စီးပွားရေးသမားတစ်ယောက်အနေဖြင့် လုပ်ငန်းခွင်တွင်“ Report / Contact / Consultation (RCC)” ရှိရန်လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လုပ်ငန်းခွင်တွင် RCC မရှိခြင်းသည် ကြီးလေးသောပြဿာနာများကိုဖြစ်စေနိုင်ပါတယ်။ ဒီ post မှာတော့ သင့်ကို RCC ရဲ့ အရေးပါမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
“Report/ Contact / Consultation (RCC)” လုပ်ငန်းစဉ်တွေဟာ သင့်အားအခြားသူများနှင့်သတင်းအချက်အလက်တွေမျှဝေဆောင်ရွက်တတ်ပြီး အမှားပြုလုပ်မိခြင်းမှတတ်နိုင်သမျှရှောင်ရှားကာ သင့်ရဲ့လုပ်ငန်းတာဝန်တွေကိုအဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေနိုင်ပါတယ်။
[“Consultation” (တိုင်ပင်ဆွေးနွေးခြင်း) အကြောင်း]
“တိုင်ပင်ဆွေးနွေးခြင်း” သည်သင်ဆုံးဖြတ်ချက်မချနိုင်သည့်အခါ (သို့မဟုတ်) သင်နားမလည်နိုင်သည့်အရာတစ်ခုခုရှိသည့်အခါ တခြားသူထံမှအကြံဥာဏ်တောင်းခံခြင်းဖြစ်ပါတယ်။ သို့သော်၊ “တိုင်ပင်ဆွေးနွေးခြင်း” ကိုပဲသင်အမြဲတမ်းမှီခိုမနေသင့်ပါဘူး။ သင်တတ်နိုင်သမျှ သင်ကိုယ်တိုင်ဆုံးဖြတ်ချက်များကိုချနိုင်ရန်ကြိုးစားပြီး ရလဒ်များကို “Report” (သို့မဟုတ်) “Contact” မှတစ်ဆင့်သတင်းပေးပို့ရပါမယ်။
တိုင်ပင်ဆွေးနွေးခြင်းမပြုမီ သင်သတိထားရန်လိုအပ်တဲ့အချက်လေးချက်ရှိပါတယ်။
(၁) သင်ဘာပြောမည်ကိုဆုံးဖြတ်ရန်
– သင်ဘယ်လိုပြဿနာကိုကြုံတွေ့နေရလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါတယ်။
(၂) မည်သူနှင့်တိုင်ပင်မည်ကိုဆုံးဖြတ်ရန်
– သင့်ကိုကူညီနိုင်မယ့်အသင့်တော်ဆုံးပုဂ္ဂိုလ်ကိုသင်ရှာဖွေသင့်ပါတယ်။
(၃) သင်တိုင်ပင်ဆွေးနွေးရန်မည်မျှကြာမည်ကိုဆုံးဖြတ်ရန်
– အတိုင်ပင်ခံသည်သင့်အတွက် အချိန်အရမ်းအများကြီးမသုံးစေရန် သင့်တော်တဲ့အချိန်ပမာဏကို စဉ်းစားသင့်ပါတယ်။
(၄) တိုင်ပင်ဆွေးနွေးရန်အတွက်အသုံးပြုမည့်စာရွက်စာတမ်းများပြုလုပ်ရန်
– သင်ပြောလိုသည့်အကြောင်းအရာကို အကြံပေးနားလည်နိုင်ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများကိုသင်ပြင်ဆင်သင့်ပါတယ်။
သင်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရာတွင်လည်း လိုအပ်သောအချက်သုံးချက်ရှိပါတယ်။
(၁) လက်ရှိအခြေအနေကိုရှင်းပြရန်
– သင်ရဲ့အတိုင်ပင်ခံအား အခြေအနေကိုကောင်းစွာနားလည်စေရန်ခွင့်ပြုသင့်ပါတယ်။ ဒီနေရာတွင် PREP မူဘောင်က အထောက်အကူပြုပါတယ်။
(၂) သင်ရည်ရွယ်သောရည်မှန်းချက်ကိုရှင်းပြရန်
– သင့်ရဲ့လက်ရှိအခြေအနေနှင့် သင်လုပ်လိုသည့်အရာ၊သင့်ရဲ့ပန်းတိုင်များအကြားရှိကွာဟချက်များကို အတိုင်ပင်ခံအားနားလည်ရန်ခွင့်ပြုသင့်ပါတယ်။
(၃) တိုင်ပင်ဆွေးနွေးခြင်းမပြုမီသင်လုပ်ခဲ့သည့်အရာများနှင့်ရလဒ်များကိုအသိပေးရန်
– ပြဿနာကိုဖြေရှင်းရန်သင့်ဘာတွေလုပ်ခဲ့တယ်ဆိုတာနဲ့ သင့်ရဲ့စိတ်ရင်းမှန်ကိုပြသသင့်ပါတယ်။