သင့်ရဲ့ဝါသနာကို သင့်အသက်မွေးဝမ်းကြောင်းအဖြစ် ဘယ်လိုပြောင်းမလဲ။

10 February 2022

နှစ်သက်တဲ့အရာကို လုပ်ရင်း အလုပ်ခွင်မှာ ကုန်ဆုံးချင်တာက ကျွန်တော်တို့ တော်တော်များများ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုပါပဲ။ သို့သော် ကံမကောင်းစွာပဲ လူအများစုအတွက် ၎င်းသည် အဖြစ်မှန်မဟုတ်ပါ။ သင့်ပရော်ဖက်ရှင်နယ်ဘဝနှင့် အလုပ်ချိန်ပြင်ပတွင် သင်လိုက်စားသည့် ဝါသနာများကြားတွင် ကွဲပြားလေ့ရှိပါသည်။ ဒါပေမယ့် ဒီနှစ်ခုကို ပေါင်းစပ်နိုင်အောင် ဘယ်လိုလုပ်မလဲ။ ဤအိမ်မက်ကို အကောင်အထည်ဖော်နိုင်စေရန်အတွက် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

● သင်ဝါသနာပါရာနယ်ပယ်မှ တစ်ယောက်ယောက်နှင့် စကားပြောပါ။ စတင်ရန် နေရာကောင်းမှာ သင်ဝါသနာပါသည့်နယ်ပယ်တွင် လုပ်ကိုင်နေသူတစ်ဦးနှင့် စကားပြောခြင်းပင်ဖြစ်သည်။ ဝါသနာရှင်တစ်ဦးအဖြစ် ၎င်းတို့အား ချဉ်းကပ်ပါ – သင့်ရဲ့ဝါသနာအကြောင်း စကားစမြည် စတင်ပြောပါ။ သူတို့ အခုရောက်နေတဲ့ အနေအထားကို ရောက်အောင် သွားခဲ့တဲ့လမ်းကို မေးကြည့်ပါ။ သူတို့ဘာတွေလေ့လာခဲ့လဲ။ ဘယ်လို စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်ခဲ့ကြသလဲ။ သူတို့ရဲ့ လက်ရှိရောက်နေတဲ့နေရာမှာ ပြည့်စုံနေပြီလား။

● နောက်ထပ်လေ့လာမှုကို စဉ်းစားပါ။ သင့်ဝါသနာနှင့် တိုက်ရိုက်သက်ဆိုင်သည့် နောက်ထပ်လေ့လာမှုအချို့ကို လေ့လာစူးစမ်းရန် သင်စဉ်းစားဖို့လိုအပ်လိမ့်မည်။ သင်ဝါသနာပါသော ဝါသနာရှင်များထံမှ အကြံဉာဏ်များကို သင် ယူဖူးသော်လည်း နောက်တစ်ဆင့်တက်ပြီး သင့်အသက်မွေးဝမ်းကြောင်းအဖြစ်သို့ ပြောင်းလဲလိုပါက တရားဝင်နည်းပညာဆိုင်ရာ သင်တန်းအချို့ကို တက်ရောက်ရန် လိုအပ်ပါသည်။
ရက်တိုသင်တန်းများအတွက် အွန်လိုင်းတွင်ရှာဖွေပါ။ သင့်အနီးအနားတွင် တစ်ခုခုကို သင်ရှာတွေ့နိုင်မှာပါ။ သင်၏ဝါသနာကို သင်၏အသက်မွေးဝမ်းကြောင်းအဖြစ်သို့ ပြောင်းလဲရန် အပိုသင်တန်းများ လိုအပ်သည်ဆိုပါက TAFEs သည် နောက်ထပ်ရွေးချယ်စရာတစ်ခုလည်းဖြစ်သည်။

● စိတ်ရှည်ရှည်ထားပြီး သင့်ဝါသနာအတွက် အချိန်ပိုပေးပါ။ “မင်းရဲ့ဝါသနာကို ဘယ်လောက်ပဲ ကျွမ်းကျင်တတ်မြောက်နေပါစေ၊ တိုးတက်ဖို့ နေရာ အမြဲတမ်း ရှိပါတယ်” ဟု Farrow Jamieson မှ မန်နေးဂျင်း ဒါရိုက်တာ Iain MacGibbon က ပြောကြားခဲ့သည်။ သင့်ရဲ့ ဝါသနာကို အချိန်ပိုပေးမယ့် အစီအစဉ်တစ်ခု ရေးဆွဲပါ။ သင်တိုးတက်လိုသည့်နည်းလမ်းအားလုံးကို စာရင်းပြုစုပြီး သင်မည်ကဲ့သို့လုပ်ဆောင်မည်ကို မဟာဗျူဟာတစ်ခု ပြုလုပ်ပါ။ သင့်ဝါသနာအတွက် တစ်ပတ်လျှင် အချိန်ပိုပေး၍ သင်၏အချိန်ဇယားအတိုင်း လုပ်ဆောင်ပါ။

● လိုက်လျောညီထွေရှိပါ။ အရာရာတိုင်းက စီစဉ်ထားတဲ့အတိုင်း အမြဲတမ်းမဖြစ်နိုင်တာမို့ အဆင်မပြေမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ အရေးကြီးတာက သင့်ရဲ့ ဝါသနာကို အသက်မွေးဝမ်းကြောင်းအဖြစ် ပြောင်းလဲဖို့ သင့်ရဲ့ နောက်ဆုံးပန်းတိုင်ကို အာရုံစိုက်နေဖို့ပါပဲ။ အချို့သောစိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသည့်အခါ ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် တတ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်းပါ။ ပြန်လည်အကဲဖြတ်ပြီး ဤအနုတ်လက္ခဏာကို အပြုသဘောအဖြစ်သို့ ပြောင်းလဲနိုင်မလား။ ငါ့အိပ်မက်တွေ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ငါဘာလုပ်ရမလဲလို့ သင့်ကိုယ်သင်မေးပါ။
သင့်ရဲ့ဝါသနာကို အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် ပြောင်းလဲဖို့ သင့်ရဲ့လမ်းကြောင်းအတွင်းမှာ သေးသေးလေးကနေစတင်ဖို့ မကြောက်ပါနဲ့။ သင်လက်ရှိရောက်နေတဲ့နေရာတွင် ရှိနေစဉ် အထက်ပါအကြံပြုချက်အချို့ကို စတင်အကောင်အထည်ဖော်ပါ။ သင်ဝင်ရောက်လိုသော စျေးကွက်ကို နားလည်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အခွင့်အလမ်းများအတွက် သင့်ကိုယ်သင် နေရာချထားရန် ခြေလှမ်းများကို စတင်လိုက်ပါ။