“ Ikigai “ ဆိုတာ ဘာလဲ။

1 November 2021

“ Ikigai “ ဆိုသော စကားလုံးသည် မူလက ဂျပန်မှဆင်းသက်လာသော်လည်း အင်္ဂလိပ်စကားလုံးအဖြစ်လည်း ကမ္ဘာမှ အသိအမှတ်ပြုထားသည်။ အဓိပ္ပါယ်မှာ စေတနာထက်သန်သော လူမှုကူညီပံ့ပိုးမှုမှတဆင့် ရရှိသော ပျော်ရွှင်မှုခံစားချက်ကို ဆိုလိုသည်။ ကျွန်တော်တို့ မနေ့ကပြောခဲ့သည့် အချက် (၂) ချက်ဖြစ်သော အကျိုးကျေးဇူးများ (သင်က ဘယ်အရာမှာ ကျွမ်းကျင်လဲ) နှင့် စိတ်ဝင်စားမှု (သင်က ဘယ်အရာကို သဘောကျနှစ်သက်လဲ) အပြင် နောက်ထပ်အချက် (၂) ချက်ကို ရရှိသောအခါ ကျွန်တော်တို့ဟာ “ Ikigai “ ကို ခံစားရနိုင်ကြောင်း ပုံတွင်ပြထားသည်။

ထပ်နေသော အချက် (၂) ချက်၏ အစိတ်အပိုင်းများ
စိတ်အားထက်သန်မှု: အကျိုးကျေးဇူးများရှိ၍ ကြိုက်နှစ်သက်သော်လည်း လူမှုရေးတွင် ကူညီထောက်ပံ့မှုနှင့် လစာမရှိ။
အရေးတကြီးလုပ်ဆောင်ချက်: ကြိုက်နှစ်သက်မှုနှင့် လူမှုရေးတွင် ကူညီထောက်ပံ့မှုရှိသော်လည်း အကျိုးကျေးဇူးနှင့် လစာမရှိ။
Vacation: လူမှုရေးတွင် ကူညီထောက်ပံ့မှုနဲ့ လစာရှိသော်လည်း အကျိုးကျေးဇူးနှင့် ကြိုက်နှစ်သက်ခြင်းမရှိ။
အသက်မွေးဝမ်းကြောင်းမှု: လစာနှင့် အကျိုးကျေးဇူးရှိသော်လည်း ကြိုက်နှစ်သက်ခြင်းနှင့် လူမှုရေးတွင် ကူညီထောက်ပံ့မှုမရှိ။
ထပ်နေသောအပိုင်းမရှိ
သင်ဟာ ဘာအတွက် ပေးနေတာလဲ
ဥပမာ- လစာရရန်အတွက်သာ အလုပ်လုပ်နေပြီး စိတ်ဝင်စားမှု၊ အကျိုးကျေးဇူးများ၊ လူမှုရေးတွင် ကူညီထောက်ပံ့မှုများအား ဘာမှမရရှိ၊ မခံစားရခြင်း။
သင်က ဘယ်အရာကိုကြိုက်သလဲ
ဥပမာ- ကျွမ်းကျင်မှုနှင့် ဝင်ငွေမရှိသော်လည်း ဂိမ်းကစားရသည်ကို ပျော်ခြင်း။
Ikigai : ထပ်နေသော အချက်အလက်များ
ဥပမာ- ဆရာဝန်တစ်ယောက်အဖြစ် အလုပ်လုပ်၍ ငွေရှာခြင်းမှ လူမှုရေးတွင် ကူညီထောက်ပံ့မှုကိုခံစားရခြင်း၊ လူများအားဂရုစိုက်ရခြင်းကို နှစ်သက်ခြင်း၊ အသက်မွေးဝမ်းကျင်မှုဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများကို အသုံးချနိုင်ခြင်းတို့ကို ရရှိနိုင်သည်။
ပုံတွင် ထပ်နေသော အရာကို သင်ကြိုးစားရှာဖွေနိုင်သောအခါ သင်သည် ယခုထက်ပို၍ ပျော်ရွှင်ရသော စိတ်အာရုံကို ခံစားရလိမ့်မည်။