အလုပ်အင်တာဗျူး အထင်အမြင်ကောင်းများ ရရှိစေခြင်း

29 June 2022


အလုပ်အင်တာဗျူးအသစ် တခုသွားရောက်ဖြေဆိုရာ မိမိကို အင်တာဗျူးမည့် လုပ်ငန်းရှင်များဘက်မှ မှတ်ချက် ကောင်းများရရှိရန်လိုအပ်ပါသည်။ ထိုသို့ မှတ်ချက်ကောင်းများ အသိအမှတ်ပြုပေးခံရစေရန် မိမိဘက် ဘယ်လို ပြင်ဆင်လုပ်‌ဆောင်သွားမည်နည်း ဆိုသည့် နည်းလမ်းများကိုလည်း ကြိုတင်ချမှတ် ပြင်ဆင်သွားရန် အထူး လိုအပ်ပါသည်။

သင့်မျှော်မှန်းထားသည့် အလုပ်အကိုင်ရရှိနိုင်စေရန်မှာ မည်ကဲ့သို့အောင်မြင်အောင် ပြင်ဆင် သင့်ပါသနည်း? အဆိုပါမျှော်မှန်းထားသည့် အလုပ်အကိုင်အတွက် အင်တာဗျူးအဆင့်အကို အောင်မြင်အောင် ဘယ်လိုဖြေဆို ပါမည်လဲ? စသည့် မေးခွန်းများ စိန်ခေါ်မှုများအားလုံးကို သင်ဘယ်လို ရင်ဆိုင် ကျော်လွှားနိုင်မည်နည်း? အောက်ဖော်ပြပါအချက်များကို လိုက်ပါပြုလုပ်ရန် အကြံပြုတိုက်တွန်းပါရစေ။

မိမိပြင်ဆင်ရမည့် အရာအားလုံးကို ပြင်ဆင်စစ်ဆေးခြင်း မှန်ကန်စနစ်ကျသည့် ပြင်ဆင်မှုမှာ အရေးကြီးပြီး သင်လျှောက်ထားသည့် အလုပ်အကိုင်အမျိုးအစားများအလိုက် အင်တာဗျုးတွင် မေးမြန်းမည့် မေးခွန်းများမှာ ကွဲပြားတတ်ပါသည်။

သို့သော်အချို့သော အလုပ်အကိုင်များတွင် မေးမြန်းသည့် အချက်အလက်အချို့နှင့် ယေဘုယျအားဖြင့် တူညီမှုများရှိတတ်ပါသည်။ သင့်လျှောက်ထားသည့် ကုမ္ပဏီအကြောင်းနှင့် အချက်အလက်များအားလုံးကို လေ့လာထားပါ။ နိုင်ငံတကာတွင်ကျယ်ပြန့်စွာ လုပ်ကိုင် နေသည့် ကုမ္ပဏီမျိုးဖြစ်ပါက မိမိလျှောက်ထားသည့် အလုပ်နေရာနှင့် ဆက်စပ်သည့် မှန်ကန်တိကျသည့် ဝေါဟာ ရများကို ရွေးချယ်အသုံးပြုတတ်ရန် လိုအပ်ပါသည်။

လေ့ကျင့်ပေးပါ အကယ်၍ သင်သည်သင့်၏ ပထမဆုံး ဖြေဆိုရမည့် အလုပ်အင်တာဗျူးဖြစ်ပါက သင့်၏ မိသားစုများ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆွေး‌နွေးတိုင်ပင်ခြင်းဖြင့် ထိုသူများနှင့် အတူအလေ့ကျင့်ပေးခြင်းက တကယ်လက်တွေ့ အင်တာဗျူးဖြေဆိုသည့် အချိန်တွင့် ထိတ်လန့်စိုးရွံ့မှုများလျော့နည်းစေပြီး သက်တောင့် သက်သာဖြစ်စေပါသည်။ ဖြေရခက်မည့် မေးခွန်းများအတွက် ကြိုတင်စဥ်းစားလေ့လာခြင်းများ ပြုလုပ်ပါ။

ဥပမာအားဖြင့် သင့်တွင်ရှိသည့် အားနည်းချက်များ၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း မိမိကိုယ်ကို ဘယ်လိုမြင်သလဲ စသည့် မေးခွန်းများအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးစဥ်းစား ‌လေ့ကျင့် ပြင်ဆင်ထားရန်လိုအပ်ပါသည်။ ထိုသို့ ဖြေဆိုရာတွင်လည်း အတတ်နိုင်ဆုံးနှင့် အရိုးသား အပွင့်လင်းဆုံး ဖြေဆိုပေးပါ။
သင့်လျော်သည့် ဝတ်စား ဆင်ယင်မှုမျိုးကို ရွေးချယ်ပါ အလုပ်အင်တာဗျူးသွားရောက်ဖြေဆိုမည့် အချိန်တွင် ဖြေဆိုမည့် အလုပ်အကိုင် အမျိုးအစားနှင့် သင့်လျော်မှုရှိသည့် ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် အင်တာဗျူးမည့် သူများ ထံမှ မှတ်ချက်ကောင်းများရရှိစေရန် အထောက်အပံ့ဖြစ်စေပါသည်။

