ကျွန်ုပ်တို့ဘဝကို ဘယ်လိုကောင်းမွန်အောင် ပြုလုပ်ကြမလဲ?

6 October 2021

တကယ်လို့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ဘဝကို သာလွန်ကောင်းမွန်စေချင်ရင် ကျွန်ုပ်တို့အနေနဲ့ မိမိတို့ လျှောက်လှမ်းရမည့် ပန်းတိုင်နှင့် မိမိတို့ရဲ့ တန်ဖိုးကို သိရှိနားလည်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မိမိတို့ရဲ့ ယခုအခြေအနေတွေကို ခွဲခြားသိမြင်နိုင်ဖို့ Paul J Meyer ရဲ့ “Wheel of Life” (ဘဝစက်ဝန်း) ပြုလုပ်ပုံကို မိတ်ဆက်ပေးချင်ပါတယ်။

<<Wheel of Life>>

၁။ စက်ဝိုင်းတခုကို ရေးဆွဲပြီး အပိုင်း ၈ပိုင်း ရေးဆွဲလိုက်ပါ။
၂။ အောက်တွင်ဖော်ပြထားတဲ့ အချက်အလက်များထဲမှ မိမိဘဝတွင်အရေးပါသော ၈ချက်ကို ရွေးချယ်လိုက်ပါ။
(အလုပ်အကိုင် ၊ အချစ်ရေး ၊ မိသားစု ၊ ကိုယ်လက် ကျန်းမာရေး ၊ ငွေရေးကြေးရေး ၊ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက်မှု ၊ ပျော်ရွင်မှု နှင့် အပန်းဖြေလှုပ်ရှားမှု ၊ သူငယ်ချင်းပေါင်းဖော် ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၊ လေ့လာသင်ယူမှု)
၃။ မိမိရွေးချယ်ထားသော အချက်အလက်များကို စက်ဝိုင်း၏ အပိုင်း ၈ပိုင်းတွင် ဖြည့်စွက်လိုက်ပါ။
၄။ မိမိစိတ်ကျေနပ်မှုကို တိုင်းတာရန် အပိုင်း ၁ပိုင်းချင်းစီကို အမှတ်ပေးလိုက်ပါ။ (၁၀မှတ်သည် အများဆုံးဖြစ်သည်)
၅။ Spider Diagram ရရှိဖို့ မိမိအမှတ်များကို မျည်းဖြောင့်ဖြင့် ချိတ်ဆက်လိုက်ပါ။
မိမိရေးဆွဲထားတဲ့ ပုံကိုကြည့်ခြင်းအားဖြင့် မိမိဘဝရဲ့ အားရကျေနပ်မှု ရှိသောအချက် နဲ့ မိမိတွင် လိုအပ်နေတဲ့ အချက် များကို သိရှိနိုင်ပါတယ်။
နောက်နေ့များမှာတော့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လို အသုံးပြုရမလဲဆိုတဲ့ အချက်အလက်တွေကို ထပ်ပြီးပြောပြပေးသွားပါမယ်။