ကျွန်တော်တို့က အဆိုးမြင်ကိစ္စရပ်တွေအပေါ် အမြဲတစေ အာရုံစူးစိုက်မိတဲ့အခါ ဘာတွေဖြစ်တတ်သလဲ။ ထိုအခြင်းအရာက ကျွန်တော်တို့ရဲ့ အပြုအမူနှင့် စွမ်းဆောင်ရည်များအပေါ် ဆိုးကျိုးသက်ရောက်လိမ့်မည်။ အကယ်၍ သင်သည် သင်၏အဖွဲ့တွင် စီးပွါးရေးပြဿနာများနှင့် ရင်ဆိုင်နေရပါက ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းက ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို အကျိုးသက်ရောက်မှုရှိနိုင်လိမ့်မည်။ မန်နေဂျာနှင့် ခေါင်းဆောင်သည် စံပြပုဂ္ဂိုလ်အဖြစ် ပြုမူရန် လိုအပ်သည်။ ထိုသို့ပြုမူချိန်တွင် ၎င်းသည် အဖွဲ့သားများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အပြုအမူတိုးတက်လာမှုတို့ကို ပံ့ပိုးပေးနိုင်လိမ့်မည်။
ကျွန်တော်တို့သည် ကျေးဇူးတင်ကြောင်း အများအားဖြင့် ပြသသောအခါ မည်ကဲ့သို့သော အကျိုးကျေးဇူးများကို ပေးနိုင်မည်နည်း။
– ပိုမိုအားကောင်းသော လှုံ့ဆော်မှု
– ပြင်းထန်သောဆက်ဆံရေးများကို မြင့်တင်ပေးနိုင်ခြင်း
– ကိုယ်တိုင်စည်းကမ်းများကို ထိန်းသိမ်းနိုင်ခြင်း
– တခြားသူများ၏ကိုယ့်အပေါ် ထုတ်ဖော်ပြသမှုများအား ထည့်သွင်းစဉ်းစားလာနိုင်ခြင်း
– သည်းခံနိုင်စွမ်း တိုးတက်လာခြင်း
ကျွန်တော်တို့သည် ကျေးဇူးတင်ကြောင်း မည်ကဲ့သို့ ပြသနိုင်မည်နည်း။
#၁ “ကျေးဇူးတင်ပါသည်”ဟု တိုက်ရိုက်ပြောဆိုပါ။ ကျွန်တော်တို့က ကျေးဇူးတင်ကြောင်းပြောဆိုရမည်ကိုသိသော်လည်း အခက်အခဲများ၊စိတ်ရှုပ်ထွေးစရာကိစ္စများနှင့် ကြုံကြိုက်နေရချိန်တွင် ထိုသို့ပြောဆိုရန်မေ့နေတတ်ကြသည်။ဒါ့ကြောင့် ဂရုတစိုက်ပြောပေးရန် လိုအပ်ပါသည်။ ကျွန်တော်တို့သည် အကြောင်းအရင်းတချို့ကြောင့် ကျေးဇူးတင်စကား မပြောမိသော်လည်း တစ်ဖက်လူသည် ကျွန်တော်တို့၏အကြောင်းအရင်းကို မသိနိုင်သည့်အတွက် နားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
#၂ ကျေးဇူးတင်ရမည့်အရာများအကြောင်း ဒိုင်ယာရီမှတ်တမ်းထားပါ
စိတ်ကူးတစ်ခုအနေဖြင့် ကျေးဇူးတင်ရမည့်အရာအကြောင်း ဒိုင်ယာရီထဲတွင် အကျဉ်းချုပ်ရေးပါ။ ဥပမာအားဖြင့် ငါ့ကိုဒီနေ့ဘယ်သူကူညီပေးခဲ့လဲ။ ဒီနေ့အတွက် ဘယ်လိုကိစ္စရပ်မျိုးကို ကျေးဇူးတင်ရမလဲ စသဖြင့် ကျွန်တော်တို့ လူတစ်ဦးတစ်ယောက်ချင်းအပေါ်၊ ကျေးဇူးတင်သင့်သည့် အရာများအပေါ် စာကြောင်းတစ်ကြောင်းတည်းနဲ့ အကျဉ်းချုပ်ချရေးလိုက်လို့ ရပါတယ်။
#၃ အလုပ်ဆွေးနွေးမှုတစ်ခုထားခြင်း
ဒါက အဖွဲ့ဝင်တိုင်းအတွက်ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျွန်တော်တို့ဟာ အဖွဲ့ဝင်တစ်ဦးနှင့်တစ်ဦး ကျေးဇူးတင်ကြောင်း ဖော်ပြပေးနိုင်တယ်။ ထိုသို့ပြုလုပ်ဖို့ခက်ခဲပါက အဖွဲ့ဝင်များအား တစ်ယောက်ချင်း ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသပေးနိုင်တယ်။ ထိုအချိန်တွင် သင်သည် အဖွဲ့ဝင်များနှင့် ခိုင်မာသောဆက်ဆံမှုကို ရရှိနိုင်လိမ့်မယ်။