စီးပွားရေးသမားတစ်ယောက်အနေဖြင့် လုပ်ငန်းခွင်တွင်“ Report / Contact / Consultation (RCC)” ရှိရန်လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လုပ်ငန်းခွင်တွင် RCC မရှိခြင်းသည် ကြီးလေးသောပြဿာနာများကိုဖြစ်စေနိုင်ပါတယ်။ ဒီ post မှာတော့ သင့်ကို RCC ရဲ့ အရေးပါမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
“Report/ Contact / Consultation (RCC)” လုပ်ငန်းစဉ်တွေဟာ သင့်အားအခြားသူများနှင့်သတင်းအချက်အလက်တွေမျှဝေဆောင်ရွက်တတ်ပြီး အမှားပြုလုပ်မိခြင်းမှတတ်နိုင်သမျှရှောင်ရှားကာ သင့်ရဲ့လုပ်ငန်းတာဝန်တွေကိုအဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေနိုင်ပါတယ်။
[ “Report(အစီရင်ခံစာ)” အကြောင်း ]
ဒီတစ်ခေါက်မှာတော့ “Report(အစီရင်ခံစာ)” ဆိုတဲ့ အပိုင်းအကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်။ “Report” ရဲ့ အဓိပ္ပါယ်ကတော့
Report: (အဓိကအားဖြင့်လက်အောက်ငယ်သားများအနေဖြင့်) သူတို့ရဲ့ Supervisor များက သူတို့ကိုပေးတဲ့အလုပ်တာဝန်တွေရဲ့ အခြေအနေများကို Supervisor များအားပြန်လည်တင်ပြခြင်းကိုဆိုလိုပါတယ်။
“Report (အစီရင်ခံစာ)” အတွက်အချက် ၃ချက်ကိုဖော်ပြပေးမှာဖြစ်တဲ့အတွက်အောက်ပါအချက်အလက်များကို ကိုးကားနိုင်ပါတယ်။
အချက်အလက်များကိုခွဲခြားပြီး ၎င်းအချက်အလက်များအကြောင်းကို ရှင်းလင်းဖော်ပြပါ
အဆုံးသတ် ထင်မြင်သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များကိုလည်းတင်ပြပါ
သင့်တော်သောအချိန်အခါတွင် အစီရင်ခံပါ
သင်ရဲ့အစီရင်ခံစာကိုရှင်းရှင်းလင်းလင်းဖြစ်စေရန် PREP ဆိုသော Framework ကိုအသုံးပြုခြင်းသည်ခိုင်မာသောနည်းလမ်းပဲဖြစ်ပါတယ်။
Point : နိဂုံးချုပ်အနေနဲ့သင်ပြောလိုတဲ့ အကြောင်းအရာတွေကို အကျဉ်းချုံးပြောပါ
Reason : ဘာကြောင့်ဒီလိုဆုံးဖြတ်တာလဲ၊ ဘာကြောင်ဒီလိုပြောရတာလဲဆိုတာရှင်းပြပါ
Example : သင့်အတွေးများရဲ့ယုံကြည်စိတ်ချရမှုကိုတိုးတက်စေရန် တိကျတဲ့ဥပမာများနဲ့တကွဖော်ပြပါ
Point : သင့်ရဲ့ ထင်မြင်ချက်ကို ထပ်မံ ပြောဆိုပါ
ပြီးပြည့်စုံသော“Report(အစီရင်ခံစာ)” ကိုပြုလုပ်ရန်အထက်ပါအချက်အလက်တွေကို သင့်စိတ်ထဲစွဲမြဲစွာမှတ်သားထားရမှာဖြစ်ပါတယ်။ ဒီသဘောတရားအချက်အလက်တွေဟာအခြေခံကျတယ်လို့ထင်ရသော်လည်း စီးပွားရေးသမားတစ်ဦးအတွက်တော့အရမ်းအရေးကြီးပါတယ်။