ပြည်စုံသည့် အလုပ်အကိုင် အစီအမံတစ်ခုတွင် ရှေ့ကာလအနာဂတ်တွင် မိမိလုပ်ကိုင်ဆောင်ရွက်လိုသည့် အလုပ် အကိုင်အမျိုးအစားကို ရှေ့ရှုပြီး ပြီးပြည့်စုံသည့် အစီအမံများကို ထည့်သွင်းစဥ်းစားပြီးရွေးချယ်ရမည်ဖြစ်သည်။
ထို့ပြင် အနာဂတ်တွင်မိမိလုပ်ကိုင်လိုသည့် လုပ်ငန်းသို့ မည်ကဲ့သို့ရောက်ရှိအောင်သွားမည်ဆိုသည့် နည်းနာ ဗျူဟာများကိုထည့်သွင်းထားသင့်ပါသည်။
မိမိအလုပ်အကိုင်အစီအမံများ စတင်အကောင်အထည်ဖော်ရန်အတွက် အောက်ပါအချက်များ ပါဝင်သင့်သည်။
၁။ အနာဂတ်ရှေ့အလားအလာတွင် မိမိရွေးချယ်သည့် အလုပ်အကိုင်လမ်းကြောင်းအခြေအနေ
၂။ အလုပ်အကိုင်အခွင့်အလမ်းစျေးကွက် အခြေအနေ
၃။ မိမိရွေးချယ်သည့် အလုပ်အကိုင်နှင့် မိမိ၏အရည်အချင်းတို့၏ ကိုက်ညီမှု
၄။ အလုပ်အကိုင်အခွင့်အလမ်း၏ ကန့်သတ်ချက်များကို နားလည်သဘောပေါက်ခြင်း
၅။ လစာအဆင့်အတန်းနှင့် အခြားခံစားခွင့်များကို မိမိမရွေးချယ်ခင် ဆန်းစစ်လေ့လာခြင်း
၆။ အခြားသောအလုပ်အကိုင်အခွင့်လမ်းများ နှိုင်းယှဥ်လေ့လာခြင်း
၇။ စနစ်ကျသေချာသည့် ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော်ထားခြင်း
၈။ အလုပ်အကိုင်အစီအမံလမ်းကြောင်းကို အကောင်အထည်ဖော်ခြင်း