ဥပမာအားဖြင့် အပြာရောင်သည့် ယုံကြည် မှုနှင့် ခံစားချက်များ ဖော်ထုတ်ပေးတတ်ပြီး အနက်ရောင်မှာ အမြင်တင့်တယ်စေခြင်း၊ အစိမ်းရောင်မှာ သင်၏ တိုးတက်မှုအတွက် သင်ယူရန် ဆန္ဒရှိခြင်း ဖော်ထုတ်ပေးခြင်းတို့ဖြစ်ပါသည်။

အချိန်တိကျမှုရှိပါစေ ဥပမာအနေ ဖြင့် အင်တာဗျုးဖြေဆိုရမည့် နေရာကို အချိန်မှီရောက်ရှိရန် အကောင်းဆုံးတွက်ချက်ပြင်ဆင်ပြီး အများပြုအသုံး ပြုသည့် ပို့ဆောင်‌ရေးစနစ်ကို အသုံးပြုရမည်ဆိုလျှင် အရေးပေါ် အခြေအနေများအတွက် လမ်းကြောင်းများ ကြိုတင်တွက်ချက်လေ့လာထားခြင်းမျိုးတို့ကို စဥ်းစားထားသင့် အချိန်တိကျမှုရှိခြင်းက သင်အောင်မြင်စေရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

ခန္ဓာကိုယ် အနေအထားမှန်ကန်စွာ နေထိုင်ပြီး သင့်ကို အင်တာဗျူးမည့် သူများကို ယဥ်ကျေးပျူဌာ ဖော်ရွေစွာ ဆက်ဆံ‌ပေးရမည်၊ အင်တာဗျူးမည့် သူများရှေ့တွင် တည့်မည်စွာ နေထိုင်ပြီး မထိုင်ခင် လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖော်ရွေစွာပြုံးပြနှုတ်ဆက်ခြင်းတို့ ဖြင့် အင်တာဗျူးမည့်သူကို နွေးထွေးစွာ ဆက်ဆံသည့် ခံစားချက်မျိုး ပေါ်လွင်အောင် လုပ်ဆောင်တတ်ရပါမည်။ အလုပ်အင်တာဗျူးအသစ် တခုသွားရောက်ဖြေဆိုရာ မိမိကို အင်တာဗျူးမည့် လုပ်ငန်းရှင်များဘက်မှ မှတ်ချက် ကောင်းများရရှိရန်လိုအပ်ပါသည်။ ထိုသို့ မှတ်ချက်ကောင်းများ အသိအမှတ်ပြုပေးခံရစေရန် မိမိဘက် ဘယ်လို ပြင်ဆင်လုပ်‌ဆောင်သွားမည်နည်း ဆိုသည့် နည်းလမ်းများကိုလည်း ကြိုတင်ချမှတ် ပြင်ဆင်သွားရန် အထူး လိုအပ်ပါသည်။

သင့်မျှော်မှန်းထားသည့် အလုပ်အကိုင်ရရှိနိုင်စေရန်မှာ မည်ကဲ့သို့အောင်မြင်အောင် ပြင်ဆင် သင့်ပါသနည်း? အဆိုပါမျှော်မှန်းထားသည့် အလုပ်အကိုင်အတွက် အင်တာဗျူးအဆင့်အကို အောင်မြင်အောင် ဘယ်လိုဖြေဆို ပါမည်လဲ? စသည့် မေးခွန်းများ စိန်ခေါ်မှုများအားလုံးကို သင်ဘယ်လို ရင်ဆိုင် ကျော်လွှားနိုင်မည်နည်း? အောက်ဖော်ပြပါအချက်များကို လိုက်ပါပြုလုပ်ရန် အကြံပြုတိုက်တွန်းပါရစေ။

မိမိပြင်ဆင်ရမည့် အရာအားလုံးကို ပြင်ဆင်စစ်ဆေးခြင်း မှန်ကန်စနစ်ကျသည့် ပြင်ဆင်မှုမှာ အရေးကြီးပြီး သင်လျှောက်ထားသည့် အလုပ်အကိုင်အမျိုးအစားများအလိုက် အင်တာဗျုးတွင် မေးမြန်းမည့် မေးခွန်းများမှာ ကွဲပြားတတ်ပါသည်။

