ကိုယ်တိုင်တာဝန်ယူ စီမံကိုင်တွယ်ရသည့် လုပ်ငန်းများနှင့် အကောင်းမွန်ဆုံးဆက်ဆံခြင်းဖြင့် ယနေ့ကမ္ဘာ့ စီးပွားရေး လုပ်ငန်းများ၏ လူအများနှင့် ဆက်ဆံရသည့် အခြေခံအဖြစ်အရေးပါသည်။
ထို့ပြင်မိမိနှင့် ဆက်ဆံ ထိတွေ့ရသည့် လုပ်ငန်းတာဝန် ရှိသူများအားလုံးနှင့် ရင်းနှီးပွင့်လင်းသည့် ဆက်ဆံရေးမျိုးထားရှိခြင်းဖြင့် မိမိ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် များကို အထိရောက်ဆုံး အကောင်းဆုံးအခက်အခဲမရှိ လုပ်ဆောင်နိုင်ပါသည်။ စားသုံးသူများနှင့် အဓိကဆက်ဆံ တာဝန်ယူရသည့် တာဝန်ရှိသူများအနေဖြင့် မိမိထိတွေ့ဆက်ဆံရသည့် သူများအားလုံးယဥ်ကျေးပျူငှာ၍ လေးစားစွာ ဆက်ဆံရပါမည်။
မိမိလုပ်ကိုင်သည့် လုပ်ငန်းတာဝန်များအားလုံးကို တာဝန်ယူကတိခံပြောဆိုထားသည့်အတိုင်း လုပ်ဆောင်ခြင်း ဖြင့် မိမိဆက်ဆံထိတွေ့သည့် စားသုံးသူ ဝန်ဆောင်မှုများလက်ခံရယူသူအားလုံးကို စိတ်ကျေနပ်မှုများရရှိအောင် ပေးစွမ်းနိုင်ရပါမည်။
ထို့ပြင်ကတိပေးပြောကြားထားသည့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက ပျက်ကွက်မှုအပေါ်တာဝန်ယူမှုရှိစွာပြောကြားပြီး အကောင်းဆုံးဖြစ်အောင် မည်ကဲ့ သို့ပြန်လည်လုပ်ဆောင်ပေးပါမည့်အကြောင်း ရှင်းလင်းအသိပေးပြောကြားရပါမည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်း ဖြင့်လည်း အနာဂတ်တွင် မိမိနှင့် မိမိ၏ စားသုံးသူအကြား ခိုင်မာအားကောင်းသည့် ဆက်ဆံရေးမျိုး ပိုမိုခိုင်မာ လာစေနိုင်ပါသည်။
ပြဿာနာများကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြေရှင်းခြင်းက စားသုံးသူသည် အမြဲမှန်ကန်ကန်ကြောင်း သက်သေပြရာရောက်စေပါသည်။ ရံဖန်ရံခါအချိန်များတွင် စားသုံးသူအပေါ်တွင် ကောင်းမွန် ယဥ်ကျေး ပျူငှာ သည့်အပြုအမှုတို့ နှင့် ဖော်ရွေ စွာဆက်ဆံရန် မေ့လျော့နေခြင်းများလည်းရှိနေတတ်ပါသည်။
ထို့သို့အခြေအနေ မျိုးမဖြစ်ပေါ်စေရန် အထူးသတိထားရန်လိုအပ်ပါသည်။
မိမိဝန်ဆောင်မှုပေးသည့် လုပ်ငန်းအပေါ်တွင် စားသုံးမှုမှ မှတ်ချက်ပေးပြောကြားသည့် အခါမျိုးတွင် လေးစားစွာ နားထောင်ပြီး စားသုံးသူရင်ဆိုင်သည့် ကိစ္စရပ်များအခက်အခဲများအားလုံးကို ပိုမိုတိုးတက်ကောင်းမွန်အောင်တွေး ခေါ်မျှော်မြင်ပြီး ပြေလည်အောင် လျင်လျင်မြန်မြန်နှင့် အကောင်းဆုံးဖြေရှင်းပေးရန်လည်း တာဝန်ယူမှုရှိရပါမည်။
ဝန်ဆောင်မှုများလက်ခံရယူစားသုံးသည့် အားလုံးသောစားသုံးသူများအားလုံးသည် ဂရုစိုက်သည့်အရာမှာ သူတို့ ကိုယ်တိုင်ပင် ဖြစ်ပြီး ဝန်ဆောင်မှုပေးသည့် သင့်ကိုဂရုစိုက်ခြင်းမဟုတ်ဘဲ စားသုံးသူရရှိသည့် ဝန်ဆောင်မှုအပေါ် တွင်ဖြစ်ကြောင်းအစဥ်သတိချပ် နားလည်သဘောပေါက်ရပါမည်။
စားသုံးသူနှင့် ပက်သက်သည့် အချက်အလက် များအားလုံးကို အလွယ်တကူလက်လှမ်းမှီ၍ တိကျသေချာသည့် နည်းနာစနစ်များဖြင့် မှတ်တမ်းတင် ထိန်းသိမ်း ထားရှိရန်လည်း အရေးကြီးပါသည်။
မိမိဝန်ဆောင်မှုပေးသည့် စားသုံးသူများနှင့် စဥ်ဆက်မပြတ်ထိတွေ့ ဆက်ဆံနိုင်သည့် ဆက်ဆံရေးမျိုးကို လမ်းဖွင့်ထားရန်လိုအပ်ပြီး မိမိလက်ရှိပေးနေသည့် ဝန်ဆောင်မှုများအပြင် ထပ်တိုးပေးနိုင်မည့် ဝန်ဆောင်မှုများ အကြောင်းကိုလည်း မပြတ်ထိတွေ့အသိပေးရန်တာဝန်ရှိပါသည်။
ထို့သို့အသိပေးရာတွင် ထိရောက်သည့် နည်းလမ်းများ အားလုံးကိုလည်း ကျွမ်းကျင်ထိရောက်စွာ အသုံးချတတ်ရန် ရင်းနှီးကျွမ်းဝင်အောင်လုပ် ဆောင်ထားရပါမည်။
ထိုပြင် စားသုံးများအပေါ်တွင် ပြန်လည်အသိအမှတ်ပြုတုန့်ပြန်သည့် အစီအစဥ်များကို လည်း မိတ်ဆက်ရှင်းလင်းပြောကြားထားခြင်းဖြင့် စားသုံးသူနှင့် ကောင်းမွန်မှုရှိသည့် ဆက်ဆံရေးများ ထိန်းသိမ်းနိုင်ပါသည်။