ဒီတပတ်မှာတော့ ၂၀၂၂ မှာ တွင်ကျယ်လာတဲ့ အလုပ်အကိုင်နယ်ပယ်တွေကို မိတ်ဆက်ပေးသွားပါ့မယ်။
ကိုဗစ်ကပ်ရောဂါနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုအလုပ်အကိုင်တွေမှာ လူ့စွမ်းအားအရင်းအမြစ်တွေပိုမိုလိုအပ်လာပါတယ်။ အရင်ကတည်းက လုံလောက်မှုမရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအလုပ်အကိုင်တွေဟာ ကိုဗစ်ကပ်ရောဂါရဲ့ သက်ရောက်မှုတွေနဲ့အတူ ပိုမိုလိုအပ်ချက်များပြားလာခဲ့ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးစောင့်ရှောက်မှုအလုပ်အကိုင်တွေဟာ ဒီနှစ်အတွက် ပိုမိုတွင်ကျယ်လာတဲ့ ပထမဆုံးအလုပ်အကိုင်တွေပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကတည်းက အိုင်တီအလုပ်အကိုင်တွေ ပိုမိုတွင်ကျယ်လာခဲ့ကြတယ်ဆိုပေမယ့်လို့ အိမ်ကနေလုပ်ရတဲ့အလုပ်တွေများပြားလာတာရယ် စမတ်ဖုန်းတွေအသုံးများလာတာရယ်တွေကြောင့် ဆော့ဝဲလ်နဲ့ အက်ပလီကေးရှင်းပိုင်းဆိုင်ရာ အိုင်တီအလုပ်အကိုင်တွေကတော့ ဒီနှစ်အတွက် ပိုမိုလိုအပ်လာမယ်လို့ခန့်မှန်းထားကြပါတယ်။ နောက်နှစ်တွေလည်း လိုအပ်ချက်များပြားလာဦးမယ်လို့ ခန့်မှန်းထားကြတဲ့ ဒီအိုင်တီအလုပ်အကိုင်တွေကတော့ အလားအလာရှိတဲ့အလုပ်အကိုင်တွေထဲက တခုအဖြစ်စဥ်းစားနိုင်ပါတယ်။
ဒီနှစ်မှာကြုံတွေ့ခဲ့ရတဲ့ Panic buying နဲ့အတူ just-in-time ပို့ဆောင်ရေးနည်းလမ်းတွေဟာ ပိုမိုလိုအပ်ချက်ရှိလာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ သင်္ချာ စာရင်းအင်းနဲ့ အင်ဂျင်နီယာအခြေခံသဘောတရားများကို ကျွမ်းကျင်ပြီး ဖန်တီးမှုစနစ်တွေကို နှစ်သက်တဲ့သူတွေအတွက်တော့ ဒီအလုပ်အကိုင်တွေက ရွေးချယ်မှုမှန်ကန်တဲ့ အလုပ်အကိုင်မျိုးတွေပဲဖြစ်ပါတယ်။
ဒီနှစ်အတွက် အလားအလာကောင်းတဲ့အလုပ်တွေမှာ Financial Management အလုပ်တွေလည်းထည့်သွင်းစဥ်းစားဖို့လိုအပ်ပါတယ်။ လုပ်ငန်းတော်တော်များများမှာ ဝင်ငွေထွက်ငွေတွက်ချက်မှုနဲ့ အကျိုးအမြတ်အများဆုံးတွက်ချက်မှုတွေလုပ်ဖို့အတွက် ဒီအလုပ်အကိုင်တွေဟာ မရှိမဖြစ်လိုအပ်လို့နေပါတယ်။ လစာလည်းကောင်းပြီး နောက်ပိုင်းလိုအပ်ချက်များလာမယ့် အလုပ်အကိုင်တွေဖြစ်လို့ သင့်အနေနဲ့စာရင်းဇယားတွေနဲ့ ကိန်းဂဏန်းတွေကို သဘောကျတယ်ဆိုရင်တော့ ဒီဘက်က အလုပ်အကိုင်တွေကို ထည့်သွင်းစဥ်းစားထားလို့ရပါတယ်။
ဒေတာနဲ့ စာရင်းအင်းတွေကို နှစ်သက်သူတယောက်အတွက်ကတော့ ဒီအလုပ်က အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ နယ်ပယ်တခုဖြစ်ပါတယ်။ အများစုကတော့ အာမခံကုမ္ပဏီတွေမှာ လိုအပ်တဲ့အလုပ်အကိုင်မျိုးတွေဖြစ်ပြီး အလားအလာရှိတဲ့ဖောက်သည်တစ်ဦးကို အာမခံပေးရန် ရှိ/မရှိ ဆုံးဖြတ်ကြရာမှာ ဒီအလုပ်တွေကအလွန်အရေးပါလို့နေပါတယ်။