ထိရောက်သောလုပ်ငန်းခွင်နေရာ တစ်ခုကို မိမိနေထိုင်ရာ နေအိမ်တွင် အတည်တကျ သတ်မှတ်ထားဖန်တီးထားပြီး လိုအပ်သည့် အချိန်တွင် လိုအပ်သလိုအသုံးချ ဆက်သွယ်နိုင်ရန်လည်း လိုအပ်ပါသည်။ ထိရောက်အကျိုးရှိစေမည့် ဆက်သွယ်ရေး နည်းလမ်းများကို အသုံးချပြီး မိမိ၏ လုပ်ငန်းတာဝန်များကို ပြီးမြောက်စေခြင်းဖြင့် မိမိ အသက်မွေးဝမ်းကြောင်းကို တည်ဆောက်နိုင်ပါသည်။
မျက်နှာချင်းဆိုင် ပြောဆိုဆက်သွယ်ခြင်းနည်းလမ်း အထိရောက်ဆုံးသော ဆက်သွယ်သည့် ဆက်သွယ်ရေး နည်းလမ်း တစ်ခုဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးကြား ယုံကြည်မှုကို ဖြစ်စေပြီးရင်းနှီးပွင့်လင်းစွာ ပြောဆိုနိုင်ပါသည်။ ထို့ပြင် လုပ်ငန်း ဆောင်ရွက်သူများ အချင်းချင်းကြား နားလည်မှုများ ပိုမိုခိုင်မာလာနိုင်ပြီး နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက် အကျိုး ဖြစ်ထွန်းစေသော သဘောတူညီမှုများကို ချမှတ် အကောင်အထည်ဖော်စေနိုင်ပါသည်။
လူအများစုမှာ နေ့စဥ်များပြားသော လုပ်ငန်းတည်နေရာများသို့ သွားလာရပြီး ရံဖန်ရံခါတွင် မိမိတို့၏ ပုဂ္ဂိုလ်ရေးရာ အဆင်မပြေမှုများ၊ ခံစားချက်များ လုပ်ငန်းခွင် အလုပ်ချိန်ထိအောင်လွှမ်းမိုးနေနိုင်ပြီး မိမိလုပ်ငန်းတာဝန်များကို အနှောက်အယှက်ဖြစ်စေခြင်း၊ ရံဖန်ရံခါလုပ်ငန်းခွင်အတွင်း အချေအတင် ငြင်းခုန်ပြောဆိုနေရသည်များလည်း ရှိလာနိုင်သည့်အတွက် မိမိတွင် စိတ်အလိုမကျမှုများ၊ စိတ်ရှုပ်ထွေး အနှာက်အယှက်များ ဖြစ်ရခြင်းတို့ ရှိလာချိန်တွင် ပြင်ပတစ်နေရာသို့ ခေတ္တခဏရှောင်ထွက်ပြီး အနားယူပြီး လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ကိုင်သင့်ပါသည်။
မိမိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့် စပ်လျဥ်း၍ အခြားသူများ၏ အကြံပြု ဝေဖန်တင်ပြချက်များ အပေါ်တွင် ပွင့်လင်းစွာဆွေးနွေးပြီး လက်ခံခြင်းဖြင့် မိမိ၏ အရည်အချင်းများ တိုးတက်စေနိုင်ပါသည်။
အကြံပြု တင်ပြချက်များတွင် အဓိကအားဖြင့်နှစ်ပိုင်းရှိပြီး အရင်းခံအကြောင်းအရင်းများကို ဆန်းစစ်ဝေဖန်ခြင်းနှင့် ထိုပြဿာနာရပ်များအပေါ်တွင် မိမိခံစားနေရသည့် ခံစားချက်များကို ထင်ဟပ်ဖော်ပြပြီး သက်သာလာစေရန် အကြံပြုဆွေးနွေးခြင်းတို့ပါဝင်ပါသည်။ မိမိမှလည်း အခြားသော အဖွဲ့ဝင်များ၏ ရင်ဆိုင်ရသည့် အခက်အခဲများ ကိုလည်း ဝေဖန်အကြံပြုခြင်းဖြင့် ကူညီဖေးမရပါမည်။