ကျွန်ုပ်တို့ဟာ ယခုတလောမှာတော့ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တိုင်းမှာ ”Transition” အကြောင်းဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ ယနေ့ဖော်ပြပေးတဲ့ဆောင်းပါးကတော့ “Transition” စီးရီးရဲ့ တတိယဆောင်းပါးဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့အသွင်ကူးပြောင်းမှုရဲ့လုပ်ငန်းစဉ်အကြောင်း ပြောပြချင်ပါတယ်။ အဆိုပါဖြစ်စဉ်မှာတော့ ‘moving in’, ‘moving through’ နှင့် ‘moving out’ ဆိုပြီးအဆင့်ဆင့်ရှိပါတယ်။ အသွင်ကူးပြောင်းမှုနဲ့ ရင်ဆိုင်ရတဲ့အခါ “Moving out” အဆင့်ကို အောင်မြင်ပြီးဆုံးရန်အတွက် အချိန်တော်တော်ကြာကြာယူရပါတယ်။ သို့သော်လည်း အသွင်ကူးပြောင်းမှုအဆင့်တိုင်းကို ကျော်လွှားနိုင်ခဲ့မယ်ဆိုရင်တော့ သင့်အတွက်တောက်ပတဲ့ အနာဂတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
[အသွင်ကူးပြောင်းမှုဖြစ်စဉ်]
‘Moving In’ : အခြေအနေအသစ်တစ်ခုကိုစတင်ခြင်းအဆင့်။ ဥပမာ – အလုပ်အသစ်စတင်ခြင်း
‘Moving through’ : အခြေအနေတစ်ခုကိုရှာတွေ့သောအခါဖြစ်ပေါ်သောအဆင့်။
‘Moving out’ : အခြေအနေတစ်ခု (သို့မဟုတ်) အခြေအနေများမှ ထွက်ခွာခြင်းအဆင့်။ ဥပမာ – အလုပ်ထွက်ခြင်း
အသွင်ကူးအပြောင်းခြင်းလုပ်ငန်းစဉ်အတွင်း ‘Moving through’ အဆင့်ကိုရောက်သွားတဲ့အခါ ကွာဟမှုတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ အဲ့ဒီ့အချိန်မှာ သင်ဟာ အသွင်ကူးပြောင်းမှုကိုကျိန်းသေပေါက်ကျော်သွားစေရန် ရှထောင့် ၃ခုကနေရင်ဆိုင်ရတဲ့အကူးအပြောင်းကိုဖေါ်ထုတ်ရန်လိုအပ်ပါတယ်။
[သင့်ရဲ့အသွင်ကူးပြောင်းမှုကိုခွဲခြားသတ်မှတ်ပါ]
(1)သင်ရင်ဆိုင်ရသောအပြောင်းအလဲကိုသုံးသပ်ပါ
သင့်ရဲ့ Transition အကူးအပြောင်း ဘယ်လောက်လေးနက်ပါသလဲ? ဥပမာ – သင်၏ဘဝပုံစံကိုပြောင်းလဲရန်လိုအပ်ပါသလား။
Transition ကူးပြောင်းတဲ့အချိန်မှာ Timing ကိုက်ရဲ့လား? ဥပမာ – သင့် Life Cycle ရဲ့ ဘယ်အချိန်မှာ Transition ဖြစ်ပါသလဲ? အဲ့ဒီ့အတွက်ပြင်ဆင်ဖို့အချိန်ရှိပါသလား?
Transition အကူးအပြောင်းကိုသင်ဘယ်လိုကိုင်တွယ်နိုင်မလဲ? ဥပမာ -သင့်မှာတခြားရွေးစရာရှိလား? သင့်ရဲ့အကူးအပြောင်းအပေါ်သက်ရောက်မှုရှိပါသလား?
Transition အကူးအပြောင်းကာလဘယ်လောက်ကြာမလဲ? ဥပမာ အသွင်ကူးပြောင်းမှုကသင်ယာယီလား ဒါမှမဟုတ် ဆက်တိုက်ဖြစ်တာလား?
(2) သင့်မှာရှိသောကျွမ်းကျင်မှုနှင့်ဖြေရှင်းချက်
ဘယ်လိုစွမ်းရည်မျိုးကိုသုံးနိုင်မလဲ? ဥပမာ – သင့်ရဲ့စိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချမလဲ?
သင့်ရဲ့အတွေ့အကြုံတွေကို ဘယ်လိုအသုံးပြုမလဲ? ဥပမာ – သင်ဟာ အလားတူအကူးအပြောင်းကို ကြုံဖူးပါသလား?
(3)သင့်ပတ်ဝန်းကျင်မှ အထောက်အပံ့များ
ဆက်နွယ်မှု : သင့်မှာ မိတ်ဆွေ / သို့မဟုတ်မိသားစုကဲ့သို့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးနိုင်တဲ့သူတွေရှိပါသလား?
အရင်းအမြစ်များ : အသွင်ကူးပြောင်းမှုများကိုကျော်လွှားရန်သင့်မှာ ငွေကဲ့သို့ အရင်းအမြစ်အလုံအလောက်ရှိပါသလား?
လူမှုရေးအထောက်အပံ့ : သင့်အားအထောက်အပံ့ပေးနိုင်တဲ့ လူမှုရေးဆိုင်ရာပံ့ပိုးမှုနှင့်ကွန်ရက်များရှိပါသလား?