[Transitions in your life Vol. 4]
ကျွန်ုပ်တို့ဟာ ယခုတလောမှာတော့ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တိုင်းမှာ ”Transition” အကြောင်းဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ ယနေ့ဖော်ပြပေးတဲ့ဆောင်းပါးကတော့ “Transition” စီးရီးရဲ့ စတုတ္ထမြောက်ဆောင်းပါးဖြစ်ပါတယ်။
ကျွန်ုပ်တို့ ပြီးခဲ့တဲ့ တစ်ခေါက်ကပြောခဲ့သလို သင့်ရဲ့ အသွင်ကူးပြောင်းမှုကိုခွဲခြားသတ်မှတ်ပြီးတဲ့နောက်မှာတော့ အသွင်ကူးပြောင်းမှုကိုဘယ်လိုကျော်လွှားရမလဲဆိုတာကိုသင်နားလည်ဖို့လိုပါတယ်။ အသွင်ကူးပြောင်းမှုကို Deal လုပ်နိုင်မယ့် နည်းလမ်းတွေကတော့ 4Ss System မှ အရင်းမြစ်များကိုစစ်ဆေးရန်နှင့် ပြောင်းလဲမှုများကိုလက်ခံရန်ဖြစ်ပါတယ်။ အသွင်ကူးပြောင်းမှုများကိုကျော်လွှားရန်အတွက်စံနမူနာအဖြစ် 4Ss System ကို Nancy Schlossberg က ပြသခဲ့ပါတယ်။ ဒီနေ့မှာတော့ 4Ss System အကြောင်းကို အတိုချုပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
Nancy Schlossberg ရဲ့အဆိုအရ 4Ss စနစ်သည်အသွင်ကူးပြောင်းမှုအတွက်အရင်းအမြစ်များကိုစစ်ဆေးရန်လမ်းညွှန်ဖြစ်ပြီး ၎င်းသည်အသွင်ကူးပြောင်းမှုမှာ မရှိမဖြစ်လိုအပ်တဲ့အချက်များကိုနားလည်ရန် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ 4S ကို ‘Situation’, ‘Self’, ’Supports’ နဲ့ ‘Strategies’. ဤအချက်များသည်သင့်ရဲ့ ပြောင်းလဲမှု ကိုထိန်းချုပ်နိုင်ပါတယ်။
Situation : လက်ရှိအခြေအနေကိုသင့်လျော်စွာနားလည်ပါ။
Self : ဘယ်လိုခံစားရလဲ ယခု မှစပြီး သင်ဘာလုပ်ချင်ပါသလဲ
Supports : လူ့အဖွဲ့အစည်းနှင့်အခြားသူများထံမှအထောက်အပံ့
Strategies : သင်ဘာလုပ်သင့်သလဲ?
အသွင်ကူးပြောင်းမှုနှင့်ဆက်ဆံရာတွင်စွမ်းအားကိုမြှင့်တင်ရန်အောက်ပါအချက်များလိုအပ်ပါတယ်…
– အသွင်ကူးပြောင်းမှုကြောင့်အပြောင်းအလဲများကသင့်အပေါ်မည်မျှသက်ရောက်မှုရှိသည်ကိုနားလည်ခြင်း
– ဘဝအဆင့်တစ်ခုစီတွင်အပြောင်းအလဲမည်မျှလေးနက်သည်ကိုနားလည်ခြင်း
– သင်ရဲ့ပြောင်းလဲမှု၏သက်ရောက်မှုကိုထည့်သွင်းစဉ်းစားခြင်း
– သင့်ရဲ့ ကိုယ်ပိုင်စရိုက်နဲ့ခံစားချက်ကိုရောင်ပြန်ဟပ်တဲ့အခြေအနေကိုနားလည်ခြင်း