ကျွန်ုပ်တို့ကမ္ဘာဟာအရင်းရှင်အုပ်ချုပ်မှုကိုအခြေခံပြီးတည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒီစနစ်ကိုနားလည်ထားရပါမယ်။ အားကစားကစားနည်းတွေအတွက်ထားရှိတဲ့ စည်းမျဉ်းတွေကိုကျွန်ုပ်တို့သိထားဖို့လိုသလိုပဲ လူ့အဖွဲ့အစည်းရဲ့အခြေခံအကျဆုံးစည်းမျဉ်းတွေကိုသိရမှာလည်း သဘာဝပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အရင်းရှင်အုပ်ချုပ်ခြင်းမှာ မရှိမဖြစ်လိုအပ်တဲ့ Stock နဲ့ Limited Company အကြောင်းရှင်းပြထားပါတယ်။
ဒါဆိုရင်အောက်မှာပါတဲ့အကြောင်းအရာတွေကိုဆက်ကြည့်လိုက်ရအောင်နော်!!
[Stock ဆိုတာ]
In capitalism, we all place most importance on the stock price of a company.
Stock ဆိုတာဟာ ကုမ္ပဏီတစ်ခုရဲ့ပိုင်ဆိုင်မှုကိုဆိုလိုခြင်းဖြစ်ပါတယ်။ Stock တစ်ခုမှာ စတော့ရှယ်ယာဈေးနှုန်း လို့ခေါ်တဲ့ သူ့ရဲ့ကိုယ်ပိုင်တန်ဖိုးရှိပါတယ်။ ကုမ္ပဏီတစ်ခုရဲ့တန်ဖိုးကို ၎င်းမှထုတ်ပေးတဲ့ Stock စုစုပေါင်းရဲ့ ဈေးနှုန်းတွေပေါ်မူတည်ပြီးဆုံးဖြတ်ပါတယ်။ အရင်းရှင်စနစ်အရ ကျွန်ုပ်တို့အားလုံးဟာ ကုမ္ပဏီတစ်ခုရဲ့စတော့စျေးနှုန်းကိုအရေးအပါဆုံးအဖြစ်ထားကြရပါတယ်။
(ဥပမာ)- Company A
20,000 ထုတ်သည်။
စတော့ဈေး : 2.00 USD
Company A ၏စတော့ဈေး : 2.00 [USD]20,000 [stocks]40,000 [USD]
မောင်မောင်၌ Company A ၏ စတော့ရှယ်ယာအားလုံး၏ ၄၀% ရှိသည်။
မောင်မောင်၏ပိုင်ဆိုင်မှု: 40,000 [USD] × 40 [%] = 16,000 [USD]
[Limited Company ဆိုတာ]
Limited Company ဆိုတာက ကမ္ဘာပေါ်မှာ Popular အဖြစ်ဆုံးကုမ္ပဏီအမျိုးအစားဖြစ်ပါတယ်။ ဒီကုမ္ပဏီအမျိုးအစားဟာ ၎င်းရဲ့ စတော့ရှယ်ယာများလဲလှယ်မှုအတွက် ရင်းနှီးမြှုပ်နှံသူများထံမှအရင်းအနှီးရရှိပါတယ်။ ၎င်းဟာ အမြတ်အစွန်းများရရှိပြီး ရရှိတဲ့အမြတ်အစွန်းတွေကို ရင်းနှီးမြှုပ်နှံသူများထံပြန်ပေးပို့ရန်ရည်ရွယ်ပါတယ်။ များသောအားဖြင့်၎င်းသည် အမြတ်ရရှိမှုနဲ့ ရရှိလာသောအမြတ်တွေနဲ့ ၎င်းရဲ့ကိုယ်ပိုင်စတော့ရှယ်ယာဈေးနှုန်းများကိုတိုးမြှင့်ခြင်းကိုအဓိကထားလေ့ရှိပါတယ်။ အမြတ်အစွန်းပိုရလေ ၎င်းရဲ့ ကိုယ်ပိုင်စတော့ရှယ်ယာနှုန်းတိုးမြင့်လာလေဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ဝင်ငွေပိုမိုရရှိလာလေဖြစ်ပါတယ်။
