Career Design လုပ်ငန်းစဉ် Vol.1 Self-Awareness

28 September 2020

[Career Design လုပ်ငန်းစဉ် Vol.1]

Career Design လုပ်ငန်းစဉ်မှာလည်း အဆင့်ဆင့်ရှိပါတယ်။ ကျွန်ုပ်တို့လုပ်ငန်းစဉ်ရဲ့ အဆင့်တစ်ခုစီကိုဆောင်းပါးအချို့နဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ယခုပြောပြပေးသွားမှာကတော့ Series ရဲ့ ပထမဆုံးအကြောင်းအရာဖြစ်ပါတယ်။

ပထမခြေလှမ်းမှာမိမိကိုယ်ကိုနားလည်စေရန် ‘Self-awareness” ဆိုတဲ့ အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ်။ “Self-awareness” ဆိုတဲ့နေရာမှာ သင်ကိုယ်တိုင် မိမိကိုယ်ကိုနားမလည်ရင် သင်နဲ့သင့်တော်တဲ့ Career Design တစ်ခုကို ရွေးချယ်ဆုံးဖြတ်ဖို့ဆိုတာခက်ခဲနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို သင်ခံစားရတယ်ဆိုရင်တော့ သင့်အတွက် self-awareness ကို မွေးမြူဖို့ လိုအပ်နေပါပြီ…

သင့်ဘဝ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လိုဘာလုပ်ရမှန်းမသိဖြစ်နေရင်
သင့်မှာ ဘာအားသာချက်မှမရှိဘူးလို့ ထင်နေရင်
သင့်အတွက်ဘဝရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရင်
သင့်ရဲ့ လက်ရှိအလုပ်ကထွက်ချင်ပေမယ့် နောက်ထပ်ဘာဆက်လုပ်ရမှန်းမသိဖြစ်နေရင်

ဒီအခြေအနေတွေနဲ့ သင်ကြုံတွေ့နေရရင်တော့ သင့်ကိုယ်သင်အတွက် Self-awareness တစ်ခု ဖန်တီးဖို့လိုအပ်နေပါပြီ…Self-awareness ကို ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့အရာတွေအများကြီးရှိပါတယ်။ အဲ့ဒီ့လိုအပ်တဲ့အရာတွေအတွက် ကျွန်ုပ်တို့ page ကနေပြီ အပတ်စဉ် သောကြာနေ့တိုင်း Workshop ပုံစံနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သင့်ကိုယ်သင် တဖြေးဖြေးနားလည်လာပြီး သင့် Career အတွက် တိုးတက်စေမှာဖြစ်တဲ့အတွက်အရှုံးမပေးပဲ ကြိုးစားလိုက်ပါ!!!