COVID-19 အခြေအနေအတွင်း အောင်မြင်တဲ့ Career ရရှိအောင်ဘယ်လိုလုပ်မလဲ? #3 သေးငယ်သောလုပ်ဆောင်မှုတွေကိုလုပ်ပါ
3 February 2021

COVD-19 အခြေအနေကြောင့် ကျွန်ုပ်တို့ရဲ့အနာဂတ်ဟာခန့်မှန်းလို့မရနိုင်ပါဘူး။ ထိုအခြေအနေမျိုးတွင်လူတို့သည်လက်ရှိတည်ရှိနေသောလမ်းကိုအပျက်သဘောဆောင်ပြီးကျဉ်းမြောင်းသောစိတ်ထားရှိသည်။ ဒီလိုအခြေအနေမျိုးမှာ အမြင်ကျဉ်းတဲ့လူတွေဟာ လက်ရှိတည်နေထိုင်နေရတဲ့နည်းလမ်းတွေကို မကောင်းတဲ့ဘက်ကနေတွေးမြင်တတ်ကြပါတယ်။ သို့သော်လည်း ဒီလိုအခြေအနေမှာသင့်လျော်စွာစီမံနိုင်ရင်တော့ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရန် အခွင့်အလမ်းများကိုရရှိနိုင်မှာဖြစ်ပါတယ်။ ယခုတစ်ပါတ်မှာတော့ မသေချာမရေရာတဲ့အခြေအနေမှာ အသက်မွေးဝမ်းကျောင်းမှုမဟာဗျူဟာဖန်တီးခြင်းအကြောင်းပြောပြမှာဖြစ်ပါတယ်။ အရာအားလုံးကိုထိန်းချုပ်ခြင်းနှင့်ကြိုတင်ခန့်မှန်းခြင်းတို့သည်မဖြစ်နိုင်သဖြင့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့လက်ရှိအခြေအနေပေါ်မူတည်ပြီး ဘာလုပ်နိုင်သလဲဆိုတာကိုစဉ်းစားရန်လိုအပ်ပါတယ်။
Problem #3 Keep to stay in the safety
Solution #3 သေးငယ်သောလုပ်ဆောင်မှုတွေကိုလုပ်ပါ
မသေချာမရေရာတဲ့အခြေအနေကြောင့် သင်လုပ်ဆာင်ဖို့တွန့်ဆုတ်နေတာကိုကျော်လွှားနိုင်ဖို့ ချက်ချင်းပြောင်းလဲနိုင်တဲ့ပြဿနာမျိုးကိုသင်အာရုံစိုက်နိုင်ပါတယ်။
အတိအကျပြောရရင်
သင့်အတွက်ပြဿနာကဖြေရှင်းဖို့ အရမ်းရှုပ်ထွေးနေတယ်လို့ခံစားရတဲ့အခါ အကြောင်းအချက်တစ်ခုကို Breakdown လုပ်လိုက်နိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာမဆို အကူအညီဖြစ်စေနိုင်တဲ့ သင်နောင်တမရလောက်တဲ့အရာတစ်ခုမှစတင်နိုင်ပါတယ်။
သင့်ကိုပျော်ရွှင်နိုင်ပြီး ချက်ချင်းစတင်နိုင်တဲ့သေးငယ်သောလုပ်ဆောင်မှုတစ်ခုဆိုတာဘာလဲဆိုတာကို သင့်ကိုယ်သင်ပြန်မေးနိုင်ပါတယ်။