ကွဲပြားသောအခြေအနေအောက်မှ ခေါင်းဆောင်မှု

4 October 2021

သင်သည် ကြီးကြပ်သူ မဟုတ်ဘူးဆိုလျှင်တောင် စီးပွားရေးသမားတိုင်းအတွက် ခေါင်းဆောင်မှု လိုအပ်သည်။ ဒီစီးရီးက သင့်ရဲ့ခေါင်းဆောင်မှုကို တိုးတက်စေရန် အကြံဥာဏ်များနှင့် အရည်အချင်းများကို ပြသပေးလိမ့်မည်။ သင်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ခြင်းအားဖြင့် သင်၏စီးပွားရေးမှာ ပိုပြီးအထောက်အကူပြုနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။

ကျွန်ုပ်တို့သည် သင်၏အသက်မွေးဝမ်းကျောင်း ဖွံဖြိုးတိုးတက်မှုအတွက် HBS နှင့် အခြားနာမည်ကျော်အဖွဲ့အစည်းများမှ အလွန်ယုံကြည်စိတ်ချရသော ရလဒ်များရှိပြီး သုတေသနပြုလုပ်ထားပြီးသော ဆောင်းပါးများအား ရည်ညွှန်းပေးပါမည်။
ပထမ ဦးစားပေးမှာ အသင်းကိုစုစည်းရန်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က အမေရိကတွင် ပြင်းထန်သည့်ပဋိပက္ခများကြောင့် ကျွန်ုပ်တို့အဖွဲ့များ အလုပ်တွင် စိတ်ဝမ်းကွဲမှုများအား ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်မျိုး၌ ဤကဲ့သို့သော အခြေအနေများအောက်တွင် ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ခေါင်းဆောင်ကောင်း လိုအပ်ပါသည်။ ဟားဗတ်စီးပွားရေးကျောင်းမှ Ernest L. Arbuckle ပါမောက္ခ Rosabeth Moss Kanter ၏ အဆိုအရ ခေါင်းဆောင်များသည် ၎င်းအဖွဲ့၏ ပဋိပက္ခများကို တခြားအရာများမလုပ်ခင် ဦးစားပေးဖြေရှင်းရန်နှင့် အသင်းအားစုစည်းရန်ဖြစ်သည်။ နိုင်ပွဲတစ်ပွဲကို ရနေချိန်တွင် ကျွန်ုပ်တို့စည်းလုံးရန် အလားအလာရှိသည်။ သို့ရာတွင် ရှုံးနိမ့်နေစဉ်၌ ကျွန်ုပ်တို့သည် ပြိုကွဲနိုင်သည်။ အောင်မြင်မှုရရှိနိုင်ရန် ခေါင်းဆောင်များသည် ၎င်း၏အဖွဲ့ကို စုစည်းရန်လိုအပ်သည်။

ပိုမိုကြီးမားသောပန်းတိုင်ကိုသတ်မှတ်ပြီးလက်ခံလိုက်ပါ။

အဖွဲ့ကိုပေါင်းစည်းရန် ထိရောက်သောနည်းလမ်းတစ်ခုမှာ ပိုမိုကြီးမားသောပန်းတိုင်သစ်ကို လက်ခံရန် ဖြစ်သည်။ ပန်းတိုင် (သို့) ရည်ရွယ်ချက်မရှိလျှင် မည်သူမျှ မစုစည်းနိုင်ပါ။ ခေါင်းဆောင်များသည် အဖွဲ့ဝင်များအား သူတို့သွားနေသောနေရာ (သို့) သူတို့လုပ်နေတဲ့အရာကို ပြသပေးသင့်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အပြောင်းအလဲဖြစ်စေလိမ့်မည်ဟု Rosabeth Moss Kanter က ဆိုသည်။ ထို့အပြင် ပန်းတိုင်အသစ်သည် အဖွဲ့၀င်များ၏ စိတ်ဓာတ်ကို တည်ဆောက်လိမ့်မည်၊ အကြောင်းမှာ အဖွဲ့၀င်များသည် ၎င်းပြီးမြောက်ခြင်းမှ ရရှိလာမည့်အကျိုးကျေးဇူးများကို နားလည်ပြီး စိတ်အားတက်ကြွလာစေသောကြောင့်ဖြစ်သည်။

သတင်းအချက်အလက်များအားသေချာစွာထုတ်ဖော်ခြင်း။

ခေါင်းဆောင်များအတွက် သတင်းအချက်အလက်ကို စေ့စေ့စပ်စပ် ထုတ်ဖော်ပါ။ အတိအကျဆိုရလျှင် ခေါင်းဆောင်များသည် ဆိုးရွားသည့်အခြေအနေများတွင် ပိတ်မိနေစဉ် သူတို့ရဲ့အဖွဲ့၀င်များကို မသိစေချင်သောအချက်များ မြောက်မြားစွာရှိသည်။ သို့သော်လည်း ၎င်းတို့ထံမှ သတင်းအချက်အလက်များကို ဖုံးကွယ်ခြင်းဖြင့် ခေါင်းဆောင်များအနေနှင့် သူတို့၏ ကိုယ်ပိုင်ယုံကြည်မှု ဆုံးရှုံးလိမ့်မည်။ ယင်းအစား ခေါင်းဆောင်များသည် အချက်အလက်များအားလုံးကို ပြသပြီး ဘာလုပ်ရမလဲဆိုသည််ကိုဆွေးနွေးရန် အဖွဲ့ဝင်များအား ဖိတ်ကြားရမည်။

အသင်းသားများနှင့် စာနာမှုကိုဖော်ပြပါ။

ယခင်ဆောင်းပါးတွင်ပြောခဲ့သည့်အတိုင်း ခေါင်းဆောင်များသည် နားထောင်ရန် လိုအပ်သည်။ အဖွဲ့သားများသည် သူတို့အပေါ် ဂရုတစိုက်ပြုမူပေးခြင်းကို ဂရုစိုက်ပြီး လေးစားမှုပြသပေးသည်ကို လိုချင်သည်။ ထို့နောက် သူတို့၏ဆုံးရှုံးမှုများ သို့မဟုတ် ဆင်းရဲဒုက္ခများကို စာနာသည့်အကြောင်း ပြသပေးရန်လည်း လိုအပ်သည်၊ ဤသို့ဖြင့် ခေါင်းဆောင်များသည် အဖွဲ့ဝင်များ၏အာရုံစူးစိုက်မှုကို ရရှိစေပြီး ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်နိုင်လိမ့်မည်။