Cover Letter ဘယ်လိုရေးကြမလဲ?

14 June 2022

Cover Letter ရေးသားကြရာတွင် အောက်ပါအချက်များကို ထည့်သွင်းဖော်ပြရန် အရေးကြီးသည်။

၁။ မိမိ ကိုယ်ကို မိတ်ဆက်ဖော်ပြခြင်း
၂။ မိမိရှာဖွေလျှောက်ထားသည့် အလုပ်အမျိုးအစား ကိုဖော်ပြခြင်း
၃။ မိမိရှာဖွေလျှောက်ထားသည့် အလုပ်အမျိုးအစားနှင့် မိမိ၏စွမ်းရည်နှင့် အတွေ့အကြုံတို့ တွဲစပ် ကိုက်ညီမှု ရှိသည်ကို ဖော်ပြခြင်း
၄။ Cover letter မှ တဆင့် မိမိအကြောင်းအရာ အရည်အချင်းတို့ အသေးစိတ်ကို ခန့်အပ်မည့် သူမှ ပိုမိုသိရှိနိုင်ရန် အားပေးရေးသားခြင်း
၅။ မိမိလျှောက်ထားသည့် အလုပ်အကိုင်နှင့် သင်လျော်မှုရှိပုံကို ဖော်ပြပြီး တွေ့ဆုံနိုင်မည့် အချိန်ကို တောင်းဆိုခြင်း

Cover Letter တွင် မိမိလျှောက်ထားသည့် အလုပ်အကိုင်အမျိုးအစားမှာ မိမိ၏ ယခင်အရည်အချင်းနှင့် လုပ်သက်အတွေ့အကြုံတို့နှင့် ကိုက်ညီမှုရှိကြောင်းကို အတိုချုံးအသေးစိတ်ဖော်ပြရန်လိုအပ်ပါသည်။ ထို့ပြင် မိမိယခင်လုပ်ကိုင်ခဲ့သော အတွေ့အကြုံတို့နှင့် လုပ်ငန်းအမျိုးအစားများ ပူးပေါင်းဆောင်ရွက်ရသည့် ပုံစံ၊ လုပ်ငန်းနယ်ပယ် ဆက်စပ်အတွေ့အကြုံတို့တွင် အောင်မြင်ခဲ့သော အကြောင်းအရာ မိမိလျှောက်ထား သည့် နေရာတွင် မည်ကဲ့သို့ စိတ်ဝင်စားမှုရှိကြောင်း၊ မည်သို့သော အတွေ့အကြုံတို့ကို မျှော်လင့်ထားကြောင်းနှင့် အဘယ်ကြောင့် မိမိကို ရွေးချယ်ခန့်ထားသင့်ကြောင်းစသည့်တို့ကို ခန့်အပ်မည့် ဌာနမှာ ဝန်ထမ်းရွေးချယ်ရေး လူကြီးများကို မိတ်ဆက်ဖော်ပြသင့်ပါသည်။