ဖောက်သည်ရဲ့ ဦးတည်ချက် (Customer Orientation) ဆိုတာကို သင်ဘယ်လိုနားလည်ပါသလဲ? ဒီအရာကတော့ Company Training တွေမှာ ပေးလေ့ရှိတဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ Customers တွေ Client တွေကို သူတို့လိုအင်ဆန္ဒတွေနဲ့ လိုအပ်ချက်တွေအပေါ် အာရုံစိုက်စေရန် အားပေးတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ဖောက်သည်များထံမှသာ ကုမ္ပဏီရဲ့ အကျိုးအမြတ်များကိုရရှိနိုင်တာဖြစ်တဲ့အတွက် မိမိတို့ရြ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို အသုံးပြုတဲ့ Customer တွေ Client တွေကို တန်ဖိုးထားရပါမယ်။ ဦးစွာအနေဖြင့် ဖောက်သည်များရဲ့လိုအပ်ချက်များကိုနားလည်ပြီး သူတို့ရဲ့လိုအပ်ချက်များနဲ့ ကိုက်ညီသောထုတ်ကုန်များ (သို့မဟုတ်) ၀န်ဆောင်မှုများအားပေးအပ်ရန်အရေးကြီးပါတယ်။ ဒါကြောင့် သင်ရဲ့ ၀န်ဆောင်မှုကို ယူထားသူများ (သို့) ဖောက်သည်များ ဘာလိုချင်တယ်ဆိုတာကိုအမြဲတမ်းနားလည်အောင်ကြိုးစားရန်မှာသဘာဝကျပြီး လိုအပ်ပါတယ်။
ဖောက်သည်များရဲ့ ဦးတည်ချက်ဟာ ကုမ္ပဏီအတွက်အမြတ်အစွန်းကို စဉ်ဆက်မပြတ်ရည်ရှည်ရယူရန်အတွက်အရေးကြီးဆုံးဖြစ်ပါတယ်။ ထို့နောက်လုပ်ငန်းရှင်တစ်ယောက်အနေဖြင့်သင့်ရဲ့ ၀န်ဆောင်မှုတွေကိုအသုံးပြုနေတဲ့ သင်ရဲ့လက်ရှိဖောက်သည်များသာမက အနာဂတ်တွင်အသုံးပြုဖို့အလားအလာရှိတဲ့ ဖောက်သည်များရဲ့ လိုအပ်ချက်များကိုလည်းသင်နားလည်ပြီး လိုက်နာသင့်ပါတယ်။