ကျွန်ုပ်တို့အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်မှုအတွက်သာ ‘အားသာချက်များ’ ကိုသာအာရုံစိုက်သင့်သလား?
8 February 2021

ယေဘုယျအားဖြင့်လူအချို့က သင်ရဲ့အားသာချက်ကို အခြေခံပြီး ‘အသက်မွေး၀မ်းကျောင်းမှု’ ကိုဆုံးဖြတ်နိုင်သည်ဟုပြောပါလိမ့်မယ်။ သင်ဒါကိုလက်ခံပါသလား? သင့်ရဲ့အားသာချက်တွေနဲ့အတူအလုပ်လုပ်ရတာဟာ သင့်အတွက်ပျော်စရာကောင်းပြီး သင့်ကိုနေလို့ကောင်းစေမှာပါ။ သို့သော်လည်းဒါဟာ ဖြစ်နိုင်မယ်လို့သင်ထင်ပါသလား? ဥပမာ – ကမ္ဘာပေါ်မှာ အလိမ်မာပါးနပ်ဆုံးသူတစ်ယောက်မှာ စာနာစိတ်၊ ကျိုးနွံစိတ်မရှိဘူးဆိုရင်ဘာတွေဖြစ်လာမယ်လို့ သင်ထင်ပါသလဲ? အဲ့လိုအချိန်မျိုးမှာ သူ/သူမဟာ စီးပွားရေးလောကထဲမှာအောင်မြင်ဖို့ဆိုတာဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဥပမာပြောရရင် အရည်အချင်းရှိတဲ့သူတစ်ဦးဟာ Self-Control မလုပ်နိုင်၊ Deadline အမှီပြီးအောင်မလုပ်နိုင်ဘူးဆိုရင် သူဟာအောင်မြင်ဖို့မဖြစ်နိုင်ပါဘူး။
ခြုံပြောရရင်တော့ ကောင်းမွန်စွာထိန်းညှိနိုင်စွမ်းဟာအရေးကြီးပါတယ်။ အားသာချက်တွေကိုစီမံခန့်ခွဲတဲ့နေရာမှာ ကျွန်ုပ်တို့ရဲ့အားနည်းချက်တွေကိုလည်း သတိပြုပြီးမှတ်သားထားရပါမယ်။ အားသာချက်လွန်ကဲခြင်းကလည်းအားနည်းချက်ကိုဖြစ်စေနိုင်ပါတယ်။ အရမ်းကြင်နာသနားတတ်တဲ့သူတစ်ဦးဟာ သူ့မျက်စိရှေ့မှာတင် လူတွေအဓိပ္ပါယ်မရှိတာတွေလုပ်နေရင်တောင် သူဘာမှ ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ ယုံကြည်မှုလွန်ကဲခြင်းဟာလည်း မိမိအတွက်ဆိုးကျိုးတွေရှိလာနိုင်စေပါတယ်။
Reference:
https://www.dhbr.net/articles/-/7358