Career design process. Vol. 6 Adaptation

14 October 2020

Career Design လုပ်ငန်းစဉ်မှာလည်း အဆင့်ဆင့်ရှိပါတယ်။ ကျွန်ုပ်တို့လုပ်ငန်းစဉ်ရဲ့ အဆင့်တစ်ခုစီကိုဆောင်းပါးအချို့နဲ့ဖော်ပြပေးသွားခဲ့ပြီး ယခုပြောပြပေးသွားမှာကတော့ Series ရဲ့ နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။
 
ဒီနေ့ခေါင်းစဉ်ကတော့ လိုက်လျောညီထွေနေထိုင်ခြင်းဖြစ်ပါတယ်။ သင်ကောလိပ်တက်တာ၊ အလုပ်ရတာ၊ အလုပ်ပြောင်းတာ၊ စတဲ့ ဘဝအလှည့်အပြောင်းတစ်ခုကိုရောက်တဲ့အခါ သင့်ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ပြောင်းလဲမှုကိုကြုံတွေ့ရမှာြဖစ်ပါတယ်။ အဲဒီ့အချိန်မှာ သင်ဟာ တစ်စုံတစ်ခုကိုခံစားမိမှာဖြစ်ပြီး သင့်ကိုယ်သင်သတိထားမိစေလာနိုင်တဲ့ Self-awareness ကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ လိုက်လျောညီထွေဖြစ်အောင်နေထိုင်ပြီးနောက် သင်ရှေ့ဆက်သွားလိုတဲ့ နောက်အဆင့်ကို သင်တွေ့ပါလိမ့်မယ်။ Career Design ရေးဆွဲခြင်းလုပ်ငန်းစဉ်၏ပုံရိပ်ဟာအထက်သို့တက်သွားခြင်းနဲ့တူပါတယ်။ ဒါကြောင့်ဆက်လက်တိုးတက်အောင်လုပ်ဆောင်ရန်အရေးကြီးပါတယ်။