စီးပွားရေးသမားတစ်ယောက်အနေဖြင့် လုပ်ငန်းခွင်တွင်“ Report / Contact / Consultation (RCC)” ရှိရန်လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လုပ်ငန်းခွင်တွင် RCC မရှိခြင်းသည် ကြီးလေးသောပြဿာနာများကိုဖြစ်စေနိုင်ပါတယ်။ ဒီ post မှာတော့ သင့်ကို RCC ရဲ့ အရေးပါမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
RCC (Report, Contact, Consultation) ဆိုတာဘာလဲဆိုတာနဲ့စတင်ရမယ်ဆိုရင်တော့ အနက်အဓိပ္ပါယ်ကို အောက်ပါအတိုင်းဖွင့်ဆိုရပါလိမ့်မယ်…
Report (အဓိကအားဖြင့်လက်အောက်ငယ်သားများအတွက်) – သင့်ရဲ့လုပ်ငန်းခွင်မှ တစ်နေ့တာလုပ်ဆောင်ချက်များ (သို့မဟုတ်) ရလဒ်များကို သင့်အားညွှန်ကြားချက်များပေးသော သင့်အထက်က Supervisor များ၊ Manager များထံ အစီရင်ခံရန်
Contact – ပါဝင်ပတ်သက်သူတွေကိုလုပ်ငန်းလည်ပတ်မှု (သို့) လုပ်ငန်းအကြောင်းအချက်အလက်တွေကိုသိစေရန်
Consultation – လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းစိတ်ရှုပ်ထွေးလာသောအခါအခြားသူများအားအကြံဥာဏ်တောင်းခံရန်
“Report/ Contact / Consultation (RCC)” လုပ်ငန်းစဉ်တွေဟာ သင့်အားအခြားသူများနှင့်သတင်းအချက်အလက်တွေမျှဝေဆောင်ရွက်တတ်ပြီး အမှားပြုလုပ်မိခြင်းမှတတ်နိုင်သမျှရှောင်ရှားကာ သင့်ရဲ့လုပ်ငန်းတာဝန်တွေကိုအဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုစေနိုင်ပါတယ်။