သင့်ဘဝစက်ဝန်း အကြောင်းစဥ်းစားကြည့်ရအောင်

8 October 2021

သင့်ဘဝရဲ့ စက်ဝန်းပေါ်မူတည်၍ သင့်ရဲ့လက်ရှိဘဝတွင် စိတ်ကျေနပ်ခြင်းနဲ့ မကျေနပ်ခြင်းအကြောင်းကို နားလည်သိရှိနိုင်ပါသည်။ သင်ကိုယ်တိုင် သတ်မှတ်ထားသော သင့်ရဲ့ ဇယားကို စဥ်းစားနိုင်ပါသည်။

1. အရေးကြီးဆုံး အချက်၈ချက်ရှိသည့်အနက် မည်သည့် အချက်ကို သင်ဂရုစိုက်သင့်ပါသလဲ။
2. သင်ရွေးချယ်လိုက်ပြီး ယခုချက်ချင်းလုပ်ဆောင်နိုင်သည့် အချက်ထဲမှ လုပ်ဆောင်ရန် ၃ချက်ကို စဥ်းစားကြည့်ပါ။
3. ချက်ချင်း လုပ်ကြည့်ပါ။ သင့်ဘဝကို ချက်ချင်းတိုးတက်စေနိုင်ပါသည်။
မလုပ်နိုင်ဘူး၊ မလုပ်ဘူး၊ မလုပ်ခဲ့ဘူး ကဲ့သို့သော “မ” ပါတဲ့ အငြင်းစကားလုံးများနဲ့ စကားစုများအကြောင်းနှင့် “နိုင်သည်” ဆိုတဲ့ စကားလုံးအကြောင်းစဥ်းစားကြည့်ရအောင်။ ငါမလုပ်နိုင်ဘူးနှင့် ဒါလုပ်နိုင်လောက်အောင် ငါအရည်အချင်းမရှိဘူး ဟုထင်နိုင်ပါသည်။ အဆိုပါစကားလုံးများသည် ကျွန်ုပ်တို့ရဲ့ဘဝရဲ့ အတွေးတွေကို ကန့်သတ်ထားခြင်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ပဲ အဆိုပါ ကိစ္စများကို ငြင်းပယ်နိုင်ရပါမည်။ ဥပမာအားဖြင့် သင့်မှာ အရည်အချင်းမရှိပါက သင်မလုပ်နိုင်ဟု သင်ထင်နိုင်ပါသည်။ အဆိုပါစကားလုံးများသည် ကျွန်ုပ်တို့ဘဝရဲ့ အတွေးတွေကို ကန့်သတ်ထားခြင်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ပဲ အဆိုပါ ကိစ္စများကို ငြင်းပယ်နိုင်ရပါမည်။ ဥပမာအားဖြင့် သင့်မှာ အရည်အချင်းမရှိပါက သင်မလုပ်နိုင်ဟု သင်ထင်နိုင်ပါသည်။ ထိုနည်းလည်းကောင်း သင့်တွင် လုံလောက်သော အရည်အချင်းနှင့် အတွေ့အကြုံမရှိသော်လည်း သင် လုပ်နိုင်လိမ့်မည်ဟု တွေးနိုင်ပါသည်။ မည်သည့်အခက်အခဲသည် သင့်ကို အထောက်အပံ့ပေးနိုင်မည်ထင်ပါသနည်း။ သင် ထိုကဲ့သို့မလုပ်ပါက မည်သည့် အခက်အခဲနှင့် ပြဿနာများကြုံတွေ့နိုင်မည်ဟု ထင်ပါသနည်း။ သင် အလုပ်လုပ်ရန်အတွက် အတွေးအခေါ်နှင့် အယူအဆများကို ကန့်သတ်ထားခြင်းများကြုံတွေ့ရသည့်အခါတိုင်း ထိုကဲ့သို့စဥ်းစားကြည့်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ပိုမိုတွေးခေါ်တတ်လာပြီး အကောင်းမြင်တတ်လာပါလိမ့်မည်။