[သင့်ရဲ့အမြတ်အစွန်းတိုးပွားရန်မရှိမဖြစ်လိုအပ်သောနည်းလမ်း – အရည်အသွေးမြင့်မားသောအသိပညာ]
သင့်ရဲ့အမြတ်အစွန်းတိုးမြှင့်ဖို့လိုအပ်တဲ့အရာတွေအများကြီးရှိပါတယ်။ အဲ့ထဲကတခုကတော့ “မြင့်မားတဲ့ အရည်အသွေး” ပဲဖြစ်ပါတယ်။ သို့သော်လည်း ယနေ့ခေတ်မှာတစ်စုံတစ်ခုကို ၀ယ်ယူမယ်ဆိုရင် ရွေးချယ်စရာအများကြီးရှိတဲ့အတွက်ကြောင့် သာမန်အရည်အသွေးကောင်းခြင်းတစ်ခုတည်းက သင့်ကုန်ပစ္စည်း(သို့မဟုတ်) ၀န်ဆောင်မှုရဲ့အားသာချက်မဟုတ်နိုင်တော့ပါဘူး။ ကျွန်ုပ်တို့ဟာအရည်အသွေးနိမ့်တဲ့ပစ္စည်းကိုရောလိုချင်ကြသလား ??? သေချာပေါက်မလိုချင်ပါဘူး!! ဒါကြောင့် သင်ဟာအမြတ်အစွန်းများများရအောင် ထုတ်ကုန်များ(သို့မဟုတ်) ၀န်ဆောင်မှုများကို ထုတ်လုပ်ပြီးရောင်းချတဲ့အခါ အရည်အသွေးဆိုတာက မရှိမဖြစ်လိုအပ်သောအရာဖြစ်လာပါတယ်။ တစ်နည်းဆိုရသော် ဈေးကြီးပေးရပြီး အရည်အသွေးနိမ့်တဲ့ကုန်ပစ္စည်းများကို ရောင်းချနိုင်ချေလုံးဝမရှိပါဘူး။
ဒါကြောင့်သင်ရဲ့ ထုတ်ကုန်၊ ဒါမှမဟုတ် ၀န်ဆောင်မှုအရည်အသွေးကိုအထူးဂရုပြုရပါမယ်။ ဒီ Awareness ကို Quality Awareness လို့ခေါ်ပါတယ်။ အမြတ်အစွန်းတိုးဖို့အတွက်ဆိုရင် အရည်အသွေးမြင့်မားတဲ့အသိအမြင်ရှိဖို့လိုအပ်ပြီး သင့်ရဲ့ Client တွေနဲ့ Customer တွေမျှော်မှန်းထားတဲ့အရည်အသွေးထက်ပိုပြီးတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေကိုပေးဖို့လိုအပ်ပါတယ်။
အခြားတစ်ဖက်မှာတော့, သင်ဟာကုမ္ပဏီတစ်ခုထဲမှာပင် အရည်အသွေးမြင့်အသိအမြင်ရရှိနိုင်ပါတယ်။ သင့်ရဲ့ Supervisor ဒါမှမဟုတ် သင့်အထက်က စီနီရာတစ်ဦးဦးက သင့်ကိုအလုပ်တစ်ခုခုလုပ်ဖို့ပြောတဲ့အခါ သင်ဟာအဲ့ဒီ့အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ရမှာ ထူးခြားတဲ့အရာမဟုတ်ပဲ ထုံးစံပဲဖြစ်ပါတယ်။ သူတို့ထင်ထားတာထက်ပိုလုပ်နိုင်မှသာ သင့်ရဲ့အလုပ်ကိုအကဲဖြတ်ပြီး အသိအမှတ်ပြုမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေတဲ့အချိန်မှာ သင့်ရဲ့ အရည်အသွေးအသိအမြင်ကိုမမေ့မလျော့ပဲကြိုးစားဖို့လိုပါတယ်။
[ အရည်အသွေးမြင့်မားသောအသိအမြင်ဆိုင်ရာလုပ်ဆောင်ချက်များ]
