အလျင်စလို ဆုံးဖြတ်ချက်ချခြင်းမှ ရှောင်ကြဉ်ရန် အဆင့် (၄) ဆင့်

8 November 2021

ကျွန်တော်တို့သည် ဆုံးဖြတ်ချက်ချရာတွင် ကျွန်တော်တို့၏ စိတ်ကူးများကို အလျင်စလို ပြုလုပ်လေ့ရှိကြသည်။ သို့ရာတွင် အလျင်စလိုပြုလုပ်လိုက်သည့်အခါ ပိုမိုဆိုးရွားသော ပြဿနာများကို ဖြစ်စေနိုင်သည့် ဖြစ်ရပ်အစစ်အမှန်များအား လွဲချော်ခြင်း သို့မဟုတ် နားလည်မှုလွဲခြင်းတို့ ဖြစ်လာကောင်းဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် ကျွန်တော်တို့ပဲမဟုတ်ပါ။ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး ရူပဗေဒပညာရှင် Albert Einstein သည်ပင်လျှင် ပြဿနာတစ်ခုအကြောင်းကို (၅၅) မိနစ်ကြာ အချိန်ယူလေ့လာစဉ်းစားပြီးမှ ဖြေရှင်းချက်အတွက် (၅) မိနစ် စဉ်းစားသည်။ Markovitz Consulting ၏ဥက္ကဌ Daniel Markovitz က ဆုံးဖြတ်ချက်ချရာမှာ အလျင်စလိုမလုပ်မိဖို့ အဆင့်လေးဆင့်ကိုအကြံပြုခဲ့သည်။

၁။ ပြဿနာကို တိုက်ရိုက်ကြည့်ပါ။

ကျွန်တော်တို့ဖြေရှင်းရမည့် ပြဿနာအကြောင်းကို နားလည်ခြင်းတွင် အချက် (၂) ချက်ရှိသည်။ ပထမတစ်ခုမှာ အချက်အလက်ဖြစ်သည်။ ဆိုလိုသည်မှာ အခြားသူများ သို့မဟုတ် အစီရင်ခံစာများမှ ကျွန်တော်တို့ သိနိုင်သောအရာ၊ အခြားတစ်ခုမှာ ကျွန်တော်တို့ တိုက်ရိုက်သိနိုင်သည့် ဖြစ်ရပ်အမှန်များဖြစ်သည်။ အထိရောက်ဆုံးဖြေရှင်းနည်းကို ရှာဖွေရန် ဤအစိတ်အပိုင်းနှစ်ခုကိုပေါင်းစပ်ရန်လိုသည်။

၂။ ပြဿနာကို ရှင်းလင်းရာတွင် တရားဝင်ဝေဖန်သုံးသပ်ချက်များမှ အချက်အလက်အမှန်များကို ခွဲခြားပါ။

ပြဿနာများအား ကျွန်တော်တို့ ဘယ်လိုဖြေရှင်းသလဲဟူသည် ကျွန်တော်တို့၏ အဖြေများပေါ်တွင် သက်ရောက်မှုရှိသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ပြဿနာများနှင့် ပတ်သတ်၍ တရားဝင်ဝေဖန်သုံးသပ်ချက်များမှ အချက်အလက်အမှန်များကို ခွဲခြားရန် လိုအပ်သည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များ (သို့) ထင်မြင်ယူဆချက်များကို ထည့်သွင်းစဉ်းစားလျှင် ဖြေရှင်းနည်းအမှားများကိုဖြစ်စေမည့် ပြဿနာ၏အဓိကကအကြောင်းအရင်းကို လွဲချော်သွားလိမ့်မည်။ ထို့ကြောင့် ဖြစ်ရပ်မှန်များနှင့် ဝေဖန်သုံးသပ်ချက်များ၏ ခြားနားချက်ကို သတိထားရန် လိုအပ်သည်။

၃။ ပြဿနာဖြစ်ပွါးစေသည့် ဖြစ်စဉ်ကို ထုတ်ဖော်ပါ။

ဂျပန်ရှိ ဓာတုအင်ဂျင်နီယာ Kaoru Ishikawa ဖန်တီးခဲ့သော Ishikawa diagram ဟု ခေါ်သည့် ငါးရိုးပုံ ပုံကိုသင်သိပါသလား။ ဤပုံသည် ကျွန်တော်တို့၏ ပြဿနာများကို ဖြစ်စေသောအလားအလာရှိသောအချက်များကို ဖော်ထုတ်ရန် ကူညီနိုင်သည်။

၄။ “ဘာကြောင့်လဲ” ဟု အကြိမ်ကြိမ်မေးပါ။

ဖြေရှင်းချက်များအား မချမှတ်မှီ “ဘာကြောင့်လဲ” ဟု အကြိမ်ကြိမ်မေးခြင်းက ဆုံးဖြတ်ချက်ချခြင်းကို ရပ်တန့်ရန် ကျွန်တော်တို့အား တွန်းအားပေးသည်။ ယင်းအစား ဤလုပ်ဆောင်ချက်သည် ကျွန်တော်တို့အား ပြဿနာ၏ အနှစ်သာရ သို့မဟုတ် ကျွန်တော်တို့၏ အတွေးများကို နားလည်စေရန် ကူညီပေးသည်။ ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးမော်တော်ယာဉ်ထုတ်လုပ်သူများဖြစ်သော Toyota motor သည် “ အဘယ်ကြောင့်နည်း” ဟု မေးသည့် နည်းလမ်းကို တစ်ကြိမ်လျှင် (၅ ) ခါ လက်ခံသည်။ မိမိကိုယ်ကို အထပ်ထပ်အခါခါ မေးခြင်းအားဖြင့် ကျွန်တော်တို့သည် ထိရောက်၍ သင့်တော်သော ဖြေရှင်းချက်ကို ရှာဖွေနိုင်လိမ့်မည်။