Important theme to be aware of: Community awareness

27 October 2020

[Cooperative Awareness ဆိုတာဘာလဲ?]
အလုပ်လုပ်ရာတွင်သင်တစ်ယောက်တည်းလုပ်ဆောင်၍မရနိုင်ပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများ(သို့မဟုတ်) သင့်အထက်က ကြီးကြပ်သူများနဲ့ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပါတယ်။ ဒါကြောင့် Cooperative Awareness (စုပေါင်းလုပ်ဆောင်ခြင်း) ကို သတိရရန်လိုအပ်ပါတယ်။ Cooperative Awareness ဆိုသည်မှာ သင်နဲ့မတူတဲ့အရည်အချင်းတွေ၊ အားသာချက်တွေရှိတဲ့သူတွေနဲ့အတူ ပူးပေါင်းပြီး ပြဿနာများကို ဖြေရှင်းရန်ကြိုးစားခြင်းကို ဆိုလိုပါတယ်။ သက်ဆိုင်ရာအခန်းကဏ္ဍများ၊ ရာထူးများနှင့် အတွေးကွဲပြားခြားနားမှုများကိုနားလည်မှတ်သားနိုင်ရန်အတွက် Teamwork ဟာအခြေခံပဲဖြစ်ပါတယ်။
 
[Cooperative Awareness ကိုမှတ်သားရန်လိုအပ်သောအချက်များ]
Cooperative Awareness ကိုစိတ်ထဲစွဲမြဲစွာမှတ်သားထားရန်နည်းလမ်းများစွာရှိသော်လည်း ဒီတစ်ကြိမ်မှာတော့ မှတ်သားရန် အချက်ငါးချက်ကိုသာဖော်ပြ‌ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ့အချက် ၅ချက်ကတော့…
 
1. အသင်းတစ်ဖွဲ့အနေဖြင့်ရည်မှန်းချက်တစ်ခုလုံးကိုနားလည်ပါ
သင်နဲ့သက်ဆိုင်တဲ့အသင်းကိုစည်းလုံးစေရန် အသင်းအတွင်းရှိအသင်းဝင်အားလုံးရဲ့ရည်မှန်းချက်ကိုအတည်ပြုရန်လိုအပ်ပါတယ်။
2. လူတိုင်းသူတို့ရဲ့ထင်မြင်ချက်များကိုပွင့်ပွင့်လင်းလင်းဖလှယ်နိုင်သောလုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုဖန်တီးပါ
ပွင့်လင်းသောပတ်ဝန်းကျင်ဟာ သင်နဲ့သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များကို အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ လွယ်ကူစေပါလိမ့်မယ်။
3. သင့်ကိုယ်ပိုင်အခြေအနေများကိုသတင်းပေးပို့ပါ
ဒီအချက်ဟာအရင်ပြောပြသွားတဲ့အချက်များနဲ့ ဆက်စပ်နေပြီး အခြားအသင်းဝင်များအတွက် သင့်ရဲ့ ရိုးသားမှုက သင့်အားကောင်းမွန်စွာနားလည်စေပါလိမ့်မယ်။
4. အမြဲတမ်းပြုံးထားပြီးသူတစ်ပါးကိုညည်းညူပြောဆိုခြင်းကိုရှောင်ကျဉ်ပါ
ဒီသဘောထားကတော့ ရိုးရှင်းသော်လည်းခိုင်မာပါတယ်။ သင့်ရဲ့အပြုံးကအခြားအသင်းဝင်များကိုကူးစက်စေပြီး၊ သင့်ရဲ့ Complain တွေကြောင့်သူတို့လည်း Complain တက်ပါလိမ့်မယ်။
5. တစ်ဦးချင်းစီထက် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးရွေးချယ်ပါ
Freelancers တွေတောင်မှ တစ်ဦးထဲလုပ်ဆောင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အသင်း၀င်တစ်ဦး အနေနဲ့ လုပ်ငန်းအတွက် အမြတ်ရရှိနိုင်ဖို့ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာ စဉ်းစားရပါမယ်။
 
[ပူးပေါင်းဆောင်ရွက်ခြင်း၏အရေးပါမှု]
သင်မည်သည့်ကုမ္ပဏီများအတွက်မည်မျှအလုပ်လုပ်သည်ဖြစ်စေ၊ သင်ရဲ့ အခန်းကဏ္ဍကို‌ ဆောင်ရွက်နိုင်ရန်နှင့် အမြတ်အစွန်းရရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဟာအလွန်အရေးကြီးပါတယ်။ “ကောင်းမွန်သောထုတ်ကုန်များနှင့်၎င်းတို့ကိုဖန်တီးသောအဖွဲ့များသည်ကုမ္ပဏီကြီးတစ်ခု၏အဓိကအချက်ဖြစ်သည်ဟုယုံကြည်ကြပါတယ်။ ကျန်တဲ့အရာအားလုံးကအဲ့ဒီ့အဓိကအချက်အတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။”၊ “မိမိနဲ့အတူအလုပ်လုပ်ခဲ့သူများရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှု တည်ဆောက်ခြင်းကို ဦးစားပေးခဲ့ပါတယ်” လို့ Steve Jobs, Larry Page, Eric Schmidt, Ben Horowitz, Bill Gurley စတဲ့ အမေရိကန်နိုင်ငံရှိထင်ရှား‌သော ပုဂ္ဂိုလ်များရဲ နည်းပြတစ်ဦးဖြစ်သူ Bill Campbell က ဆိုခဲ့ပါတယ်။ ဒါကြောင့်သင်အလုပ်တွင်အောင်မြင်ရန်အတွက် Cooperative Awareness ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။

Book Introduction:
Trillion Dollar Coach: The Leadership Playbook of Silicon Valley’s Bill Campbell (Amazon)