အလုပ်နှင့် ရှင်သန်နေထိုင်မှု ပုံစံ ညီညွတ်မျှတစွာ နေထိုင်ရခြင်း

5 July 2022


အလုပ်နှင့် ရှင်သန်နေထိုင်မှုပုံစံ ညီညွတ်မျှတစွာ နေထိုင်ရန်သည် ခက်ခဲသော စိန်ခေါ်မှုတခု ဖြစ်ပြီး အဆင်ပြေဆုံး အချိန်တွင် ခက်ခဲနေတတ်ပါသည်။ များစွာသော သာမန်ဝန်ထမ်းများမှာ အလုပ်ခွင်အတွင်း နာရီပေါင်းများစွာ လုပ်ကိုင်ရခြင်းများကို ကမ္ဘာစီးပွားပျက်ကပ်ကာလအချိန်များတွင် တွေ့ကြုံခဲ့ရပြီးဖြစ်သည်။

အလုပ်ခွင်အတွင်းနှင့် မိမိအလုပ်အကိုင်အတွက်စိုးရိမ် ပူပန်ရမှုများ များစွာသောအလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။
ယနေ့ခေတ်တွင် ရွေ့ပြောင်းအသုံးပြုနိုင်သော လျှစ်စစ်သုံး ဆက်သွယ်ရေးကရိယာများကရိယာများသည် အလုပ် နှင့်နေထိုင်သည့် ဘဝပုံစံများအကြား မျဥ်းတခုအတွင် ခြားနားလာပြီး အလုံးစုံဖျက်စီးပစ်လိုက်ပါသည်။

ယနေ့ခေတ် တွင် အလုပ်ရှင်များ၊ တွဲဘက်လုပ်ကိုင်ရသူများ နှင့် စားသုံးသူများအကြား ယုံကြည်မှု ပိုမိုအားကောင်းစေရေးကို ရှေ့ရှုပြီး အချိန်နှင့် အမျှ ၂၄ နာရီပတ်လုံး ဆက်သွယ်ရရှိနိုင်စေရေးကို တွင်တွင်ကျယ်ကျယ် တိုးမြှင့် လုပ်ကိုင်လာ ကြပါသည်။ ၂၀၀၆ ခုနှစ် CEB ၏ စစ်တမ်းဖော်ပြထားချက်အရ ၅၃ ရာခိုင်နှုန်းသော ကော်ပိုရိတ် ဝန်ထမ်းများမှာ အလုပ်နှင့် ရှင်သန်နေထိုင်ရသည့် ကိုယ်ပိုင်ဘဝတွင် ညီညွတ် မျှတမှု ရှိနေကြောင်းဖော်ပြထားသည်။ ၂၀၀၉ ခုနှစ် တွင် ၃၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်းဖော်ပြထားပြီး ယနေ့ခေတ်တွင် ဝန်ထမ်းအများစုမှာ လုပ်ငန်းတာဝန်များ ပြားလာကြပြီး ဘဝရှင်သန်နေထိုင်မှုကို ညီညွတ်မျှတစွာ နေထိုင်ရန် ခက်ခဲလာပါသည်။ မိမိအချိန်ကို စိစစ်ပါ လက်ရှိမိမိရှင်သန်နေထိုင်ရပ်တည်ရသည့် ဘဝကို ခြုံငံသုံးသပ်ပြီး ဘဝနှင့် ညီညွတ်မျှတအောင်လုပ်ဆောင်ရမည်။

တပတ်တာအတွင်း လုပ်ကိုင်ရမည့် အလုပ်နှင့်ဆက်စပ်တာဝန်များ၊ ကိုယ်ရေးကိုယ်တာလုပ်ဆောင်ရမည့် လှုပ်ရှား မှုများကို အချိန်ဇယားဖြင့် ရေးဆွဲထားခြင်းဖြင့် တပတ်တာအတွင်း အချိန်လစ်ဟာရမှုများ ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ရန် လှုပ်ရှားမှုများ ပျက်ကွက်ခြင်းတို့ကို လျော့ပါးလာစေပါသည်။

