စီးပွားရေးသမားတစ်ယောက်အနေဖြင့် လုပ်ငန်းခွင်တွင်“ Report / Contact / Consultation (RCC)” ရှိရန်လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လုပ်ငန်းခွင်တွင် RCC မရှိခြင်းသည် ကြီးလေးသောပြဿာနာများကိုဖြစ်စေနိုင်ပါတယ်။ ဒီ post မှာတော့ သင့်ကို RCC ရဲ့ အရေးပါမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
“Report/ Contact / Consultation (RCC)” လုပ်ငန်းစဉ်တွေဟာ သင့်အားအခြားသူများနှင့်သတင်းအချက်အလက်တွေမျှဝေဆောင်ရွက်တတ်ပြီး အမှားပြုလုပ်မိခြင်းမှတတ်နိုင်သမျှရှောင်ရှားကာ သင့်ရဲ့လုပ်ငန်းတာဝန်တွေကိုအဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေနိုင်ပါတယ်။
[“Contact(ဆက်သွယ်မှု)” အကြောင်း]
ဒီတစ်ခေါက်မှာတော့ “Contact” ဆိုတဲ့အပိုင်းအကြောင်းရှင်းပြမှာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့
Contact – ပါဝင်ပတ်သက်သူတွေကိုလုပ်ငန်းရဲ့လည်ပတ်မှု (သို့) လုပ်ငန်းအကြောင်းအချက်အလက်တွေကိုသိစေရန်ဆက်သွယ်ခြင်း
“Contact(ဆက်သွယ်မှု)” အတွက်အချက်ငါးချက်ကိုဖော်ပြပေးမှာဖြစ်တဲ့အတွက်အောက်ပါအချက်အလက်များကို ကိုးကားနိုင်ပါတယ်။
(၁) Contact ရဲ့ အဓိပ္ပါယ်ကို သေချာစဉ်းစားဆုံးဖြတ်ပါ
(၂) သင်ဆက်သွယ်ပြီးတဲ့အကြောင်းအချက်များကို Confirm လုပ်ပါ
(3) မပြတ်မသားသောဆက်သွယ်မှုများကို ရှောင်ရှားပါ
(4) လျင်မြန်သောဆက်သွယ်မှုကို ဦးစားပေးသင့်ပါတယ်
(5) ပါဝင်ပတ်သက်သူအားလုံးကိုဆက်သွယ်ပါ
ပြီးပြည့်စုံသော“Contact (ဆက်သွယ်မှု)” ကိုပြုလုပ်ရန်အထက်ပါအချက်အလက်တွေကို သင့်စိတ်ထဲစွဲမြဲစွာမှတ်သားထားရမှာဖြစ်ပါတယ်။ ဒီသဘောတရားအချက်အလက်တွေဟာအခြေခံကျတယ်လို့ထင်ရသော်လည်း စီးပွားရေးသမားတစ်ဦးအတွက်တော့အရမ်းအရေးကြီးပါတယ်။