရေးသားရန် အကြံပြုအပ်ပါသည်။

အစီရင်ခံစာတွင်ပါရှိရမည့် အကြောင်းအရာများ

၁။ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ထည့်သွင်းစဥ်းစားရမည့် အသုံးပြုသည့် နည်းလမ်းများ
၂။ စုံစမ်းစစ်ဆေးထားချက်များ
၃။ သုံးသပ်အကဲဖြတ်ချက်များ
၄။ အစီရင်ခံတင်ပြစာတွင် ပါရှိသည့် လုပ်ငန်းတည်နေရာ အနေအထားများ
၅။ လုပ်ငန်းခွင်အရည်အချင်းများတိုးတက်ရေး အကြံပြုဖော်ပြချက်များ
၆။ တင်ပြအစီရင်ခံသည့် အချက်လက်များ၏ ပကတိဖော်ပြချက်
၇။ လုပ်ငန်းခွင်ဝန်ထမ်းများ၏ အရည်အချင်းအသုံးဝင်မှု
၈။ သင့်လျော်သည့် ထိန်းချုပ်မှုပုံစံ
၉။ စီမံခန့်ခွဲရေးနည်းနာများ
၁၀။ လုပ်ငန်းခွင်အရည်အချင်းအသုံးဝင်မှုနှင့် အခြေအနေ
စသည့်အချက်အလက်များပြည့်စုံစေရန် စိစစ်ရေးသားပြီး အကြံပြုတင်ပြပြုစုနိုင်ရန်လိုအပ်ပါသည်။