အခုချိန်မှာ လူအားလုံးက ခက်ခဲသော အခြေအနေပေါင်းများစွာကို ကြုံတွေ့နေကျပါတယ်။ အဲ့တာဆို အခုလိုချိန်မှာ မန်နေဂျာ (သို့) ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ သင့်ရဲ့ဝန်းထမ်းတွေကို ဘယ်လိုပြောဆိုဆက်ဆံကျမလဲ? အခုအချိန်မှာ လူသားတယောက်အနေနဲ့ emotional (စိတ်ခံစားချက်)တွေဟာ ထိခိုက်ဖို့လွယ်ကူပါတယ်။ ခေါင်းဆောင်ကောင်းတယောက်ဟာ အခုခြေနေတွေမှာ မိမိ၏ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ ဒါမှမဟုတ်ရင် သင့်ရဲ့ဆုံးဖြတ်ချက်တွေဟာ သင့်ဝန်ထမ်းများ စိတ်အခြေအနေနှင့် သင့်ရဲ့စီးပွားရေးကိုထိခိုက်နိုင်ပါတယ်။
<မသေချာ မရေရာတဲ့ အခြေအနေမှာ အလိုအလျှောက် တုံ့ပြန်နိုင်သော အမူအကျင့်>
ပူပင်မှုတွေကိုလျော့ချပြီး သတင်းဆိုးများပေါ် မှီတွယ်မနေပါနှင့်။
<မသေချာ မရေရာတဲ့ အခြေအနေမှာ လိုအပ်သော အမူအကျင့်>
သတင်းစကားများကို ရှင်းလင်းစွာ ပြောဆိုပါ
သတင်းဆိုးများကို ခနတိုင်းပြောဆိုခြင်းမှ ကောင်းကျိုးများ မရရှိနိုင်ပါဘူး။ စိတ်ဓာတ်ကျခြင်းနှင့် အလုပ်အကိုင်များသာ မှားယွင်းစေနိုင်ပါတယ်။ ထို့ကြောင့် သတင်းစကား လိုတာထက်မပို တိကျရှင်းလင်းစွာ ပြောဆိုတတ်ရပါမယ်။
ဤတွင် သတင်းကောင်းများ ပြောဆိုခြင်းများလဲ ပါဝင်ပါတယ်။ လူတိုင်းအတွက် မျှော်လင့်ခြင်းသည် အားအင်ဖြစ်စေနိုင်သလို ဆုတ်လျော့ခြင်းများလဲ ဖြစ်စေနိုင်ပါတယ်။