Career Design လုပ်ငန်းစဉ် Vol. 2 Setting Your Goal

30 September 2020

Career Design လုပ်ငန်းစဉ်မှာလည်း အဆင့်ဆင့်ရှိပါတယ်။ ကျွန်ုပ်တို့လုပ်ငန်းစဉ်ရဲ့ အဆင့်တစ်ခုစီကိုဆောင်းပါးအချို့နဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ယခုပြောပြပေးသွားမှာကတော့ Series ရဲ့ ဒုတိယအကြောင်းအရာဖြစ်ပါတယ်။
ရှေ့က ဖော်ပြပေးသွားတဲ့အကြောင်းအရာကတော့ “Self-awareness” အကြောင်းဖြစ်ပြီး ယခု ဒုတိယအနေနဲ့ဖော်ပြပေးမှာကတော့ Career Design လုပ်ငန်းစဉ်မှ “setting your goal” ဆိုတဲ့အဆင့်ပဲဖြစ်ပါတယ်။
 
ကျနော်တို့အဓိကအချက်နှစ်ချက်အကြောင်းပြောဆိုသွားမှာဖြစ်ပြီး အရေးကြီးဆုံးအချက်တစ်ခုမှာ ‘သင့်တော်သောပန်းတိုင်’ ရှိရန်ဖြစ်ပါတယ်။ ဘယ်လိုပန်းတိုင်မျိုးက သင့်အတွက်သင့်တော်မယ်လို့ ထင်ပါသလဲ? အခြားလူများ သင့်အပေါ်မျှော်လင့်ထားတဲ့ ပန်းတိုင်မျိုးမဟုတ်ပဲ သင်ဖြစ်ချင်တဲ့ ဆန္ဒ၊ သင့်ရဲ့အားသာချက်များနဲ့ သင့်အတွေ့အကြုံများအပေါ်အခြေခံနိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အရှေ့မှာပြောသွားခဲ့တဲ့ “self-awareness” ဆိုတဲ့အဆင့်ဟာ အရေးပါတာပါ။ နောက်ထပ်သော့ချက်တစ်ခုကတော့ မိမိအတွက် သင့်တော်တဲ့ပန်းတိုင်ဆိုတာဟာ လုံးဝအကြွင်းမဲ့မဟုတ်ပဲ ပြောင်းလွယ်ပြင်လွယ်ပြီး ယာယီဖြစ်ပါတယ်။ ရှေ့ဆက်ရန်ကြိုးစားနေချိန်တွင် သင့်ရဲ့ ရည်မှန်းချက်ကိုစဉ်ဆက်မပြတ်ထိန်းညှိပြီး ကြိုးစားရန်လိုအပ်ပါတယ်။