ဒီ Post မှာတော့ သင့်ရဲ့ Product တွေ၊ Services တွေကို တိုးတက်ရန်အထောက်အကူဖြစ်စေတဲ့ QR Circle ဆိုတာကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ QR Circle ကနေတစ်ဆင့် သင်နဲ့ သင့် Team အတွက် အရည်အသွေးတိုးတက်ဖို့ နည်းလမ်းတွေကိုရှာတွေ့ပါလိမ့်မယ်။ QR Circle ရဲ့ ရိုးရှင်းတဲ့ အဆင့်တွေကတော့
အဓိကအကြောင်းအရာကို စဉ်းစားဆုံးဖြတ်ပြီးတော့ အဲ့ဒီ့နယ်ပယ်ကပြဿနာတွေကိုဦးစားပေးဖြေရှင်းပါ
အချက်အလက်ကောက်ယူခြင်းနဲ့ဆန်းစစ်ခြင်းအားဖြင့်ပြဿနာရဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးပါ
တိုးတက်မှုအတွက်အစီအစဉ်ကိုကြံဆပါ၏
တိုးတက်မှုအစီအစဉ်တွေကိုအကောင်အထည်ဖော်ပါ
ရလဒ်ကို အကဲဖြတ်ပြီး အနာဂတ်အစီအစဉ်ကိုရေးဆွဲပါ
ရှေ့၀န်ထမ်း ၁၀ ဦး ပါ၀င်သောအဖွဲ့ငယ်လေးမှ QC စက်ဝိုင်းလုပ်ငန်းစဉ်ကိုပြုလုပ်ရမှာဖြစ်ပါတယ်။ သုတေသနနဲ့သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံများကိုအခြေခံပြီး တိုးတက်မှုအစီအစဉ်များကိုသူတို့အကောင်အထည်ဖော်ပါလိမ့်မယ်။ ၎င်းကိုကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ မကြာခဏအသုံးပြုလေ့ရှိပေမယ့်လည်း သင်ဘယ်လိုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေပါစေ ၎င်းကိုသင်ကိုယ်တိုင်ချမှတ်သင့်ပြီး သင့်ရဲ့၀န်ဆောင်မှုအရည်အသွေးကိုတတ်နိုင်သမျှအမြန်ဆုံးတိုးတက်အောင်ကြိုးစားသင့်ပါတယ်။
[နိဂုံး]
အကယ်၍ သင်ဟာ ကုမ္ပဏီတစ်ခုခုမှ ဝန်ထမ်းငယ်တစ်ဦးဖြစ်တယ်ဆိုရင်တော့ သင်ဟာ သင့်ကုမ္ပဏီထုတ်ကုန်တွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေနဲ့ တိုက်ရိုက်ထိတွေ့ရပါလိမ့်မယ်။ ဒါကြောင့်သင်ဟာ အရည်အသွေးမြင့်မားတဲ့အသိပညာရှိထားဖို့လိုအပ်ပါတယ်။ သင့်ကုမ္ပဏီ ဘယ်လောက်အကျိုးအမြတ်ရရှိလဲဆိုတာ သင်ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတဲ့သင့်အရည်အချင်းအပေါ်မူတည်ပါတယ်။ ဒါကြောင့်သင်ရဲ့အရည်အသွေးမြင့်မားတဲ့အသိအမြင်က သင့်ကုမ္ပဏီရဲ့အမြတ်အစွန်းအတွက်တာ၀န်ရှိပါတယ်။ သင်ဟာ Supervisor တစ်ဦးဖြစ်နေတယ်ဆိုရင်တောင် သင့်ရဲ့ Quality Awareness ကို စွဲမြဲစွာမှတ်သားထားဖို့လိုပါတယ်။
[Reference]
Detail explanation about the way of QC Circle (Workplacefundi)