ခေါင်းဆောင်မှုဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များအတွက်သာမကပဲ စီမံခန့်ခွဲသူမဟုတ်သူများအတွက်ပါ လိုအပ်ပါသည်။ ဒီစာစုသည် သင့်ရဲ့ ခေါင်းဆောင်မှုအရည်အသွေးကိုတိုးတက်စေရန်အတွက် နည်းလမ်းများအကြောင်းဖြစ်ပါသည်။ သင့်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို မြှင့်တင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းပေါ်တွင် သင်သည် ပို၍ပါဝင်ကူညီနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
HBS နှင့် တစ်ခြား နာမည်ကြီး ကျောင်းများမှ သုတေသန ရလဒ်များသည် ယုံကြည်နိုင်သဖြင့် သူတို့ရေးသည့် စာများမှတစ်ဆင့် မိမိအလုပ်အကိုင်တိုးတက်ကြီးပွါးရေးအတွက် လိုသလို လေ့လာအသုံးချနိုင်ပါသည်။
1.
ကျွန်ုပ်တို့သည် Covid19 ကူးစက်ရောဂါ ကြုံတွေ့နေရတဲ့အချိန်အတွင်း ကျွန်ုပ်တို့သည် နေရာတိုင်းတွင် ရုန်းကန်နေကြရပြီး ယခုလို အခြေအနေမျိုးတွေ အခြားအရာများထက် ဂရုစိုက်ကြင်နာခြင်းကို ပို၍လိုအပ်ပါသည်။ တစ်ချို့လူများသည် အခက်အခဲများနှင့် ကြုံတွေ့နေရတဲ့ အချိန်အတွင်းမှာ ယခုကဲ့သို့ လုပ်ရန် မေ့လျော့နေတတ်ကြပါသည်။ သို့သော် သင်ရဲ့ အသင်းအဖွဲ့မှသူများရဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်နိုင်မှုများအတွက် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များအပေါ် ဂရုစိုက်ရန် လိုအပ်ပါသည်။
2.
ဂရုစိုက်ကြင်နာမှုဆိုသည်မှာ ထိရောက်တဲ့ အဖြေတစ်ခု မဖြစ်နိုင်ဘူးဟု ထင်နိုင်ပါသည်။ Mayo Clinic ပြောကြားချက်အရ ဂရုစိုက်ကြင်နာပေးခြင်းသည် ဦးနှောက်အစိတ်အပိုင်းအတွင်းရှိ Oxytocin ဟုခေါ်သည့် လူမှုဆက်ဆံရေးကို ပြုပြင်ပြောင်းလဲခြင်းနှင့် စိတ်ခံစားချက်များကို အကူအညီပေးသော ဟော်မုန်းတစ်မျိုးကို ထုတ်ပေး၍ ကျွန်ုပ်တို့ကိုစိတ်ကျေနပ်မှုခံစားရစေပါသည်။
3.
ဂရုစိုက်ကြင်နာခြင်းတွင် အမျိုးအစားအချို့ရှိပါသည်။ ထိုအထဲမှ လွယ်ကူပြီး အရေးကြီးသော နည်းလမ်းနှစ်ခုကို မိတ်ဆက်ပေးချင်ပါသည်။တစ်စုံတစ်ယောက်သည် အခက်အခဲနှင့်ကြုံတွေ့နေရလျှင် သူတို့သည် သူတို့ခံစားနေရသည်များကို သင့်အားလာပြောနိုင်ပါသည်။ ထိုအချိန်တွင် သင့်အနေဖြင့် ကြင်နာမှုပေးရန်လိုအပ်ပြီး သူတို့သည် သင့်အား ဘာပြောချင်လဲသိနိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ နားထောင်ပေးရုံဖြင့် သူတို့ ခံစားနေရသော စိတ်ဖိစီးမှုများ အတော်အသင့်လျော့ပါးစေနိုင်ပါသည်။ ထို့ကြောင့် လေးစားစွာဖြင့် နားထောင်ပေးပါ။
4.
နောက်ထပ်နည်းလမ်းတစ်ခုမှာ တစ်ခြားသူများကို ကျေးဇူးတင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ ရိုးရှင်းသော်လည်း ထိရောက်သည်မှာ သေချာပါသည်။ ကျွန်ုပ်တို့သည် ဖိအားများအောက်တွင် စိတ်မခန့်မသင့်မှုများ ဖြစ်လာနိုင်ပြီး အမူအကျင့်များသည်လည်း အဆိုးဘက်သို့ ရောက်သွားနိုင်ပါသည်။ အထူးသဖြင့် ယခုလို ကပ်ဆိုးကြုံတွေ့နေရသည့်ကာလတွင် ပြဿနာပေါင်းများစွာ ကြုံတွေ့နေရပါသည်။ သို့ပေမယ့် ကျေးဇူးတင်စကား မကြာခဏပြောခြင်းသည် ယခုလို ဆိုးရွားသည့်အခြေအနေကာလတွင် အခြားအရာများထက် ပို၍လိုအပ်ပါသည်။ ကျေးဇူးတင်စကားပြောခြင်းဖြင့် တစ်ခြားသူများကို ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုကို ရသွားစေနိုင်ပါသည်။ သင်ရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ သင့်ရဲ့မိသားစုဝင်များသာမက စားသောက်ဆိုင်မှဝန်ထမ်းများ၊ ဘဏ်မှဝန်ထမ်းများနှင့် ကော်ဖီဆိုင်မှဝန်ထမ်းများ စသဖြင့် တစ်ခြားသူများသည် သင်၏ လေးစားဖွယ်အမူအကျင့်ကို ရရှိသွားနိုင်ပါသည်။ ထို့ကြောင့် ကျေးဇူးတင်စကားပြောကြားပေးပါ။
—–
ခေါင်းဆောင်မှုအတွက် မရှိမဖြစ်လိုအပ်သော ဂရုစိုက်ကြင်နာခြင်း