ဦးစားပေးလုပ်ဆောင်ရန်များကို ဆုံးဖြတ်သတ်မှတ်ခြင်း မိမိနေထိုင်ရာ အိမ်တွင်ဖြစ်စေ လုပ်ငန်းခွင်တွင်ဖြစ်စေ မိမိ အတွင် အ‌ရေးပါဆုံးများကို ဦးစားပေးသတ်မှတ်စဥ်းစားရပါမည်။ ထို့သို့စဥ်းစားသတ်မှတ်ပြီးပါကလည်း မိမိစာရင်း လုပ်ထားသည်များကို ပြန်လည်စစ်ဆေးပြီး ထိုအလုပ်များလုပ်ဆောင်ရန် မည်သည့်အရာတို့စတင်ရမည်နည်း? မည်သည်အလုပ်များ ရပ်တန့်ရမည်လဲ? မည်သည့်အရာ ဆက်လက်ဆောင်ရွက်ရမည်နည်း? ပိုမိုမြှင့်တင် ရမည်နည်း? ကွဲပြားအောင် ဘယ်လိုလုပ်မည်နည်း? စသည်မေးခွန်းများကို မေးမြန်းရပါမည်။

မိမိကိုယ်ပိုင်မိသားစု ၏ဘဘောသဘာဝနှင့် ဆက်ဆံရေး ကိုထိန်းသိမ်းထားပါ။ မိမိမိတ်ဆွေသူငယ်ချင်းများ ခင်မင်ရသူများ မိသားစုများ နှင့် သီးသန့်အချိန်ပေးတွေ့ဆုံခြင်းတို့ဖြင့် မိမိ၏ စိတ်ပိုင်းဆိုင်ရာ ပျော်ရွင်မှုနှင့် လုံခြုံမှုများကို ရရှိစေပါသည်။ အကယ်၍ သင့်အလုပ်တာဝန်များက မိသားစုဆက်ဆံရေးနှင့် မိတ်ဆွေအပေါင်းအသင်းတို့ ကြား ဆက်ဆံ‌ရေးကို ဆိုးရွားစွာ ထိခိုက်လာပါက သင့်လုပ်ငန်းခွင်တွင် အလုပ်စွမ်းရည်နှင့် လုပ်ဆောင်နိုင်မှုများကိုပါ ထိခိုက်လာစေ ပါသည်။ သင့်ကျန်းမာရေးကို ဂရုစိုက်ပါ ဦးစားပေးပါ သင့်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာနေမှု မရှိခြင်းက သင့်အလုပ်စွမ်းဆောင်ရည်ကို လျော့ကျစေပါသည်။ သင့်၏တနေ့တာအတွင်း အဟာရပြည့်ဝစွာ စားသုံး ခြင်းတနေ့လျှင် ပျမ်းမျှ ၇ နာရီခန့် အိပ်စက်အနားယူခြင်း တပတ်လျှင် ၃ ကြိမ်ခန့် ကိုယ်လက်လှုပ်ရှား အားကစား လုပ်ခြင်းများကို လုပ်ဆောင်ပေးသင့်ပါသည်။ ကိုယ်ပိုင်အချိန် သတ်မှတ်ပေးပါ အလုပ်၊ မိသားစု နှင့် မိတ်ဆွေ ဆက်ဆံရေးတို့မှာ အ‌ရေးပါသကဲ့သို့ တနေ့တာအတွင်း မိမိကိုယ်ပိုင်အချိန်ကို သတ်မှတ်ပြီး အနားယူခြင်းဖြင့် ကျေနပ်အားရမှု ရှိပါစေ။
စနစ်တကျလုပ်ဆောင်ပါ ခက်ခဲပင်ပန်းကြီးစွာ မလုပ်ပါနှင့် ဧည့်ကြိုကောင်တာမှ အစ စီအီးအို အဆုံး သင်ယူရမှုများရှိနေပြီး မိမိလုပ်ဆောင်နိုင်မှု စွမ်းရည်တို့ကို တိုးတက်စေပါသည်။