သို့သော်အချို့သော အလုပ်အကိုင်များတွင် မေးမြန်းသည့် အချက်အလက်အချို့နှင့် ယေဘုယျအားဖြင့် တူညီမှုများရှိတတ်ပါသည်။ သင့်လျှောက်ထားသည့် ကုမ္ပဏီအကြောင်းနှင့် အချက်အလက်များအားလုံးကို လေ့လာထားပါ။ နိုင်ငံတကာတွင်ကျယ်ပြန့်စွာ လုပ်ကိုင် နေသည့် ကုမ္ပဏီမျိုးဖြစ်ပါက မိမိလျှောက်ထားသည့် အလုပ်နေရာနှင့် ဆက်စပ်သည့် မှန်ကန်တိကျသည့် ဝေါဟာ ရများကို ရွေးချယ်အသုံးပြုတတ်ရန် လိုအပ်ပါသည်။

လေ့ကျင့်ပေးပါ အကယ်၍ သင်သည်သင့်၏ ပထမဆုံး ဖြေဆိုရမည့် အလုပ်အင်တာဗျူးဖြစ်ပါက သင့်၏ မိသားစုများ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆွေး‌နွေးတိုင်ပင်ခြင်းဖြင့် ထိုသူများနှင့် အတူအလေ့ကျင့်ပေးခြင်းက တကယ်လက်တွေ့ အင်တာဗျူးဖြေဆိုသည့် အချိန်တွင့် ထိတ်လန့်စိုးရွံ့မှုများလျော့နည်းစေပြီး သက်တောင့် သက်သာဖြစ်စေပါသည်။ ဖြေရခက်မည့် မေးခွန်းများအတွက် ကြိုတင်စဥ်းစားလေ့လာခြင်းများ ပြုလုပ်ပါ။

ဥပမာအားဖြင့် သင့်တွင်ရှိသည့် အားနည်းချက်များ၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း မိမိကိုယ်ကို ဘယ်လိုမြင်သလဲ စသည့် မေးခွန်းများအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးစဥ်းစား ‌လေ့ကျင့် ပြင်ဆင်ထားရန်လိုအပ်ပါသည်။ ထိုသို့ ဖြေဆိုရာတွင်လည်း အတတ်နိုင်ဆုံးနှင့် အရိုးသား အပွင့်လင်းဆုံး ဖြေဆိုပေးပါ။
သင့်လျော်သည့် ဝတ်စား ဆင်ယင်မှုမျိုးကို ရွေးချယ်ပါ အလုပ်အင်တာဗျူးသွားရောက်ဖြေဆိုမည့် အချိန်တွင် ဖြေဆိုမည့် အလုပ်အကိုင် အမျိုးအစားနှင့် သင့်လျော်မှုရှိသည့် ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် အင်တာဗျူးမည့် သူများ ထံမှ မှတ်ချက်ကောင်းများရရှိစေရန် အထောက်အပံ့ဖြစ်စေပါသည်။

ဥပမာအားဖြင့် အပြာရောင်သည့် ယုံကြည် မှုနှင့် ခံစားချက်များ ဖော်ထုတ်ပေးတတ်ပြီး အနက်ရောင်မှာ အမြင်တင့်တယ်စေခြင်း၊ အစိမ်းရောင်မှာ သင်၏ တိုးတက်မှုအတွက် သင်ယူရန် ဆန္ဒရှိခြင်း ဖော်ထုတ်ပေးခြင်းတို့ဖြစ်ပါသည်။

အချိန်တိကျမှုရှိပါစေ ဥပမာအနေ ဖြင့် အင်တာဗျုးဖြေဆိုရမည့် နေရာကို အချိန်မှီရောက်ရှိရန် အကောင်းဆုံးတွက်ချက်ပြင်ဆင်ပြီး အများပြုအသုံး ပြုသည့် ပို့ဆောင်‌ရေးစနစ်ကို အသုံးပြုရမည်ဆိုလျှင် အရေးပေါ် အခြေအနေများအတွက် လမ်းကြောင်းများ ကြိုတင်တွက်ချက်လေ့လာထားခြင်းမျိုးတို့ကို စဥ်းစားထားသင့် အချိန်တိကျမှုရှိခြင်းက သင်အောင်မြင်စေရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

ခန္ဓာကိုယ် အနေအထားမှန်ကန်စွာ နေထိုင်ပြီး သင့်ကို အင်တာဗျူးမည့် သူများကို ယဥ်ကျေးပျူဌာ ဖော်ရွေစွာ ဆက်ဆံ‌ပေးရမည်၊ အင်တာဗျူးမည့် သူများရှေ့တွင် တည့်မည်စွာ နေထိုင်ပြီး မထိုင်ခင် လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖော်ရွေစွာပြုံးပြနှုတ်ဆက်ခြင်းတို့ ဖြင့် အင်တာဗျူးမည့်သူကို နွေးထွေးစွာ ဆက်ဆံသည့် ခံစားချက်မျိုး ပေါ်လွင်အောင် လုပ်ဆောင်တတ်ရပါမည်။