လုပ်ငန်းခွင်ဖိအားများ ကိုင်တွယ်လျော့ချခြင်း

27 June 2022


အမေရိကန်ပြည်‌ထောင်စုရှိ အသက် ၁၈ နှစ်မှ ၇၉ နှစ်ကြားထက်ဝက်ကျော်သည် လုပ်ငန်းခွင်အတွင်းဖိအား ရင်ဆိုင်ရမှုမှာ ၆၀ ရာခိုင်နှုန်းခန့် ရှိကြောင်း စစ်တမ်းများအရ ဖော်ပြထားသည်။ လုပ်ငန်းခွင်အတွင်း ဖိအားရင်ဆိုင် ရမှုမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿာနာများများပိုမိုတိုးပွားလာစေနိုင်ပါသည်။
လုပ်ငန်းခွင်အတွင်း တွေ့ရများသည့် ဖိအားများကို ရင်ဆိုင်နိုင်ရန်၊ ဖိအားများကျော်လွှားလျော့ချနိုင်ရန် ထိရောက်သည့် အလုပ်လုပ် ပုံနည်းနာများကို ချမှတ်ပြီးမဟာဗျူဟာမြောက် စီမံကိုင်တွယ်ဖြေရှင်းသင့်ပါသည်။

အလုပ်ပိတ်ရက်နားရက်များတွင် ပြည့်ဝစွာအနားယူခြင်း

အလုပ်ပိတ်ရက်နားရက်များတွင် ကျန်းမာရေးလှုပ်ရှားမှုများလုပ်ဆောင်ခြင်း၊ အဟာရပြည့်ဝသည့် မနက်စာများ စားသုံးပေးခြင်း၊ ဖိအားများရင်ဆိုင်ရမည့် အလုပ်ဖွင့်ရက်များတွင် စတင်လုပ်ဆောင်ရမည့် အစီအစဥ်ကောင်းများ ထားရှိခြင်း၊ အကောင်းမြင်စိတ်များမွေးမြူခြင်းတို့ဖြင့် တနေ့တာလုပ်ငန်းများကို စတင်ဆောင်ရွက်သင့်ပါသည်။

လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း သိမြင်ခြင်း

မိမိလက်အောက်တွင် ရှိနေသည့် ဝန်ထမ်းများအားလုံး၏ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေး ထားခြင်း၊ ထိုကဲ့သို့သိမြင်ခြင်း ကြိုတင်စဥ်းစားထားခြင်းမျိုးမရှိခြင်းကလည်း လုပ်ငန်းခွင်ဖိအားများ သိသာစွာ တိုးပွားစေပါသည်။

အကယ်၍ မိမိလုပ်ဆောင်ရမည့် အစိတ်အပိုင်းတာဝန်များကို ရှင်းလင်းတိကျစွာ သိမြင်ခြင်း မရှိပါက မိမိလုပ်ငန်းတာဝန်များကို လုံလောက်စွာသိမြင်ခြင်းမျိုး သေချာစွာ နားမလည်ပါက မိမိအထက် ကြီးကြပ်ရေးမှူးများနှင့် တိုင်ပင်ညှိနှိုင်း လုပ်ဆောင်သင့်ပါသည်။ ထို့ပြင်မိမိ မျှော်မှန်းထားချက်များ ရှေ့ဆက်သွား မည့် လုပ်ငန်းရည်မှန်းချက်များကို တွေ့ဆုံညှိနှိုင်းတိုင်ပင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု တိုးပွား စေသည့်အပြင် ဖိအားများကို ထိရောက်စွာ လျော့ချပေးနိုင်ပါသည်။

လုပ်ငန်းခွင်အတွင်း ပြဿနာများ ပဋိပက္ခများ ရှောင်ကြဥ်ခြင်း

လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအချင်းချင်းကြား ပါဝင်ပက်သတ်နေခြင်းက သင့်၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးပြဿာနားများ ပေါ်ပေါက်စေနိုင်ပါသည်။ လုပ်ငန်းခွင်အတွင်း အတင်းအဖျင်း ပြောဆိုမှုများ ပုဂ္ဂိုလ်‌ရေးထင်မြင်ချက်များ၊ နိုင်ငံရေး၊ ဘာသာရေး စသည့်ကိစ္စရပ်အငြင်းအခုံများကြားမှ ရှောင်ကြဥ်နေထိုင် ခြင်းတို့ကလည်း လုပ်ငန်းခွင် ဖိအားများကိုလျော့ပါးစေပါသည်။