(ဥပမာ) Company A, မောင်မောင်၌ Company A ရဲ့ စတော့ရှယ်ယာ 40% ရှိတယ်။
Fiscal Year တွင် Comany A သည် စုစုပေါင်းအမြတ်ငွေ 100,000 USD ရရှိခဲ့သည်။
-> မောင်မောင်သည်စုစုပေါင်းအမြတ်ငွေရဲ့ 40% ကိုရရှိမည်။
100000 [USD]40[%]40,000 [USD]
*အမြတ်ငွေ = ရောင်းအား – ကုန်ကျစရိတ် (အလုပ်သမားစရိတ်အပါအဝင်)
[Stockholders များရဲ့ အင်အား]
အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းသည် ကုမ္ပဏီတစ်ခုရဲ့အထွေထွေစတော့ရှယ်ယာရှင်များအစည်းအဝေးကိုဆိုလိုခြင်းဖြစ်ပါတယ်။ ၎င်းသည်ကုမ္ပဏီတစ်ခုလုံးရဲ့အစီအစဉ်များကိုဆုံးဖြတ်ပေးပြီး အစုရှယ်ယာရှင်များအားလုံးပါ၀င်ရပါမယ်။ Board Director အဖွဲ့သည် များသောအားဖြင့် ကုမ္ပဏီရဲ့မဟာဗျူဟာ၊ အစီအစဉ်နဲ့ လုပ်ငန်းလည်ပတ်မှုကိုဆုံးဖြတ်ပါတယ်။ အထွေထွေစတော့ရှယ်ယာပိုင်ရှင်များအစည်းအဝေးတွင် ဒါရိုက်တာများကိုရွေးပြီး အမြင့်ဆုံးနေရာတွင်ရှိသောသူဟာ ကိုယ်စားလှယ်ဒါရိုက်တာဖြစ်လာပါမယ်။ အချို့လူများက ကုမ္ပဏီတစ်ခုသည်၎င်း၏အလုပ်ရှင်(သို့မဟုတ်) ဝန်ထမ်းများနှင့်သက်ဆိုင်သည်ဟုထင်မြင်ကြပါတယ်။ သို့သော်စတော့ရှယ်ယာပိုင်ရှင်များဟာ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး ဒါရိုက်တာများ(သို့မဟုတ်) ၀န်ထမ်းများနှင့်အတူ အမြတ်အစွန်းများထုတ်လုပ်ခြင်းဖြစ်ပါတယ်။
[တာဝတ်ယူမှုကန့်သတ်ချက်များ]
အကြွေးကြောင့်ဒေဝါလီခံရလျှင်ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာရှင်များမည်သို့ဖြစ်သွားမလဲ? သူတို့ပြန်ဆပ်ဖို့လိုပါသလား ??
တကယ်တော့, Stockholders တွေရဲ့တာဝန်ဝတ္တရားတွေကိုကန့်သတ်ထားပါတယ်။ ဒါကြောင့်သူတို့က သူတို့ကိုယ်ပိုင်ကုမ္ပဏီအစားပြန်ဆပ်ရန်မလိုပါဘူး။ ဆိုလိုသည်မှာ၎င်းတို့မည်မျှရင်းနှီးမြှုပ်နှံသည်အထိသာ တာ၀န်ယူရန်လိုအပ်ပါတယ်။ ဒါကြောင့်သူတို့ကရင်းနှီးမြုပ်နှံထားပြီး ထပ်မံပေးဆောင်စရာမလိုပါဘူး။
Reference:
Stock Definition (investopedia.com)
Ltd. (Limited) Definition (investopedia.com)