နည်းစနစ်ကျကျကောင်းမွန်သောအလေ့အကျင့်-ဝန်ထမ်းများ စိုးရိမ်ရှက်ကြောက် တိတ်ဆိတ်မှု ဖြိုဖျက်ခြင်း

27 October 2021

Strategic Fitness Process(SFP) – အဖွဲ့အစည်းတခုရဲ့ တိတ်ဆိတ်မှုကို ဖြိုးခွဲရန်
အဖွဲ့အစည်းတခုအတွင်း အဆက်အသွယ်ပျက်တောက်ခြင်းဟာ အမှားပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Professor Michael Beer (Harvard Business School) ကတော့ အဖွဲ့အစည်းအတွင်း တိတ်ဆက်မှုတွေမရှိအောင် Strategic Fitness Process (SFP) ကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာက ဤနည်းလမ်းများကို အသုံးပြုပြီး ရလဒ်ကောင်းများ ရရှိထားပါတယ်။ SFP ဟာ အသင်းတခုအတွင်း အကြံပြုဆွေးနွေးချက်များပြုလုပ်စေပြီး ပွင့်လင်းသောဆွေးနွေးအကြံပြုချက်များကို ရရှိစေပါတယ်။ Leader တယောက်အနေနဲ့ ထိုသို့ ရလဒ်များရရှိဖို့ အောက်ပါအချက်အလက်များတော့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၁။ စကားဝိုင်းတခုအတွင်း အရေးကြီးသော အချက်အလက်များကို အာရုံစိုက်ပါ။
Leader များအနေနဲ့ အသင်းသားများ ဆွေးနွေးအကြံပြုချက်များကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။

၂။ အမှားများကို မြင်သာအောင် ထောက်ပြပါ။
Leader တယောက်အနေနဲ့ အဖွဲ့သားများ အကြံပြချက်များအတွင်း အမှားများအားထောက်ပြပြီး ကိုယ့်ရဲ့ အမြင်များကိုလဲ ဆွေးနွေးဖလှယ်ပါ။

၃။ တုန့်ပြပါ ၊ စိစစ် စစ်ဆေးပါ ၊ ပြောင်းလဲဖို့ နည်းလမ်းများ ရေးဆွဲပါ။
ခေါင်းဆောင်မှု အသင်းတခုအနေနဲ့ အမှန်တရားပေါ်မှုတည်ပြီး တုန့်ပြန်ပါ၊ အဖွဲ့အစည်းကို ဒုက္ခပေးနိုင်သော အရာများကို စိစစ် စစ်ဆေးပါ၊ company အတွက်အကျိုးပြုစေသော စည်းစနစ်ကျသော နည်းလမ်းများကို ရေးဆွဲပါ။

၄။ လူအများရဲ့ တာဝန်ခံမှု ရရှိအောင် ရရှိလာမည့် ရလဒ်များကို မျှဝေပါ။
ရရှိနိုင်မည့် ရလဒ်များအား မျှဝေခြင်းဖြင့် အသင်းသား တဦးတယောက်ချင်းဆီရဲ့ တာဝန်ယူမှုကို တိုးပွားစေပြီး သူတို့ရဲ့ စိတ်ဓာတ်နှင့် အသိအမြင်များကိုပါ တိုးလာစေပါတယ်။

၅။ အထက်တွင် ဖော်ပြထားသော လုပ်ငန်းစဉ်များကို အခါအားလျှော်စွာ ပြုလုပ်ပါ။
SFP ဟာ ထိရောက်သော နည်းလမ်းတခုဖြစ်ပေမဲ့ တခါပြုလုပ်ယုံနှင့် မလုံလောက်ပါ။ Leader များအနေဖြင့် အသင်းအဖွဲ့အတွင်း ပွင့်လင်းသော ဆွေးနွေးအကြံပြုချက်များ ရှိစေဖို့ အမြဲတမ်း အားထုတ်ဖို့ လိုအပ်ပါတယ်။