Learning Balance for Business Person
22 September 2020
ျွန်ုပ်တို့ရည်ရွယ်ချက်များထဲကတစ်ခုကတော့လွတ်လပ်မှုကို အထောက်အကူပြုရန်ဖြစ်ပါတယ်။အကြောင်းအရင်းမှာလွတ်လပ်မှုဟာအသက်မွေးဝမ်းကျောင်းမှုကိုမြှင့်တင်နိုင်ရန်အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိနိုင်ဖို့အတွက် အခြေခံလမ်းစဉ်တွေဖြစ်တဲ့ “Training Circle, Learning Balance နဲ့ “Content Structure” ဆိုတဲ့ အကြာင်းအရာ ၃ခုနဲ့တကွဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီ Post မှာတော့ စီးပွားရေးသမားတစ်ဦးအတွက် သင်ယူမှုဟန်ချက် (Learning Balance) ဆိုတဲ့ အကြောင်းအရာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
စီးပွားရေးသမားများရဲ့ လက်တွေ့လေ့ကျင့်မှုအတွက်တော့ ဒီစက်ဝိုင်းဇယားစာအထောက်အကူပြုပါလိမ့်မယ်။ ဒီဇယားအရ စီးပွားရေးလောကထဲမှာ ကျင်လည်တဲ့အခါ သင်ဟာ OJT (On the Job Training), Interactive Communication နဲ့ OFF-JT ဆိုတဲ့ ရှုထောင့် ၃ ခုမှ အတွေ့အကြုံများရရှိထားရန်လိုအပ်ပါတယ်။
OJT ဆိုတာကတော့ အလုပ်မှာနေ့စဉ်တွေ့ကြုံရတဲ့လုပ်ငန်းဆောင်တာတွေပဲဖြစ်ပါတယ်။ OJT လုပ်ဆောင်မှုဟာ ဇယားမှာပြထားတဲ့အတိုင်း ၇၀% နဲ့ ရာခိုင်နှုန်းအများဆုံးဖြစ်သော်လည်း အခြားလုပ်ငန်းစဉ်များဟာလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အရေးပါပါတယ်။ OJT ပြီးတဲ့နောက်မှာတော့ OFF-JT နဲ့ Interactive Communication အပေါ်မှာ အာရုံစိုက်ရမှာပါ။ သင့်ရဲ့ လေ့လာမှုကိုပိုမိုရှင်းလင်းအောင်ဖြည့်စည်းပေးဖို့ My Canvas မှာ လေ့လာနိုင်ပါတယ်။
OFF-JT ကတော့ အလုပ်ချိန်ပြင်ပ လေ့လာလေ့ကျင့်မှုမျိုဖြစ်ပြီး ကျွန်ုပ်တို့ My Canvas မှ တန်ဖိုးရှိတဲ့ Information တွေကို သင့်အတွက် OFF-JT အဖြစ်ဖော်ပြပေးသွားမှာဖြစ်ပြီး ၎င်းဟာ သင့်အတွက်အသက်မွေးဝမ်းကျောင်းပုံစံအသစ်တစ်ခုဖြစ်သင့်ပါတယ်။ Interactive Communication ဆိုတာကတော့ သင့်ရဲ့အထက်လူကြီး (သို့မဟုတ်) ညွှန်ပြသူနဲ့ ပြောဆိုဆက်ဆံခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း ကို ဆိုလိုပါတယ်။ ဒါဟာ ရှေ့တွင်ဖော်ပြသွားသောစက်ဝိုင်းထဲမှ “Reflection” အဆင့်ပဲအတွက်ပဲဖြစ်ပါတယ်။ သင့်ရဲ့ Online မိတ်ဆွေသူငယ်ချင်းများနဲ့ သင့်ရဲ့ အတွေ့အကြုံများကိုပြန်လည်ထင်ဟပ်စေရန်၊ OFF-JT နှင့် OJT နဲ့ပတ်သက်ပြီးဆွေးနွေးတိုင်ပင်နိုင်ရန်ကျွန်ုပ်တို့ဘက်မှာအမေးအဖြေများနဲ့ အခွင့်အလမ်းများကိုမျှဝေသွားဖို့ စီစဉ်လျက်ရှိပါတယ်။