ကျွန်ုပ်တို့ဟာ ယခုတလောမှာတော့ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တိုင်းမှာ ”Transition” အကြောင်းဖော်ပြပေးနေခြင်းဖြစ်ပါတယ်။ ယနေ့ဖော်ပြပေးတဲ့ဆောင်းပါးကတော့ “Transition” စီးရီးရဲ့ ၅ခုမြောက်ဆောင်းပါးဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျွန်ုပ်တို့ဟာ အသွင်ကူးပြောင်းမှုကို ကျော်လွှားနိုင်ရန်အတွက် မဟာဗျူဟာများနဲ့ဖွဲ့စည်းထားတဲ့ “Situation”, “Self”, “Support” နဲ့ “Strategies” ဆိုတဲ့ 4Ss System ထဲမှ ပထမဆုံး ‘S’ ဖြစ်တဲ့ “Situation” အကြောင်းကို ပြောချင်ပါတယ်။
“Situation” မှာတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို သေချာနားလည်ဖို့လိုပါတယ်။ သင်ဟာ Transition အတွင်မှာ Negative အခြေအနေတွေထက် Positive ဖြစ်တဲ့ အခြေအနေတွေကို အသိအမှတ်ပြုပြီး အကောင်းဘက်ကမြင်ကြည့်တဲ့အခါ Transition (အသွင်ကူးပြောင်းမှု) ကို သင်အလွယ်တကူလက်ခံနိုင်မှာဖြစ်တဲ့အတွက် Transition ကို သင့်အနေနဲ ဘယ်လိုမြင်သလဲဆိုတာအရမ်းအရေးပါပါတယ်။ သင်ရဲ့ အသွင်ကူးပြောင်းမှုကို ဒီအဆင့်မှာ Positive အမြင်နဲ့မှတ်မိရန်သင်ကြိုးစားနိုင်ပြီး ကောင်းစွာနားလည်ဖို့အတွက် အောက်ပါအကြောင်းအရာများနဲ့ ဆက်စပ်ပြီးသင်စဉ်းစားနိုင်ပါတယ်။
(အသွင်ကူးပြောင်းမှုကို နက်ရှိုင်းစွာ ခွဲခြမ်းစိတ်ဖြာခြင်း)
ဖြစ်ရပ် (သို့) ဖြစ်ရပ်မဟုတ် ဆိုပြီး Category နှစ်ခုခွဲခြားပြီးနောက်မှာတော့ ဒီအချက်တွေပေါ်မူတည်ပြီးအသွင်ကူးပြောင်းမှုကို နက်နဲစွာခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
– အသွင်ကူးပြောင်းမှုဟာသင့်ဘဝအပေါ်ဘယ်လောက်သက်ရောက်မှုရှိသလဲ?
– သင့်ရဲ့ Lifestyle ပေါ်မူတည်ပြီး ဘယ်လို အသွင်ကူးပြောင်းမှုတွေဖြစ်သလဲ?
– အကူးအပြောင်းမှုတွေဟာ မျှော်လင့်ထားသလိုဖြစ်လာသလား?
– ပြောင်းလဲမှုတွေဟာအချိန်ကိုက်ဖြစ်သလား? ကောင်းလား ဆိုးလား?
– အသွင်ကူးပြောင်းမှုကိုထိန်းချုပ်နိုင်ပါသလား?
– တူညီတဲ့အသွင်ကူးပြောင်းမှုအတွေ့အကြုံမျိုးသင်ကြုံဖူးပါသလား? အဲ့လိုကြုံတွေ့ရတဲ့အခါရော သင်ကောင်းကောင်းဖြတ်ကျော်နိုင်ပြီလား?
– အသွင်ကူးပြောင်းမှုအပြင်အခြားစိန်ခေါ်မှုများ (သို့မဟုတ်) ပြဿနာများရှိပါသလား?
(1) အသွင်ကူးပြောင်းမှုတွေဟာသင့်ရဲ့ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့လဲဆိုတာ စဉ်းစားပါ.
အသွင်ကူးပြောင်းမှုမှတစ်ဆင့် သင်ရရှိသောအရာများနဲ့ဆုံးရှုံးခဲ့သောအရာအပြောင်းအလဲများမှ သင့်ရဲ့ အရည်အသွေးနဲ့ ပမာဏကို သင်နားလည်နိုင်ပါတယ်။
(2) သင့်ရဲ့အခြေအနေကိုစုစည်းပါ.
အသွင်ကူးပြောင်းမှုကိုကျော်လွှားရန်နဲ့ ပြောင်းလဲမှုတစ်ခုကိုသင်ရင်ဆိုင်ရတဲ့အခါ သင့်ရဲ့အခြေအနေကိုစုစည်းရန်အတွက် အကြံဥာဏ်များကို အောက်ပါအချက်များကို စဉ်းစားခြင်းဖြင့်သင်ရှာတွေ့နိုင်ပါတယ်။
– ဘယ်လိုအခြေအနေမျိုးသင်ကြုံတွေ့နေသလဲ?
– သင့်ရဲ့အတွင်းစိတ်ဘယ်လောက်ခိုင်မာသလဲ?
– တခြားသူတွေဆီကအကူအညီရသလား?
– “moving in”, “moving through” နဲ့ “moving out” ဘယ်အဆင့်မှာ သင်ရှိနေပါသလဲ?
သင့်ရဲ့လက်ရှိအခြေအနေကိုဘယ်လိုအသိအမှတ်ပြုလဲဆိုတာကို ဆက်စပ်ပြီးတော့ သင်ရဲ့သေသလက္ခဏာများကိုနားလည်ရန်လိုအပ်ပါတယ်။