Improvement awareness

3 November 2020

[တိုးတက်မှုအသိအမြင်ဆိုတာဘာလဲ?]
 
တိုးတက်မှုအသိအမြင် ဆိုသည်မှာ စီးပွားရေးနှင့်ဆိုင်သောပြဿနာများကိုရှာဖွေခြင်းနှင့်တိုးတက်ခြင်းအဖြစ်သတ်မှတ်ပြီး စီးပွားရေးသမားတစ်ယောက်အနေနဲ့ ဒီအသိပညာလိုအပ်ပါတယ်။ တိုးတက်မှုဆိုင်ရာအသိပညာကိုမှတ်မိရန်အတွက် အလုပ်မှာသင်ဘာလုပ်သင့်တယ်လို့ သင်ထင်ပါသလဲ? အဖြေကတော့ လက်ရှိအခြေအနေမည်မျှကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သင်စိတ်ကျေနပ်မှုမရမခြင်း တိုးတက်မှုအစီအမံများကိုရှာဖွေရန်ဖြစ်ပါတယ်။
 
[လုပ်ငန်းစဉ်တိုးတက်မှုအဆင့်များ]
စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှုမှာ အောက်ပါအတိုင်းအဆင့်ငါးဆင့်ရှိပါတယ်။
အဆင့် ၁ ။ ပြဿနာများကိုရှာဖွေရန်
အဆင့် ၂ ။ ပြဿနာများကိုခွဲခြမ်းစိတ်ဖြာရန်
အဆင့် ၃ ။ တိုးတက်မှုအစီအစဉ်များလုပ်ရန်
အဆင့် ၄ ။ တိုးတက်မှုအစီအစဉ်များအတိုင်းလုပ်ဆောင်ရန်
အဆင့် ၅ ။ တိုးတက်မှုအစီအစဉ်များကိုအကဲဖြတ်ရန်
 
အဆင့် ၁ နဲ့ ပတ်သက်ပြီး သင်ရဲ့စီးပွားရေးလုပ်ငန်းအတွက် လုပ်ငန်းလည်ပတ်မှုဇယားကိုရေးဆွဲခြင်းထားခြင်းကပိုကောင်းပါတယ်။ ထိုဇယားဟာ သင်နဲ့သင်ရဲ့အဖွဲ့ရှိအခြားအဖွဲ့၀င်များအား လက်ရှိအခြေအနေများကိုပိုမိုနားလည်စေပါတယ်။ ထို့နောက် အဆင့် ၂ တွင် သင်ကြုံတွေရတဲ့ ပြဿနာများကိုဆန်းစစ်ရန် KPI (Key Performance Indicator) ဆိုပြီး ရည်မှန်းချက်များကိုသတ်မှတ်ထားသင့်ပါတယ်။ ထို့နောက် KPI, SMART (Specific, Measurable, Agreeable, Relevant, Time related) တို့မှ ရှုထောင့်များကို ဂရုပြုရန် မမေ့ပါနဲ့။
 
ပြဿနာကဘာလဲ၊ ဘာကြောင့်လဲဆိုတာကိုသင်တွေ့ရှိပြီးနောက်မှာတော့ အဆင့် ၃ တွင် တိုးတက်မှုအစီအစဉ်များကိုသင်ပြုလုပ်ရပါမယ်။ ဒီနေရာမှာ အစီအစဉ်တစ်ခုတည်းမဟုတ်ပဲ အစီအစဉ်များစွာကို ပြုလုပ်ဖို့လိုပါတယ်။ ထို့နောက် အဆင့် (၄) နဲ့ အဆင့် (၅) တွင် သင်ပြုလုပ်ထားတဲ့ တိုးတက်မှုအစီအစဉ်များကို အကဲဖြတ်ရန်လိုအပ်ပါတယ်။ သို့သော်လည်း အဆင့်အားလုံးမှာ Teamwork ကို အမြဲသတိရရပါမယ်။ မဟုတ်ရင်တော့ သင့်ရဲ့ အသင်းဟာ ပိုကြီးမားတဲ့စွမ်းဆောင်ရည်တွေလုပ်နိုင်မှာမဟုတ်ပါဘူး။
 
[နိဂုံး]
ဒီတစ်ကြိမ်တွင် ကျွန်ုပ်တို့သည် ”တိုးတက်မှုအသိအမြင်” ရဲ့ အရေးပါမှုကိုရှင်းပြပြီး စီးပွားရေးလုပ်ငန်းတိုးတက်မှု အကြံပေးချက်များကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ အကျော်ကြားဆုံးသောကားထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Toyota Motor Corporation ဟာကားထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုသာအာရုံစိုက်ခဲ့ပါတယ်။ ၄င်းတို့ရဲ့နည်းစနစ်ကို KAIZEN ဟုခေါ်ပြီး ကမ္ဘာအနှံ့ကျော်ကြားတဲ့အတွက် အခြားသောကုန်ထုတ်လုပ်ရေးကုမ္ပဏီများဟာလည်း KAIZEN နည်းလမ်းကိုလိုက်လံကျင့်သုံးကြပါတယ်။ တိုးတက်မှုအသိအမြင်ဟာ စက်မှုလုပ်ငန်းအားလုံးမှာ အလွန်အရေးကြီးတဲ့အတွက်ကြောင့် သင်မှတ်မိသတိပြုသင့်ပြီး သင်ရဲ့အခြားအဖွဲ့ဝင်များကိုလည်း အားပေးသင့်ပါတယ်။

[Reference]
Kaizen – Toyota Production System guide (The Official Blog of TOYOTA UK)