ဝါသနာ နောက်လိုက်ပြီး သင့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြုလုပ်သင့်ပါသလား?

29 September 2021

တခါတရံမှာ လူတွေက သင့်ကို သင့်ရဲ့ဝါသနာ အားသာချက်တွေကို ပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရွေးချယ်ဖို့ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ တခါတရံမှာ ကျွန်ုပ်တို့ဟာ မိမိအားနည်းတဲ့ ဝါသနာမျိုးကို ရွေးချယ်လိုက်တာလဲ ရှိကြပါတယ်။ ဒီလိုမလွယ်ကူတဲ့ ရွေးချယ်မှုတွေကြောင့် သင်ဟာ အခက်အခဲအမျိုးမျိုး တွေ့ကြုံရမှာတော့ မလွဲသေချာပါပဲ။ အလုပ်ငယ်တခုပြီးမြောက်ဖို့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေကြောင့် စိတ်ရှည်သည်းခံမှုတွေ ကွယ်ပျောက်ပြီး ကိုယ့်ကိုကိုယ့် အားမလိုအားမရမှုတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ သင်ဟာ အခက်အခဲတွေကို ကြိုးစားဖြတ်ကျော်နိုင်ခဲ့ရင် သင်ဟာ အနာဂတ်မှာ တခြားလူများထက် ပိုမိုထူးချွန်ပြီး အောင်မြင်မှုတွေကို ကြုံတွေ့ပါလိမ့်မယ်။

ဒါဆို ခက်ခဲတဲ့အရာတွေကိုတွေ့ကြုံလဲ မိမိကိုယ့်ကို ဆက်လက်ကြိုးစားအားထုတ်နိုင်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ? ဥပမာအားဖြင့် သင်ဟာ ကျောင်းနေအရွယ်ထဲက မိမိကိုယ့်ကို ပြင်ဆင်လာခဲ့ရင် သင်ဟာ အရင်ကတွေ့ကြုံခဲ့တဲ့ အချက်အလက်များကို ကြည့်ရှုပြီး ကိုယ့်ကိုကိုယ့် ပြင်ဆင် လို့ ရပါတယ်။ သင့်ရဲ့ ဝါသနာဟာ ရလဒ်ကောင်းတွေထွက်အောင် လေ့ကျင့်မှုနဲ့ ကြိုးစားအားထုတ်မှု အမြောက်အများ ပြုလုပ်ရပါသလား? သင့်ရဲ့ ဝါသနာဟာ တခြားသူတွေ အေးဆေးအနားယူချိန်တောင် သင်ဟာ ကြိုးစားအားထုတ်မှုတွေ ပြုလုပ်နေရပါသလား? ဒီအရာတွေဟာ သင့်ကို ပင်ပန်းစေပေမဲ့လဲ ရလဒ်တွေကြောင့် သင့်ကို ကျေနပ်အားရမှုတွေ ရရှိစေပါတယ်။ ဤအရာတွေဟာ သင့်ရဲ့ အောင်မြင်မှုကို ရရှိစေမဲ့ အဓိကအကြောင်းအရာတွေ ဖြစ်ပါတယ်။

————
ဝါသနာ နောက်လိုက်ပြီး သင့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြုလုပ်သင့်ပါသလား?