Career design process. Vol. 3 Industry Research

5 October 2020

Career Design လုပ်ငန်းစဉ်မှာလည်း အဆင့်ဆင့်ရှိပါတယ်။ ကျွန်ုပ်တို့လုပ်ငန်းစဉ်ရဲ့ အဆင့်တစ်ခုစီကိုဆောင်းပါးအချို့နဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ယခုပြောပြပေးသွားမှာကတော့ Series ရဲ့ တတိယအကြောင်းအရာဖြစ်ပါတယ်။
 
တတိယအဆင့်မှာ “Industry Research” ပြုလုပ်ရန်ဖြစ်ပါတယ်။ သင့်ကိုယ်သင်နားလည်ပြီးတဲ့နောက်မှာတော့ သင့်ရဲ့ ရည်မှန်းချက်တွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်တစ်ခုကိုလျှောက်ထားနိုင်ဖို့အတွက် သင့်တော်တဲ့ Industry အမျိုးအစားနဲ့ အလုပ်ကို ရှာဖွေရမှာဖြစ်ပါတယ်။
အခြေခံကျတဲ့အချက်တွေအပြင် အခြားအချက်အလက်တွေကိုပါ စုဆောင်းပြီးရောနှောခြင်းဟာ ပိုပြီးထိရောက်မှုရှိစေပါတယ်။ အခြေခံကျတဲ့အချက်တွေကတော့ Interview တွေ ဒါမှမဟုတ် သင့်ရဲ့အတွေအကြုံတွေကရရှိခဲ့တဲ့ အကြောင်းအရာတွေဖြစ်ပြီး အခြားအချက်အလက်တွေကတော့ စာအုပ်တွေ၊ website တွေနဲ့ articles တွေကနေ လေ့လာသင်ယူခဲ့ရတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ဆိုရရင်တော့ သင်စိတ်ဝင်စားတဲ့ လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေဆီကနေ သင်သိချင်တဲ့အကြောင်းအရာတွေ၊ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး မေးမြန်းလေ့လာကြည့်လို့ရပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် သင်စုဆောင်းထားတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး သင်စိတ်ဝင်စား၊ သင်နဲ့သင့်တော်တဲ့ လုပ်ငန်းနယ်ပယ်တစ်ခုကိုရွေးချယ်ဖို့ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။