Transitions in your life Vol. 1 Definition

19 October 2020

တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့ဆောင်းပါးတိုင်းတွင်ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့အထိ Career Design (အသက်မွေးဝမ်းကျောင်းဒီဇိုင်း) ရေးဆွဲခြင်းအကြောင်းကိုကျွန်ုပ်တို့ပြောဆိုခဲ့ပြီးပြီဖြစ်ပါတယ်။ သင့်ရဲ့တစ်ဦးတစ်ယောက်တည်းနဲ့ဆိုင်တဲ့ Issue အတွက် “Transitions” ဆိုတဲ့ သင်ဘဝအခြေအနေ အကူးအပြောင်းနဲ့ပတ်သက်တဲ့အကြောင်းကို ဒီနေ့ကပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။
 
အသွင်ကူးပြောင်းမှု (Transitions) သည် အငြိမ်းစားပါမောက္ခ Dr. Nancy Schlossberg ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ပတ်သက်တဲ့သီအိုရီတစ်ခုဖြစ်ပါတယ်။ သူမရဲ့အဆိုအရ လူ့ဘ၀ကို စဉ်ဆက်မပြတ်အသွင်ကူးပြောင်းမှုများဖြင့် စီမံရေးစပ်ထားခြင်းဖြစ်ပါတယ်။ ဒီသီအိုရီမှာတော့ အသွင်ကူးပြောင်းခြင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အကျိုးသက်ရောက်မှုရှိစေပြီးသင်ရဲ့ဘ၀ ကိုပြောင်းလဲစေသည့်အဖြစ်အပျက်များဟုဆိုကြပါတယ်။ အသွင်ကူးပြောင်းခြင်းကို ဖြစ်ရပ်နှင့် ဖြစ်ရပ်မဟုတ်သော ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဘွဲ့ရခြင်း၊ အလုပ်ရခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ကလေးမွေးဖွားခြင်း၊ အလုပ်အကိုင်ပြောင်းလဲခြင်း၊ ရာထူးတိုးခြင်းစတဲ့ဘဝအကူးအပြောင်းတွေကတော့ ဖြစ်ရပ်နဲ့ဆိုင်တဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ ဖြစ်ရပ်မဟုတ်တဲ့အခြေအနေဆိုတာကတော့ လူအများမျှော်လင့်မထားတဲ့ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဥပမာ- ဘွဲ့မရရှိနိုင်ပဲဘဝရဲ့ အစီအစဉ်တွေကို ဆက်လက်မလုပ်ဆောင်နိုင်ခြင်း၊ အလုပ်အကိုင်မရရှိသောကြောင့်စိတ်ကျေနပ်မှုမရှိနိုင်ခြင်း၊ မျှော်လင့်ထားသောရာထူးမရရှိခြင်း စသည်တို့ဖြစ်ပါတယ်။ ၎င်းအချက်တွေဟာ ပြီးခဲ့တဲ့ Content မှာ ဆွေးနွေးခဲ့တဲ့အတိုင်း သင့်ရဲ့ Career Design အပေါ် အပြုသဘောရောအပျက်သဘောပါ သက်ရောက်မှုမျိုးကိုပေးပါလိမ့်မယ်။ သို့သော်လည်း အပြုသဘော(သို့မဟုတ်)အပျက်သဘောလက္ခဏာတွေဟာ လူတစ်ဦးချင်းစီရဲ့ တူညီတဲ့ပြဿနာအပေါ်ခံစားရတဲ့ပုံစံပေါ်မူတည်ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို သင်ရင်ဆိုင်ရတဲ့အခါ အသွင်ကူးပြောင်းမှုကို ကျော်လွှားနိုင်ဖို့အားထုတ်ရပါမယ်။ အဲ့ဒီအချိန်မှာ သင့်တော်တဲ့ ဖြေရှင်းမှုပုံစံမျိုးနဲ့ အသက်မွေးဝမ်းကြောင်းကိုတိုးတက်စေမှာဖြစ်ပါတယ်။